close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန်ရဲ့ အဓိက ကာကွယ်ရေး ကန်ထရိုက် ကုမ္ပဏီ SpaceX ရှယ်ယာတွေကို တရုတ်ပိုင်ဆိုင်ထားဖွယ်ရှိ

ကမ္ဘာ့ အချမ်းသာဆုံး ပုဂ္ဂိုလ် ဘီလီယံနာ သူဌေးကြီး အီလွန်မတ်စ်ခ် ပိုင်ဆိုင်တဲ့ အာကာသ နည်းပညာ လုပ်ငန်းစုကြီး SpaceXဟာ တရုတ် ရင်းနှီးမြှုပ်နှံသူတွေဆီက ငွေကြေး လက်ခံယူပြီး ရှယ်ယာတွေ ရောင်းချထားဖွယ်ရှိကြောင်း အချက်အလက်တွေ ထွက်ပေါ်လာပါတယ်။

ဓာတ်ပုံ - Getty Images

ကမ္ဘာ့ အချမ်းသာဆုံး ပုဂ္ဂိုလ် ဘီလီယံနာ သူဌေးကြီး အီလွန်မတ်စ်ခ် ပိုင်ဆိုင်တဲ့ အာကာသ နည်းပညာ လုပ်ငန်းစုကြီး SpaceXဟာ တရုတ် ရင်းနှီးမြှုပ်နှံသူတွေဆီက ငွေကြေး လက်ခံယူပြီး ရှယ်ယာတွေ ရောင်းချထားဖွယ်ရှိကြောင်း အချက်အလက်တွေ ထွက်ပေါ်လာပါတယ်။

တရားရုံး ထွက်ဆိုချက်တွေ ပေါက်ကြားလာရာမှာတော့ SpaceXမှာ တရုတ် ရင်းနှီးမြှုပ်နှံမှုတွေ ဆက်စပ် ပါဝင်နေတယ်ဆိုတဲ့ အချက်ကို မှတ်တမ်းတင်ထားတာ တွေ့ခဲ့ရတာပါ။ ဒီအခြေအနေက အမေရိကန်ရဲ့ အမျိုးသား လုံခြုံရေး ကဏ္ဍအတွက် မေးခွန်းထုတ်စရာတွေကိုလည်း ပေါ်လာစေပါတယ်။ အကြောင်းကတော့ SpaceXဟာ အမေရိကန်ရဲ့ စစ်ရေးအရ အဓိကကျတဲ့ ကန်ထရိုက်တာ ကုမ္ပဏီတစ်ခု ဖြစ်နေတာကြောင့်ပါ။

အခုထွက်ဆိုချက်ကတော့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းရှင် တစ်ဦးဖြစ်တဲ့ အစ်ဘယ်လ်ဂျစ် ခါလွန်ဆီက ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ သူဟာ SpaceXရဲ့ ရှယ်ယာတွေကို ချမ်းသာကြွယ်ဝတဲ့ ဖောက်သည်တွေ ဝယ်ယူနိုင်အောင် ချိတ်ဆက်ပေးသူ တစ်ဦးပါ။ ပြီးခဲ့တဲ့ နှစ်မှာတော့ တရုတ် ရင်းနှီးမြှုပ်နှံသူတွေက SpaceX ရှယ်ယာတွေကို စုဆောင်းဝယ်ယူခဲ့ကြတယ် ဆိုတာကို ခါလွန်က အတည်ပြုထားပါတယ်။

ခါလွန်က တရုတ်ရှယ်ယာရှင် ဘယ်နှယောက်က ရှင်ယာ ပမာဏ ဘယ်လောက်များများ ဝယ်ယူထားသလဲ ဆိုတာကိုတော့ ထုတ်မပြောခဲ့ပါဘူး။ SpaceXဟာ ရှယ်ယာပိုင်ဆိုင်မှုတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို အမြဲတမ်းလိုလို လျှို့ဝှက်ထားခဲ့ပြီး ဒီအခြေအနေကြောင့်လည်း ကုမ္ပဏီထဲမှာ တရုတ်ရဲ့ သွယ်ဝိုက် ရင်းနှီးမြှုပ်နှံမှုတွေ ရှိနေနိုင်ကြောင်း ထင်ကြေးတွေ ထွက်ပေါ်နေပြီးသားပါ။ ဒါပေမဲ့ အခုတော့ အဲဒီထက် အများကြီးပိုပြီး တိုက်ရိုက်ကျတဲ့ တရုတ် ရင်းနှီးမှုတွေပါ ရှိနေနိုင်တယ်ဆိုတဲ့ အနေအထားမျိုး ဖြစ်လာပါတယ်။

Public Service Announcement

Public Service Announcement

SpaceXဟာ အမေရိကန်ရဲ့ ကာကွယ်ရေး ကဏ္ဍမှာ အရမ်း အရေးကြီးတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပြီး ကာကွယ်ရေး ဝန်ကြီးဌာနအတွက် ထောက်လှမ်းရေး ဂြိုဟ်တုတွေ တည်ဆောက်ပေးနေသလို အမေရိကန် အမျိုးသား အာကာသ အေဂျင်စီ (နာဆာ)အတွက်လည်း အာကာသယာဉ်တွေကို တာဝန်ယူ လွှတ်တင်ပေးနေပါတယ်။ အိမ်ဖြူတော်နဲ့ ကမ္ဘာအနှံ့မှာရှိတဲ့ အမေရိကန် သံရုံးတွေ အသုံးပြုနေတဲ့ Starlink အင်တာနက် ကွန်ရက်ဟာလည်း SpaceXရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတာပါ။

