close
Connect with us

Hi, what are you looking for?

သတင်း

ရွေးကောက်ပွဲကျင်းပနိုင်ဖို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို PDF​တွေတိုက်ခိုက်

မန္တလေးတိုင်း၊ မြင်းခြံခရိုင် တောင်သာမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးအင်အားစုတွေက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သေဆုံးထိခိုက်ရှိတယ်လို့တောင်သာပြည်သူ့ကာကွယ်ရေးတပ်(TTA-PDF) သတင်းပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။

ဓါတ်ပုံ-​တောင်သာ PDF

အောက်တိုဘာ-၅၊ ၂၀၂၅။ ထားမြတ်/People’s Spring

မန္တလေးတိုင်း၊ မြင်းခြံခရိုင် တောင်သာမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးအင်အားစုတွေက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သေဆုံးထိခိုက်ရှိတယ်လို့တောင်သာပြည်သူ့ကာကွယ်ရေးတပ်(TTA-PDF) သတင်းပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။

စက်တင်ဘာ ဒုတိယပတ်က တောင်သာမြို့နယ် ရုံးစည်ကြီးရွာဘက်အင်အား၃၀၀ကျော်နဲ့စစ်ကြောင်းထိုးလာတဲ့တပ်ကို တော်လှန်ရေးအင်အားစုတွေက တိုက်ခိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကို တောင်သာ PDFကအောက်တိုဘာ ၅ရက်မှာ ထုတ်ပြန်ပါတယ်။

ရုံးစည်ကြီး နဲ့ပန်းအိုင်ကြား ဆင်ခြေရာဘုရားအနီး တိုက်ပွဲမှာ စစ်တပ်အထိနာခဲ့ပြီးအရာရှိအပါအဝင်သေဆုံးထိခိုက်သူတွေများပြားကြောင်း ဖော်ပြထားပါတယ်။ဒါ့အပြင်စစ်ကောင်စီတပ်စစ်ကြောင်းကိုတိုက်ခိုက်ရင်း PDF ရဲဘော်ချစ်ကို နဲ့ ရဲ​ဘော် ဝက်ကြီးတို့ကျဆုံးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်စစ်​ကြောင်းဟာ ရုံးစည်ကြီးရွာကိုဝင်ရောက်ပြီး ပြည်သူလူထုနေအိမ်တွေကိုဖျက်ဆီးတာ၊ ပစ္စည်းတွေယူငင်တာ၊ ပြည်သူအချို့ကိုသတ်
ဖြတ်တာ ၊အဓမ္မကျူးလွန်တာတွေကို ကျူးလွန်ခဲ့တယ်လို့ တောင်သာ PDFက ထုတ်ပြန်ထားပါတယ်။

တောင်သာမြု့နယ်အတွင်းတိုက်ပွဲမှာတောင်သာ PDF၊ Bravo Team(မိတ္ထီလာ)၊ဓနုတပ်ဖွဲ့ (DSNDA)၊ မြင်းခြံခရိုင် တပ်ရင်း(၃) တို့ ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ အသိပေးထားပါတယ်။

“ ရွေးကောက်ပွဲအတွက် တန်ပြန်ထိုးစစ်ဆင်တဲ့သဘောပါ” လို့ တောင်သာ PDF သတင်းပြန်ကြားရေး တာဝန်ရှိသူက စစ်ကောင်စီတပ် ဒေသတွင်း စစ်ကြောင်းထိုး လှုပ်ရှားလာမှုကို ပြောပါတယ်။

ဒါ့အပြင် တောင်သာမြို့နယ်ကို ဝင်လာတဲ့ စစ်ကောင်စီတပ်ဟာ လက်ရှိမှာ နထိုးကြီးမြို့နယ်ကို ထိုးစစ်ဆင်နေတယ်လို့ တောင်သာ PDF တာဝန်ရှိသူက ပြောပါတယ်။

“ တောင်သာကာနေ မလှိုင်ဘက် ပြန်တက်။ မလှိုင်ကနေ နှောကန်က တဆင့် နထိုးကို ထိုးနေတယ်။ အင်အားများတယ်။ မလှိုင်ကနေ ထိုးတာ ၃၀၀လောက်ရှိမယ်။ နထိုးကို ဘက်ပေါင်းစုံကနေထိုးနေတာ။ တောင်သာဘက်မှာတော့ စစ်ကြောင်း ငြိမ်နေတယ်” လို့ တောင်သာ PDF တာဝန်ရှိသူက ပြောပါတယ်။

စစ်ကောင်စီတပ်က အခုလို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတာကို တန်ပြန် တိုက်ခိုက်နိုင်ဖို့ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ ထောက်ပံ့မှုတွေ လိုအပ်နေတယ်လို့လည်း သူက အသိပေးပါတယ်။

ဆက်စပ်သတင်းများ