close
Connect with us

Hi, what are you looking for?

သတင်း

ရွေးကောက်ပွဲ ဆန့်ကျင်သူတွေအပါအဝင် စက်တင်ဘာမှာ ဖမ်းဆီးခံရတဲ့ပြည်သူ ၁၆၀ ကျော်ရှိ

ပြီးခဲ့တဲ့ စက်တင်ဘာမှာ စစ်ကောင်စီရဲ့ မတရားဖမ်းဆီးခံရတဲ့ ပြည်သူ ၁၆၀ကျော်ရှိပြီး ရွေးကောက်ပွဲအတွက် ဆန့်ကျင်သည့်ကိစ္စတွေကိုပါ စောင့်ကြည့်ဖမ်းဆီးမှုတွေရှိလာတယ်လို့ Rangon Scout Network -RSN တာဝန်ရှိသူက ပြောပါတယ်။

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာ တော်လှန်ပုန်ကန်ဒေါင်းတို့အားမာန်သပိတ်အဖွဲ့က အောက်တိုဘာ ၅ရက်ညပိုင်းမှာ ရွေးကောက်ပွဲဆန့်ကျင်ရေးဆီမီးသပိတ်ပြုလုပ်နေစဉ်။ ဓာတ်ပုံ - CJ

အောက်တိုဘာ-၆၊၂၀၂၅။ရောင်နီ/People’s Spring

ပြီးခဲ့တဲ့ စက်တင်ဘာမှာ စစ်ကောင်စီရဲ့ မတရားဖမ်းဆီးခံရတဲ့ ပြည်သူ ၁၆၀ကျော်ရှိပြီး ရွေးကောက်ပွဲအတွက် ဆန့်ကျင်သည့်ကိစ္စတွေကိုပါ စောင့်ကြည့်ဖမ်းဆီးမှုတွေရှိလာတယ်လို့ Rangon Scout Network -RSN တာဝန်ရှိသူက ပြောပါတယ်။

“ စစ်မှုထမ်းအတွက် ဖမ်းတာတွေကတော့ ပုံမှန်လုပ်နေကျအတိုင်းပဲ လမ်းပေါ်လိုက်ဆွဲတာတွေ၊ ဧည့်စစ်ပြီးခေါ်သွားတာတွေ၊ စာရင်းနဲ့လိုက်ခေါ် တာတွေ စတာတွေ လုပ်သွားပါတယ်။ ထပ်တိုးလာတာကတော့ ရွေးကောက်ပွဲဆန့်ကျင်တဲ့ကိစ္စကို စောင့်ကြည့်ပြီး ဖမ်းတာတွေပါ” လို့ ၎င်းက ပြောပါတယ်။

စက်တင်ဘာမှာ စစ်ကောင်စီရဲ့ မတရားဖမ်း‌ဆီးခံရသူ ၁၆၃ ဦးရှိပြီး ၁၀ဦးလွတ်မြောက်ကာ ၂၅ ဦးကို စစ်သင်တန်းကျောင်းနဲ့ အကျဉ်းထောင်တွေဆီ ပို့ဆောင်ခဲ့တယ်လို့ RSN ကထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

ကျန်တဲ့ ၁၂၈ ဦးကိုတော့ ဖမ်းဆီးခံရပြီးနောက်ဆက်တွဲ အခြေအနေတွေ မသိရဘူးလို့ ဆိုပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ သတင်းအတိအကျနဲ့ ဖမ်းဆီးခံရသူက ၂၃ ဦးပဲရှိပြီး လမ်းမပေါ်သွားလာစဉ် စစ်ဆေးတာ ၊ ပေါ်တာဆွဲတာ ၊ ဧည့်စာရင်းစစ်တာ ၊ လမ်းပေါ်ထိုင်နေတာ ၊ ဆိုင်ထိုင်နေတာ ၊ ဖုန်းစစ်ဆေးတာ စတဲ့အကြောင်းအရာ‌ တွေနဲ့ ဖမ်းဆီးခံရသူ ၁၃၃ ဦး နဲ့ ဖမ်းဆီးသည့်အကြောင်းအရာမသိပဲ အကျဉ်းထောင်ထဲကို ဖမ်းလာသူ ၇ ဦးရှိတယ်လို့ RSN က သတင်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အောက်တိုဘာလထဲမှာ ဖမ်းဆီးခံရသူတွေထဲက စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို နှောက်ယှက်‌ဆန့်ကျင်လို့ ဆိုပြီး ဖမ်းဆီးခံရသူ ၆ ဦးရှိတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားတယ်လို့ RSN ကဆိုပါတယ်။

“ မစ်ရှင်တွေ ပြီးပြီးချင်း အနီးအနားက လူငယ်တွေကို ရမ်းသမ်းလိုက်ဖမ်းသွားတာတွေလည်း ရှိပါတယ်ဗျ။” လို့ RSN တာဝန်ရှိသူက ပြောပါတယ်။

ဒါ့အပြင် စစ်ရေးလှုပ်ရှားမှူတွေမှာ ပါဝင်တယ်လို့ စွပ်စွဲပြီး ဖမ်းဆီးခံရသူက ၁၅ ဦးအထိရှိတယ်လို့ RSN ကထုတ်ပြန်ထားပါတယ်။

ဒီလထဲမှာ ဖမ်းဆီးခံရသူတွေကို ရန်ကုန်ရဲ့ မြို့နယ် ၂၄ ခုထဲကနေ ဖမ်းဆီးခဲ့တာဖြစ်ပြီး ကမာရွတ် နဲ့ စမ်းချောင်း မြို့နယ်တွေက ဖမ်းဆီးခံရမှု အများဆုံးဖြစ်ခဲ့ပါတယ်။

ဒီလထဲမှာ စစ်ကောင်စီက သီတင်းကျွတ်ပျော်ပွဲရွှင်ပွဲတွေကိုလည်း ရန်ကုန်မြို့နေရာတော်တော်များများမှာ ပြုလုပ်နေတာကြောင့် ပွဲဈေးသွားသူတွေအတွက် RSN တာဝန်ရှိသူက သတိပေးစကားဆိုပါတယ်။

“ စစ်မှုထမ်းအတွက် လူတွေ အမြဲလိုနေတော့ လူငယ်အများစု ရှိဖြစ်နေမယ့် ပွဲဈေးတွေကို ပစ်မှတ်ထားချောင်းပြီး လွတ်တာနဲ့ ဆွဲကြမှာမို့ သတိကြီးကြီးထားကြဖို့ မှာချင်ပါတယ်ဗျ။ လူပြတ်တဲ့နေရာတွေ၊ ၁ ယောက် စ၊ ၂ ယောက်စ သွားလာတာတွေ မလုပ်ဖို့ ပြောချင်ပါတယ်။” လို့ ပြောပါတယ်။

ဆက်စပ်သတင်းများ