သြဂုတ် – ၂၄ ၊၂၀၂၅ ၊ ဆိုင်းမင်း/People’s Spring
မန္တလေးတိုင်း မြင်းခြံခရိုင်၊ နွားထိုးကြီးနယ် အနောက်ခြမ်းကို စစ်တပ် စစ်ကြောင်းထိုးနေတဲ့အတွက် ဒေသခံ ၄,၀၀၀ဝန်းကျင် ဘေးလွတ်ရာဆီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
အင်အား ၃၀၀ ခန့်ရှိတဲ့ စစ်တပ်စစ်ကြောင်းက ဩဂုတ်လ ၁၆ရက်က စတင်ပြီး စစ်ကြောင်းထိုးတာကြောင့် တစ်ပတ်တာအတွင်း ကျေးရွာ ၁၀ရွာက ပြည်သူ ၄,၀၀၀ ခန့် ထွက်ပြေးနေရတာပါ။
စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်နဲ့ထိတွေ့ တိုက်ပွဲတွေလည်းဖြစ်နေပြီး “လေကြောင်းကနေလည်း တရစပ်ပစ်ကူတာတွေရှိပါတယ် ” လို့ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့က ပြောပါတယ်။

Public Service Announcement
စစ်ကောင်စီတပ်ဟာ မာန်လည်ကျေးရွာကို မီးတင်ရှို့ပြီးနောက် မနေ့ ဩဂုတ် ၂၃ရက်မှာ တော့ ကန်လျားရှည်ကျေးရွာက်ို ရောက်ရှိပြီး တပ်စွဲထားတယ်လို့ သိရပါတယ်။
အိမ်ခြေ ၁,၅၀၀ကျော်ရှိတဲ့ မာန်လည်ရွာက အိမ်ခြေ သုံးပုံတစ်ပုံခန့်မီးလောင်သွားပါတယ်။
စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းကြောင့် နွားထိုးကြီးမြို့နယ်အတွင်းက မာန်လည်၊ တစိုး၊ လက်ဝဲ-မြင်းနီ၊ ကွမ်းအုံ၊ နဘဲတောင်၊ မ်ိုးတိမ်ပြင်၊အင်ချောင်း၊ ဥသျှစ်ကုန်း၊ စိန်ပန်းကျင်း၊ကန်လျားရှည်ကျေးစတဲ့ ကျေးရွာ ၁၀ရွာကပြည်သူတွေထွက်ပြေးတိမ်းရှောင်နေတာဖြစ်ပါတယ်။
အဲဒီကျေးရွာတွေဟာ နွားထိုးကြီးမြို့ပေါ်ကနေ ၁၀မိုင်ခန့်သာ ကွာဝေးပါတယ်။
အခုလဆန်းပိုင်းကစတင်ပြီး မြင်းခြံမြို့ရဲ့အရှေ့ခြမ်းကကျေးရွာတွေဆီလည်း စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးတာကြောင့် ကျေးရွာ ၁၅ရွာခန့်က ပြည်သူ ၈,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။
ဧရာဝတီမြစ်အရှေ့ခြမ်းမှာ ရှိတဲ့ မြင်းခြံ ဟာ တောင်သာ ၊နွားထိုးကြီးမြို့နယ်တွေနဲ့ ထိစပ်နေပြီး အာဏာသိမ်းစစ်ကောင်စီကို လက်နက်စွဲကိုင်တော်လှန်မှု အားကောင်းရာဒေသတွေ ဖြစ်ပါတယ်။












































