close
Connect with us

Hi, what are you looking for?

သတင်း

ရွာငံမြို့နယ်ကို စစ်ကောင်စီတပ်စစ်ကြောင်းထိုးပြီး နေအိမ်တွေမီးရှို့

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်ကို စစ်ကောင်စီတပ်စစ်ကြောင်းထိုးနေပြီး ပြည်သူတွေ ဖမ်းဆီးကာ နေအိမ်တွေလည်း မီးရှို့နေတယ်လို့ ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော်(DSNDA)တာဝန်ရှိသူက ပြောပါတယ်။

ရွာငံမြို့နယ်အတွင်း စစ်ကောင်စီတပ် မီးရှို့ဗုံးကြဲနေမှုကို တွေ့ရစဥ်။ ဓာတ်ပုံ - DSNDF

စက်တင်ဘာ-၂၆၊၂၀၂၅။ဇော်ဝင်း/People’s Spring

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်ကို စစ်ကောင်စီတပ်စစ်ကြောင်းထိုးနေပြီး ပြည်သူတွေ ဖမ်းဆီးကာ နေအိမ်တွေလည်း မီးရှို့နေတယ်လို့ ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော်(DSNDA)တာဝန်ရှိသူက ပြောပါတယ်။

စက်တင်ဘာ ဒုတိယပတ်က ရွာငံမြို့နယ်ရဲ့ အနောက်ဘက်ခြမ်း ကျောက်တောကျေးရွာကို အင်အား ၁၂၀ ဝန်းကျင်နဲ့ စစ်ကောင်စီတပ်က စစ် ကြောင်းထိုးဝင်ရောက်ခဲ့တာလို့ ဆိုပါတယ်။

ရွာငံမြို့နယ်အတွင်း စစ်ကောင်စီတပ် မီးရှို့ဗုံးကြဲနေမှုကို တွေ့ရစဥ်။ ဓာတ်ပုံ – DSNDF

လက်တလောမှာ နေအိမ် ၂၀ကျော်နဲ့ စပါးကျီ တွေ မီးရှို့ခံထားရကာ (၉).နှစ်အရွယ်ကလေး အပါအဝင် စစ်ရှောင်ပြည်သူ ခြောက်ဦးကို ဖမ်းဆီးသွားတယ်လို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

“ ဖမ်းခံရတဲ့ ပြည်သူတွေက ကျောက်တောရွာဖက်က ပါ။အမျိုးသမီးသုံးဦး၊အမျိုးသားသုံးဦးစစ်ရှောင်ရင်းဖမ်းခံရတာ။ဘယ်ကို ခေါ်သွားလဲမသိရသေးဘူး” လို့ DSNDA တာဝန်ရှိသူက ပြောပါတယ်။

စစ်​ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်မှာ မိတ္ထီလာအခြေစိုက် တပ်မ(၉၉)နဲ့ အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ်လက်အောက်ခံဘတပ်မ(၅၅) လက်အောက်ခံတပ်တွေ ပါတယ်လို့လည်း သူက ဆက်​ပြောပါတယ်။

စစ်ကြောင်းထိုးတာကြောင့် ကျောက်တောရွာ နဲ့ ညောင်ပင်သာရွာက ပြည်သူ ၆၀၀ ထက်မနည်းစစ်ရှောင်နေရပြီး စားနပ်ရိက္ခါ ပြတ်လပ်မှု အကြီးကျယ်ခံစားနေရတာကြောင့် ပြည်သူတွေ ဝိုင်းဝန်းကူညီပေးကြဖို့လည်း DSNDA က မေတ္တာရပ်ခံပါတယ်။

စစ်ကောင်စီတပ်က ရွာငံမြို့နယ်ကို သြဂုတ်လကစပြီး အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။အထူးသဖြင့် မိတ္ထီလာခရိုင်နဲ့ထိစပ်နေတဲ့ဘရွာငံမြို့နယ်ထဲက ရွာတွေကို ဦးတည်စစ်ကြောင်း ထိုးနေတာတွေ့ရတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။

“ ရွာငံမှာ စစ်ကောင်စီအင်အား ၅၀၀ ကျော်တယ်။ သတင်းအရဆို ရွာငံကို အင်အား တစ်ထောင်ထိ ဆင်းမယ်လို့ သိရတယ်။တရားမဝင်ရွေးကောက်ပွဲလုပ်နိုင်အောင် နယ်မြေရှင်းနေတာပေါ့” လို့ သူက ရှင်းပြပါတယ်။

သြဂုတ်လက မင်းပလောင်ရွာက စစ်ဘေးရှောင်ပြည်သူတွေ နေထိုင်တဲ့ တောထဲကို လက် နက်ကြီးတွေနဲ့ပစ်ခတ်တာ၊ စစ်ရှောင်တဲတွေကို မီးရှို့တာ ရှိခဲ့တယ်လို့ DSNDA က ဖော်ပြထားပါတယ်။

ညောင်ပင်သာရွာနဲ့ ကျောက်တောရွာတွေကိုလည်း ဩဂုတ်လ ၁၈ ရက် နေ့လယ်ပိုင်းက ဂျက်ဖိုက်တာ တစ်စီးရဟတ်ယဉ် နှစ်စီးသုံးပြီး ဗုံးတွေ ကြဲချခဲ့ပြီး နေအိမ်အလုံး ၃၀ကျော်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်မှာ စစ်ရှောင် စခန်းတခုပေါ် တောင်ပြိုကျလို့ ကလေးငယ်တွေအပါအဝင် စစ်ရှောင်ပြည်သူ ၁၀ဦးသေဆုံးခဲ့ရတယ်လို့ ဓနုပြည်နယ် အမျိုးသားကာကွယ်ရေးတပ်တော်(DSNDA)က ဒီကနေ့(စက်တင်ဘာ ၂၆ရက်) ထုတ်ပြန်ပါတယ်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းကျေးရွာအနီးတွင် တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံသတင်းရင်းမြစ်အချို့က ပြောသည်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ နောင်ချိုမြို့နယ်၊ တောင်းခမ်းကျေးရွာအနီးတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက အဆိပ်ဓာတ်ငွေ့ဗုံးများဖြင့် ကြဲတိုက်ခိုက်ခဲ့ကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA)က သတင်းထုတ်ပြန်သည်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်အား တိုက်ခိုက်ရာ သုံးဦးထက်မနည်း သေဆုံးပြီး သေနတ်နှစ်လက်နှင့် ခဲယမ်းများရရှိကြောင်း ကယန်းအမျိုးသားတပ်မတော်(KNA)က ယနေ့(ဧပြီ ၂၁ ရက်) ထုတ်ပြန်သည်။