အောက်တိုဘာ-၅၊၂၀၂၅။ သုည/People’s Spring
အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့ မြို့တော်ခန်းမရှေ့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး စစ်ကောင်စီရွေးကောက်ပွဲကို မဲမပေးဘဲ သပိတ်မှောက်ကြဖို့ လှုံ့ဆော်တဲ့ ဆန္ဒပြပွဲကို ဒီကနေ့ (အောက်တိုဘာ ၅)မှာ ပြုလုပ်ခဲ့ပါတယ်။
အဲဒီဆန္ဒပြပွဲကို Free Burma Action Committee-Northern California ဦးဆောင်ပြီး “ ဖက်ဆစ်ရွေးကောက် ခွေးထွက်ပေါက် မဲမပေးနဲ့သပိတ်မှောက် ဖိရင်ကြွကြ ထိရင်ချကြဟေ့” ခေါင်းစဉ်နဲ့ ပြုလုပ်ခဲ့ပါတယ်။
ဆန္ဒပြမြန်မာတွေက “ သင့်မဲဖြင့် တရားဝင်လူသတ်ခွင့်မပေးနဲ့” ၊ “ ဖက်ဆစ်ရွေးကောက် ခွေးထွက်ပေါက် မဲမပေးနဲ့သပိတ်မှောက်” ၊ “ Say No,Just Trap. Myanmar’s Shame Election Crap” စတဲ့ စာသားတွေ ကိုင်ဆောင်ပြီး စစ်ကောင်စီ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

Public Service Announcement




















































