close
Connect with us

Hi, what are you looking for?

သတင်း

ပုလောအခြေစိုက် ခလရ(၂၈၅)တပ်ရင်း ရိက္ခာလာပို့တဲ့စက်လှေ ပေါက်ကွဲမှုဖြစ်

တနသ်ာရီတိုင်း၊ ပုလောမြို့အခြေစိုက် စစ်ကောင်စီရဲ့ ခလရ (၂၈၅)တပ်ရင်းကို လက်နက်ခဲယမ်းတွေလာပို့တဲ့ စက်လှေဟာ ပေါက်ကွဲမှုဖြစ်ပြီး လှေပိုင်ရှင်အပါအဝင် စစ်ကောင်စီတပ်သားအချို့ ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက လူထုနွေဦးကို ပြောပါတယ်။

ပုလောမြို့အဝင်မှာတွေ့ရတဲ့ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်။ ဓာတ်ပုံ − CJ

သြဂုတ်−၂၅၊ ၂၀၂၅။ကျော်ဇော/People’s Spring

တနသ်ာရီတိုင်း၊ ပုလောမြို့အခြေစိုက် စစ်ကောင်စီရဲ့ ခလရ (၂၈၅)တပ်ရင်းကို လက်နက်ခဲယမ်းတွေလာပို့တဲ့ စက်လှေဟာ ပေါက်ကွဲမှုဖြစ်ပြီး လှေပိုင်ရှင်အပါအဝင် စစ်ကောင်စီတပ်သားအချို့ ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက လူထုနွေဦးကို ပြောပါတယ်။

သြဂုတ် ၂၃ ရက် ည ၁၁နာရီခန့်က မြိတ်မြို့မှတဆင့် ပုလောမြို့သို့ လက်နက်ခဲယမ်းတွေတင်ဆောင်လာတဲ့ စက်လှေတစီးဟာ ပုလောမြို့ဆိပ်ကောက်အရောက်မှာ ပစ္စည်းအတင်အချလုပ်စဥ် ပေါက်ကွဲမှုဖြစ်ပွားခဲ့တာလို့ အဲဒီသတင်းရင်းမြစ်တွေက ပြောပါတယ်။

“ဒရုန်းဗုံးသီးတွေလာပို့ရင်းနဲ့ မတော်တဆ ထပေါက်ကွဲတာလို့ သိရတယ်ဗျ။ လှေပါ မြုပ်သွားတယ်”လို့ ဒေသအခြေစိုက် တော်လှန်ရေးသတင်းရင်းမြစ်တဦးက လူထုနွေဦးကို ပြောပါတယ်။

Public Service Announcement

Public Service Announcement

ပုလောမြို့နယ်၊ ပလမြို့နယ်ခွဲဘက်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေကြား ပြီးခဲ့တဲ့ ဇူလိုင် ၂၄ ရက်ကစပြီး နှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားနေသလို စစ်ကောင်စီတပ်ဘက်က အထိနာလျှက်ရှိရာ တပ်ကူအင်အားနဲ့ လက်နက်ခဲယမ်းထောက်ပို့တာတွေကို ရေကြောင်းခရီးကိုသာ အဓိကအားထားနေရတာလည်း ဖြစ်ပါတယ်။

“သေကြတာများတယ်တဲ့။ ခွေးကြီးတွေရော လှေရှင်ရော လှေသားတွေပါ ခွေးတွေလည်းအများကြီးသေတယ်ပြောတယ်”လို့ ဖြစ်စဥ်နဲ့ပတ်သက်ပြီး ပုလောဒေသခံတဦးက ပြောပါတယ်။

စက်လှေပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်သားတွေ ထိခိုက်ဒဏ်ရာရသူတွေများတာကြောင့် တချို့ကို မြိတ်မြို့ပေါ်သို့ ပို့ဆောင်ဆေးကုသရတာတွေလည်းရှိနေတယ်လို့ ဒေသခံတွေကပြောဆိုကြပြီး စစ်ကောင်စီတပ်သားထိခိုက်သေဆုံးတဲ့အရေအတွက်ကိုတော့ လူထုနွေဦးက စုံစမ်းနေဆဲဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပုလောမြို့နယ်၊ဇရပ်ဆိပ်ရွာကို စစ်ကောင်စီတပ်ရဲ့ ဒရုန်းဗုံးကြဲမှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ထိခိုက်သေဆုံးသွားတဲ့ ခရီးသွားပြည်သူတွေရဲ့ ကျန်ရစ်တဲ့ပစ္စည်းတွေကို ကောင်းမွန်စွာထိန်းသိမ်းထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ၊ မြိတ်ခရိုင် အမှတ်(၁)တပ်ရင်းက ဒီကနေ့ ဇူလိုင် ၃၁ ရက်မှာထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်ရှိ ဇရပ်ဆိပ်ရွာနှင့် လက်ပံပြင်ကျေးရွာကို စစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်ခဲ့ရာပြည်သူအစုလိုက်၊အပြုံ လိုက်သေဆုံးခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင်က ယနေ့(ဇူလိုင်၃၀ရက်) သတင်းထုတ်ပြန်သည်။

သတင်း

တနင်္သာရီတိုင်း၊ပုလောမြို့နယ်တွင်စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်အကြား တိုက်ပွဲဆက်လက်ဖြစ်ပွားလျက်ရှိပြီး လေကြောင်းတိုက်ခိုက်မှုများကြောင့် ပြည်သူထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း ဒေသတော်လှန်ရေးတပ်ဖွဲ့ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

သတင်း

သုံးရက်အတွင်း စစ်ကောင်စီပစ်ခတ်တိုက်ခိုက်မှုများကြောင့် ပုလောဒေသ၌ ပြည်သူ ၂၀ဦးကျော် သေဆုံး