မတ်စ်ခ်ဟာ SpaceXရဲ့ ရှယ်ယာ ၄၂ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပြီး တန်ဖိုးအားဖြင့် ဒေါ်လာ ၁၆၈ ဘီလီယံလောက် ရှိပါတယ်။ အခုကိစ္စမှာတော့ တရုတ် ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေ၊ သက်ရောက်နိုင်စွမ်းတွေကို အမေရိကန် အစိုးရက အသေးစိတ် သိချင်လိမ့်မယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။

ခါလွန်ရဲ့ ထွက်ဆိုချက်တွေဟာ သူနဲ့ တခြား ရင်းနှီးမြှုပ်နှံသူ တစ်ဦးကို ဒယ်လာဝဲမြို့ တရားရုံးတစ်ခုက မေးမြန်းထားချိန်အတွင်း ထုတ်ပြောထားခဲ့တာတွေ ဖြစ်ပါတယ်။ တရားရုံး မှတ်တမ်းတွေအရ ခါလွန်ဟာ SpaceXရဲ့ ရှယ်ယာတွေကို တရုတ်၊ ရုရှား၊ ကာတာ၊ မလေးရှားတို့ အပါအဝင် ကမ္ဘာအနှံ့က ရှယ်ယာရှင်တွေ ဝယ်ယူနိုင်အောင် ကူညီပေးခဲ့တယ်လို့ သိရပါတယ်။ ၂၀၂၁ ခုနှစ်တုန်းကတော့ တရုတ်ရဲ့ ရှန်ဟိုင်းအခြေစိုက် ကုမ္ပဏီ တစ်ခုက SpaceXရှယ်ယာတွေကို ဒေါ်လာ သန်း ၅၀ ဖိုးလောက် ဝယ်ယူဖို့ ညှိနှိုင်းခဲ့ပြီး အပြန်အလှန် အနေနဲ့ ကုမ္ပဏီရဲ့ လုပ်ဆောင်ချက် အစီရင်ခံမှုတွေကို အသိပေးဖို့၊ ကုမ္ပဏီ အမှုဆောင် အစည်းအဝေးတွေမှာ တက်ရောက်ခွင့်ပြုဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ညှိနှိုင်းမှုကိစ္စ ပေါက်ကြားသွားတဲ့နောက် အရောင်းအဝယ် ပျက်သွားခဲ့ပါတယ်။

SpaceXကတော့ ကုမ္ပဏီထဲမှာ တရုတ်ရဲ့ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေအပေါ် ဘာမှတ်ချက်မှ မပေးဘဲ နှုတ်ဆိတ်နေပါတယ်။

ကိုးကား: Propublica

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ယူကရိန်းအတွက် တာဝေးပစ် ဒုံးကျည်တွေ ထောက်ပံ့မယ်ဆိုရင် နှစ်နိုင်ငံ ဆက်ဆံရေးကို ထိခိုက်သွားစေလိမ့်မယ်လို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က အမေရိကန်ကို ရည်ရွယ်ပြီး သတိပေး ပြောကြားသွားပါတယ်။

နိုင်ငံတကာ

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့က လေဆိပ်တစ်ခုမှာ Delta လေကြောင်းပိုင်း လေယာဉ်နှစ်စီး ပြေးလမ်းပေါ်မှာ တိုက်မိခဲ့ပြီး တစ်စီးက အတောင်ပံပါ ပြုတ်ထွက်သွားခဲ့ပါတယ်။

နိုင်ငံတကာ

တာဝေး ပစ်ခတ်နိုင်တဲ့ ဒုံးကျည်စနစ်တွေ တပ်ဆင်ဖို့ ဂျပန်ရဲ့ စစ်သင်္ဘော တစ်စီးကို အမေရိကန်ဆီ ပို့လွှတ်ထားလိုက်ကြောင်း သိရပါတယ်။

ဘာသာပြန်ဆောင်းပါး

အထက်လွှတ်တော်ထဲမှာ ဘတ်ဂျတ်ကိစ္စ ညှိကြတာ အဆင်မပြေတဲ့နောက် အောက်တိုဘာ ၁ ရက်နေ့ကစလို့ အမေရိကန် ဖက်ဒရယ် အစိုးရ ယန္တရားကို ရပ်ဆိုင်းပြီး shutdownချလိုက်ရ(အ​မေရီကန်အစိုးရလုပ်ငန်းများရပ်ဆိုင်းရ)ပါတယ်။ဒီဆုံးဖြတ်ချက်ဟာ နိုင်ငံကို စီမံအုပ်ချုပ်တဲ့ ကဏ္ဍမှာ အများကြီး အထိနာစေပြီးကျယ်ပြန့်တဲ့ ဂယက်ရိုက်ခတ်မှုတွေလည်း ရှိနိုင်ပါတယ်။