close
Connect with us

Hi, what are you looking for?

သတင်း

မိတ္ထီလာက လမ်းဘေးတွေမှာ ၃ ရက်အတွင်းအလောင်း ၂ လောင်းတွေ့

မန္တလေးတိုင်း၊ မိတ္ထီလာမြို့က လမ်းဘေးတွေမှာ ၃ ရက်အတွင်း ရုပ်အလောင်း ၂ လောင်းကိုတွေ့ရှိခဲ့ကြောင်း သတင်းရရှိပါတယ်။

လမ်းဘေးတွေ့သည့် အမျိုးသားရုပ်အလောင်းအား လူမှုကူညီရေးအသင်းက လာရောက်ကောက်ယူစဥ်။ ဓါတ်ပုံ-ဟိန္ဒူမျိုးဆက်သစ်

စက်တင်ဘာ-၁၅၊၂၀၂၅။ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ မိတ္ထီလာမြို့က လမ်းဘေးတွေမှာ ၃ ရက်အတွင်း ရုပ်အလောင်း ၂ လောင်းကိုတွေ့ရှိခဲ့ကြောင်း သတင်းရရှိပါတယ်။

စက်တင်ဘာ ၁၃ ရက်ညနေကမိတ္တီလာမြို့နယ်၊သီးကုန်းကျေးရွာအနီးမှာ အမျိုးသမီးရုပ်အလောင်းတစ်လောင်း တွေ့ရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

အလားတူစက်တင်ဘာ၁၅ ရက်မနက်ပိုင်းကလည်း မိတ္ထီလာမြို့၊ နန်းတော်ကုန်းကန်ဘောင်အနီးမှာ ထိုးသွင်းဒဏ်ရာတွေနဲ့ အမျိုးသားရုပ်အလောင်းတစ်လောင်းကို ထပ်မံတွေ့ရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ အမျိုးသားက အသက် ၃၀ အရွယ်လောက်ရှိတယ်။ထိုးသွင်းဒဏ်ရာတွေ့တယ်” လို့ လူမှုကူညီရေးအသင်းတွေနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

သေဆုံးသူတွေရဲ့ အသေးစိတ်အချက်အလက်တွေတော့ မသိရသေးပါဘူး။

မိတ္ထီလာမြို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက်နေ့ကလည်း လက်ဖက်ရည်ဆိုင်ဝန်ထမ်းချင်းစကားများရာက ဓားထိုးမှုဖြစ်ပွားပြီး အသက် ၁၇ နှစ်အရွယ် စားပွဲထိုးတဦး သေဆုံးခဲ့ပါသေးတယ်။

မိတ္ထီလာမြို့ဟာ အာဏာသိမ်းစစ်ကောင်စီတပ်တွေ အများအပြားရှိပေမယ့်လုယက်မှုတွေ၊ ခိုးယူမှုစတဲ့ ဒုစရိုက်မှုတွေ မကြာခဏ ဖြစ်ပွားနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းငလျင်ကြီးဒဏ်ကြောင့်လူရာဂဏန်းသေဆုံးခဲ့ရတဲ့ မန္တလေးမြို့ Sky Villa ကွန်ဒိုပြိုကျမှု ဖြစ်စဉ်မှာ ငလျင်အပြီးလေးလခွဲကျော်လာတဲ့တိုင်ရုပ်အလောင်းအချို့ကို ရှာတွေ့နေဆဲပါ။

သတင်း

မန္တလေးမြို့က Sky Villaမှာ ငလျင်လှုပ်ခတ်ပြီး ​လေးလခွဲကျော်ကြာတဲ့အထိ ပျောက်ဆုံးသူတွေရှာနေရဆဲဖြစ်ပြီး ဒီကနေ့ ရုပ်အလောင်းတစ်လောင်း ထပ်မံတွေ့ရှိပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာမြို့က သူနာပြုသင်တန်းကျောင်းမှာ ကျောင်းသူတစ်ဦး အိမ်သာထဲ မီးလောင်သေဆုံးနေကြောင်း သတင်းရရှိပါတယ်။

ဆောင်းပါး

စစ်ကောင်စီရုံးစိုက်ရာနေပြည်တော်နဲ့ မိုင်(၉၀) ဝန်းကျင်လောက်ပဲဝေးတဲ့မိတ္ထီလာမြို့ဟာစစ်ကောင်စီထောက်ခံသူတွေများလွန်းလို့အစိမ်းရောင်လွင်ပြင်လို့တောင် တင်စားခံရတဲ့ဒေသတခုပါ။ ဒါ့အပြင် မိတ္ထီလာမြို့ဟာ လေတပ်စခန်း ဌာနချုပ်၊ အမှတ် (၉၉) ခြေမြန်တပ်မဌာနချုပ် စတဲ့ စစ်တပ်စခန်းတွေရှိတာကြောင့် တပ်မြို့တော်လိုဖြစ်နေပြီး လုံခြုံရေးတင်းကျပ်တဲ့မြို့တမြို့ပါ။ အဲဒီလိုစစ်ကောင်စီလုံခြုံရေးတင်းကျပ်ထားတဲ့ မြို့တမြို့မှာ ပြည်သူတွေ တကယ်ကော လုံခြုံပါရဲ့လား။ ကျနော်တို့ ဆက်ကြည့်ကြရအောင်ပါ။

Facebook