close
Connect with us

Hi, what are you looking for?

သတင်း

မင်းကွန်းနယ်မြေမှာ စစ်ကောင်စီတပ်ကြပ်တစ်ဦးကို ယူနီကွန်းပြောက်ကျားတပ် ဖမ်းဆီး

စစ်ကိုင်းမြို့နယ်၊မင်းကွန်းနယ်မြေရဲစခန်းက စစ်ကောင်စီရဲ့ တပ်ကြပ်တစ်ဦးကို ဖမ်းမိတယ်လို့ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ -UGF တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

စစ်ကောင်စီရဲ့ တပ်ကြပ်တစ်ဦးကို ဖမ်းမိတယ်လို့ ယူနီကွန်း​ပြောက်ကျားတပ်ဖွဲ့ -UGFက ဖမ်းဆီးနေစဉ်။ ဓာတ်ပုံ − Screen Grab

သြဂုတ်-၂၅၊ ၂၀၂၅။ရဲခေါင် /People’s Spring

စစ်ကိုင်းမြို့နယ်၊မင်းကွန်းနယ်မြေရဲစခန်းက စစ်ကောင်စီရဲ့ တပ်ကြပ်တစ်ဦးကို ဖမ်းမိတယ်လို့ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ -UGF တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

တပ်မ(၃၃)လက်အောက်ခံ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းက တပ်ကြပ်ရဲလင်းနိုင်ဟာ ကွမ်းယာဝယ်ဖို့ထွက်လာတယ်ဆိုတဲ့ သတင်းအရ သြဂုတ် ၂၁ ရက်က ဖမ်းဆီးနိုင်ခဲ့တာလို့ ဆိုပါတယ်။

“တစ်မိုင်တောင်မဝေးပါဘူး”လို့ မင်းကွန်းရဲစခန်းအနီး တပ်ကြပ်ကို ဖမ်းဆီးနိုင်ခဲ့တာနဲ့ပတ်သက်ပြီးအထက်ပါတာဝန်ရှိသူက ရှင်းပြပါတယ်။

Public Service Announcement

Public Service Announcement

ဖမ်းမိထားတဲ့ တပ်ကြပ်ရဲလင်းနိုင်က စစ်ကိုင်းတိုင်းထဲမှာ ကျေးရွာတွေ စစ်ကြောင်းထိုးမီးရှို့ ၊လူသတ်ရာမှာ ပါဝင်ခဲ့သူလို့ ၎င်းက ဆက်ပြောပါတယ်။

ယူနီကွန်းက ထုတ်ပြန်ထားတဲ့ရုပ်သံဖိုင်ထဲမှာတော့ ဖမ်းမိခဲ့တဲ့ တပ်ကြပ်ရဲလင်းနိုင်က “ဘာမှမလုပ်ကြနဲ့နော် ကျွန်တော်ကလေးတွေနဲ့ မို့လို့ပါ။သေနတ်နဲ့မပစ်နဲ့နော် ဆရာတို့ကြိုက်သလိုပြီးမှလုပ်”လို့ အသနားခံ ပြောဆိုတာတွေ့ရပါတယ်။

တပ်ကြပ်ရဲလင်းနိုင်ကို ဆက်လက်စစ်ဆေးနေပြီး ထွက်ပေါ်လာတဲ့ ကျူးလွန်မှုတွေကနေ ထိရောက်တဲ့အရေးယူမှုတွေလုပ်သွားမယ်လို့ UGF က အသိပေးပါတယ်။

အဲဒါအပြင် တော်လှန်ရေးတပ်တွေကို လူမှုကွန်ယက်ကနေ ခြိမ်းခြောက်စိန်ခေါ်ထားတဲ့ အချက်အလက်ပါ ဖုန်းနှစ်လုံးကို တပ်ကြပ်ရဲလင်းနိုင်ဆီကနေ သိမ်းဆည်းရရှိထားတယ်လို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်က စစ်ကူနဲ့ လက်နက်ခဲယမ်း​တွေထပ်ပို့ပြီး စစ်ကိုင်းနယ်ကို ထပ်မံစစ်​ကြောင်းထိုး

သတင်း

စစ်ကိုင်းမြို့နယ် ၊ မင်းကွန်းမြောက်ဘက်ခြမ်းရှိ ချောင်းမကြီးကျေးရွာဘက်ဆီ စစ်ကောင်စီတပ် က စစ်ကြောင်းထိုးလာတဲ့အတွက် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ဒေသတော်လှန်ရေးအဖွဲ့တွေထံကနေသိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မင်းကွန်းတိုက်နယ်ရဲစခန်းကို စစ်ကောင်စီတပ်က ရေကြောင်းကနေ အင်အားရာနဲ့ချီဖြည့်တင်းခဲ့တယ်လို့ တော်လှန်ရေးတပ်တွေဆီက သိရပါတယ်။