close
Connect with us

Hi, what are you looking for?

သတင်း

လေကြောင်းတိုက်ခိုက်မှုကြောင့်ကျဆုံးခဲ့တဲ့ပြည်သူတွေအတွက် စစ်ကိုင်းတိုင်းမှာ ဝမ်းနည်းခြင်းအထိမ်းအမှတ်ပြုလုပ်

စစ်ကိုင်းတိုင်းအတွင်းကသပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့်ကျဆုံးခဲ့တဲ့ပြည်သူတွေအတွက်ဝမ်းနည်းခြင်းအထိမ်းအမှတ်တွေ ဒီကနေ့ (အောက်တိုဘာ ၉) မှာ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

အောက်တိုဘာ-၉၊၂၀၂၅။ သုည/People’s Spring

စစ်ကိုင်းတိုင်းအတွင်းကသပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့်ကျဆုံးခဲ့တဲ့ပြည်သူတွေအတွက်ဝမ်းနည်းခြင်းအထိမ်းအမှတ်တွေ ဒီကနေ့ (အောက်တိုဘာ ၉) မှာ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း၊ကလေးမြို့နယ်မှာ၊လူထုတိုက်ပွဲဦးဆောင်ကော်မတီက သီတင်းကျွတ်လပြည့်၊” တော်လှန်ဆီမီးထွန်းသပိတ်” လေကြောင်းတိုက်ခိုက်ခံရမှုမှာ ကျဆုံးခဲ့တဲ့ မုံရွာ-ချောင်းဦးမှ ဒေသခံပြည်သူတွေနဲ့ မြင့်မြတ်စွာအသက်ပေးလှူခဲ့တဲ့ မုံရွာ-အမြင့်လမ်းသပိတ်အဖွဲ့ဝင်တွေအတွက် ဖယောင်းတိုင်ထွန်း ဝမ်းနည်းခြင်းအထိမ်းအမှတ် ပြုလုပ်ခဲ့ပါတယ်။

ဘုတလင်မြို့နယ်မှာလည်း ကျောင်းသားများသမဂ္ဂ ( ဗကသများအဖွဲ့ချုပ် ) မှ စစ်ကောင်စီက ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ စစ်သုံးစစ်ကို အမြစ်ပြတ်တိုက်ဖျက်ကြဖို့ ပြည်သူလူထုကို လှုံ့ဆော်စည်းရုံးခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

သမဂ္ဂရဲဘော်တွေက ရွေးကောက်ပွဲဆန့်ကျင်ရေး ပန်းဖလက်တွေကိုလည်း ဘုတလင်လင်မြို့နယ်ရှိ ကျေးရွာတွေမှာ ဖြန့်ဝေခဲ့ကြပါတယ်။

ဘုတလင်မြို့နယ် ကျေးရွာတစ်ရွာမှာလည်း ဒေါင်းရာဇာပင်မသပိတ်ဦးဆောင်ပြီး “ ဖက်ဆစ်ရွေးကောက် ခွေးထွက်ပေါက် မဲမပေးနဲ့သပိတ်မှောက် ၊ သင့်မဲဖြင့် တရားဝင်လူသတ်ခွင့်မပေးနဲ့ ၊ လုံးဝအုပ်ချုပ်ခွင့်မရစေရ” ဟူသော စာသားတွေကိုင်ဆောင်ကာ ဆီမီးသပိတ်ပြုလုပ်ခဲ့တယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ညောင်ပင်သာအုပ်စု ဘုံတိုရွာမှာ သီတင်းကျွတ်မီးထွန်းပွဲ ကျင်းပရာနေရာကို စစ်ကောင်စီတပ်က ပါရာမော်တာတပ်နဲ့ ဗုံးကြဲချခဲ့ရာ အရပ်သားပြည်သူ ၂၈ဦးသေဆုံးပြီး ၄၀ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

ဓာတ်ပုံ – ရွာပေါင်းစုံသပိတ်၊ GSCB ၊ ကလေးမြို့နယ်သပိတ်

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊နွားထိုးကြီးမြို့အနီးကို စစ်ကောင်စီတပ်က နေ့စဉ်လေကြောင်းတိုက်ခိုက်နေပြီး ‌အောက်တိုဘာ ၈ရက်က လေကြောင်းတိုက်ခိုက်မှုမှာ ပြည်သူ၂ဦး သေဆုံးပြီး ကလေးငယ်တွေအပါအဝင် ၁၀ဦး ကျော် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဆီမီးသပိတ်မှာ ကျဆုံးခဲ့တဲ့ကျောင်းသားပြည်သူတွေအတွက် သပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (အောက်တိုဘာ ၇)မှာ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့ မြို့နယ်တွေကို ဗုံးကြဲတိုက်ခိုက်နေတဲ့ စစ်ကောင်စီက ဒီနေ့(အောက်တိုဘာ၆ရက်) နေ့လည်ပိုင်းမှာ မိုင်းလုံမြို့ကို ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တဦးအပါအ၀င်အရပ်သား ၁၀ဦး သေဆုံးခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ သပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (အောက်တိုဘာ ၂)မှာ အသီးသီး ပြုလုပ်ခဲ့ပါတယ်။