close
Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီရွေးကောက်ပွဲမဲမပေးကြဖို့ မကွေးနဲ့စစ်ကိုင်းတိုင်းကပြည်သူတွေဆန္ဒပြ

မကွေးနဲ့စစ်ကိုင်းတိုင်းအတွင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲကို မဲမပေးဘဲ ဆန့်ကျင်ကြဖို့ လှုံ့ဆော်တဲ့ဆန္ဒပြလှုပ်ရှားမှုတွေဒီကနေ့ (စက်တင်ဘာ ၂၄)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

စက်တင်ဘာ-၂၄၊၂၀၂၅။ သုည/People’s Spring

မကွေးနဲ့စစ်ကိုင်းတိုင်းအတွင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲကို မဲမပေးဘဲ ဆန့်ကျင်ကြဖို့ လှုံ့ဆော်တဲ့ဆန္ဒပြလှုပ်ရှားမှုတွေဒီကနေ့ (စက်တင်ဘာ ၂၄)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

မကွေးတိုင်း ထီးလင်းမြို့နယ်မှာပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒေသခံပြည်သူတွေကို စစ်ကောင်စီရဲ့ အာဏာရှင်စနစ်နဲ့ ရွေးကောက်ပွဲကိုဆန့်ကျင်တော်လှန်ကြဖို့ တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာလည်း ခေတ်ဟောင်းချိုးဖျက်ဒို့မျိုးဆက်သပိတ်စစ်ကြောင်း၊ နောက်ပြန်မလှည့်ကြေးဒီတော်လှန်ရေးသပိတ်စစ်ကြောင်းတို့က “ စစ်ကောင်စီရွေးကောက်ပွဲအားလူထုအားနဲ့ဆန့်ကျင်ကြ” စာသားကိုင်ဆောင်ပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးသပိတ် ချီတက်ဆန္ဒပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဆားလင်းကြီးမြို့နယ်မှာလည်း တော်လှန်ပုန်ကန်ဒေါင်းတို့အားမာန် သပိတ်စစ်ကြောင်းဟာ “ တော်လှန်ရေးရဲ့အဆုံးအဖြတ်ဟာ လူထုမှတပါးအခြားမရှိ” စာသားနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းကို ပြုလုပ်ခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်းအတွင်း စစ်တပ်ကစစ်ကြောင်းတွေထိုးနေတဲ့ ကြားက စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသပိတ်တွေကို နေ့စဉ်ပြုလုပ်နေကြပါတယ်။

ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ဝက်လက်သပိတ်၊ ထီးလင်းမြို့နယ်လူထုသပိတ်

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ထီးလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နှစ်ဖွဲ့ကို တမြို့နယ်လုံးလွှမ်းခြုံတဲ့ ပကဖ အဖြစ်ဖွဲ့စည်းနိုင်ခဲ့တယ်လို့ ထီးလင်း(ပကဖ)က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းက ကြံသာကျေးရွာတိုက်ပွဲမှာ ရဲဘော်တဦးကျဆုံးခဲ့ရတယ်လို့ ချင်းပြည်ကာကွယ်ရေးတပ်-ကလေး-ကဘော်-ဂန့်ဂေါ (CDF-KKG)တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း၊ကြံသာကျေးရွာကနေ တော်လှန်ရေးတပ်တွေ ဆုတ်ခွာလိုက်ရတယ်လို့ ဒေသခံနဲ့ တပ်ရင်းတာဝန်ရှိသူတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်က သမင်ခြံကျေးရွာကို စစ်ကောင်စီတပ်က ယနေ့ (စက်တင်ဘာ၂၂ရက်) ည ၇နာရီခန့်မှာ ပါရာမော်တာ စက်တပ်လေထီးနဲ့ ဗုံးကြဲလို့ အရပ်သား ၄ဦး သေဆုံးသွားပါတယ်။