close
Connect with us

Hi, what are you looking for?

သတင်း

သံဖြူဇရပ်ရှိ စစ်တပ်ကင်းပုန်းကို တော်လှန်ရေးပူးပေါင်းတပ် တိုက်ခိုက်

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် နှစ်ကရင်လမ်းဆုံအနီးရှိ စစ်ကောင်စီကင်းပုန်းတပ်ဖွဲ့နှင့် ရေးမြို့နယ် မော့ကနင်ရွာအနီးရှိ ကွမ်ကျိုက်ဂိတ်စခန်းအား ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ထိခိုက်သေဆုံးရှိခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ်(MSRF)က ထုတ်ပြန်သည်။

မွန်ပြည်တော်လှန်ရေးတပ်(MSRF)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ − MSRF

စက်တင်ဘာ−၁၅၊ ၂၀၂၅။ထားမြတ်/People’s Spring

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် နှစ်ကရင်လမ်းဆုံအနီးရှိ စစ်ကောင်စီကင်းပုန်းတပ်ဖွဲ့နှင့် ရေးမြို့နယ် မော့ကနင်ရွာအနီးရှိ ကွမ်ကျိုက်ဂိတ်စခန်းအား ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ထိခိုက်သေဆုံးရှိခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ်(MSRF)က ထုတ်ပြန်သည်။

စက်တင်ဘာ ၁၃ရက်ညနေပိုင်းက နှစ်ကရင်လမ်းဆုံအနီး စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ သေဆုံးထိခိုက်ရှိနိုင်ပြီး အသေးစိတ် အခြေအနေများ စုံးစမ်းနေဆဲဖြစ်ဟု ဖော်ပြသည်။

တော်လှန်ရေးမဟာမိတ်တပ်ဖွဲဝင်များထိခိုက်မှုမရှိဘဲ အောင်မြင်စွာခွာစစ်ဆင်နိုင်ခဲ့ဟုလည်း အသိပေးသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် စက်တင်ဘာ ၇ရက်တွင်လည်း ရေးမြိုနယ် မော့ကနင်ကျေးရွာအနီးရှိ ရန်သူ့စစ်ကောင်စီ၏ ကွမ်ကျိုက်ဂိတ်စခန်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ဟု ဆိုသည်။

ဒေသတွင်း စစ်ရေးအခြေအနေများကို မေးမြန်းရန် MSRF ပြောရေး ဆိုခွင့်ရှိသူ မိတလဉာဏ်ထံသို့ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

စစ်ကောင်စီတပ်များကို မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ကာကွယ်ရေးဌာနမှ တပ်များဖြစ်သော မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ ရေးပြည်သူ့ကာကွယ်ရေးတပ် (YPDF) နှင့် တော်လှန်ရေးမဟာမိတ်တပ်ဖွဲများဖြစ်သော KNLA တပ်ရင်း(၂၇) တပ်ခွဲ (၁) ၊ ဗျူဟာ ၃၃ ဒေါနချေမှုန်းရေးတပ်ခွဲ- တပင်ရွှေထီးတပ် တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ဟု ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ လက်နက်ကိုင်အဖွဲ့တဖွဲ့က ဖမ်းဆီးထားတဲ့ ပြည်သူ့ရှေ့ဆောင် ပါတီ (PPP) ပြည်နယ်ဥက္ကဌနဲ့ ပါတီဝင်အချို့ ပြန်လွတ်လာတယ်လို့ သိရပါတယ်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက် ခမရ (၅၉၁)တပ်ရင်းမှ တပ်သားတဦး လက်နက်ခဲယမ်းတွေနဲ့ နည်းဗျူဟာ(၃၃)၊ ဒေါနစစ် ကြောင်း(၂)၊ ရေးပြောက်ကျားတပ်(YGF)ထံ အလင်းဝင်ရောက်လာတယ်လို့ YGF မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များကို တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ ဩဂုတ် ၁၉ရက်မှ ၂၅ရက်အတွင်း တိုက်ပွဲများ နေ့စဉ် နီးပါး ဖြစ်ခဲ့ဟု မွန်ပြည်တော်လှန်ရေးတပ်(MSRF)က သတင်းထုတ်ပြန်သည်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ် (၁) စစ်ဆင်ရေးနယ်မြေ၊ နည်းဗျူဟာ (၃၃)နှင့် မွန်ပြည်တော်လှန်ရေးတပ်(MSRF)တို့ ညီနောင်တပ်ဖွဲ့အဖြစ် ဖွဲ့စည်းလိုက်ကြောင်း ယနေ့ (ဩဂုတ် ၂၇ရက်)တွင် ကြေညာချက်ထုတ်ပြန်သည်။

Facebook