■တော်လှန်ရေးတပ်တွေကစစ်သုံ့ပန်းအချို့ကိုဖမ်းဆီးထားပြီး ၊သေဆုံးစစ်သားနှင့်ပျူအလောင်းများအပုပ်နံ့ထွက်နေရဲဘော်အချို့ပြော
■စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့်ပြည်သူ ၃ ဦးသေဆုံး
ဇွန်၉၊၂၀၂၅၊မေ/People Spring
စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်၊ကန့်ဒေါင့်ရွာနယ်မြေရဲစခန်းသိမ်းတိုက်ပွဲ ၈ ရက်မြောက်နေ့တိုက်ပွဲဆက်လက်ပြင်းထန် နေပြီး စစ်သား နဲ့ ပျူအချိုကို စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးထားပြီး တိုက်ပွဲမှာသေတဲ့ စစ်ကောင်စီတပ်ဖွဲ့တချို့ရဲ့ရုပ်အလောင်းတွေက အပုပ်နံ့တွေထွက်နေပြီလို့ တော်လှန်ရေး တပ်တွေဆီကသိရပါတယ်။

Public Service Announcement
ကန့်ဒေါင့်ရွာနယ်နယ်မြေရဲစခန်းဟာပုလဲ- ဂန့်ဂေါလမ်းမှာရှိပြီးအရေးပါတဲ့ရဲစခန်းတခုဖြစ်ပါတယ်။
ပုလဲမြို့နယ်က နာမည်ကြီး အင်မထီးပျူစောထီးရွာ နဲ့ ဇီးဖြူကုန်းရွာတို့နဲ့လည်း ၄မိုင်ပတ်လည်လောက်သာ ဝေးပြီး အဲဒီပျူရွာတွေကို ထောက်ပံ့ပေးထားတဲ့ရဲစခန်းဖြစ်တယ်လို့သိရပါတယ်။
ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ဦး ဆောင်ပြီးတော့တော်လှန်ရေးတပ်တွေကပူးပေါင်းပြီး စစ်သား၊ ရဲ နဲ့ ပျူတွေ စခန်းထိုင်ထားတဲ့ကန့်ဒေါင့်ရွာနယ်မြေရဲစခန်းကို ဇွန်လ၂ရက် နေ့က တိုက်ခိုက် နေတာလို့သိရပါတယ်။
စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ကအရာရှိအချို့ကို ဖမ်းမိထားကြောင်း သတင်းရရှိပေမယ့် ကာကွယ်ရေးတပ်ဖွဲ့တွေက အတည်ပြုချက်မပေးသေးပါဘူး။ ဒါပေမယ့် အင်မထီးရွာကနေ စစ်ကူလာတဲ့ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှုမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေသေဆုံးခဲ့သလို အရှင် ၅ ဦးမိထားတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေက အတည်ပြုချက်ပေးပါတယ်။

“အလောင်းတွေတောင်ပြန်ဆွဲမသွားနိုင်ဘူး။ လမ်းပေါ်မှာအတိုင်းရှိနေသေးတယ်။ လေကြောင်းကနေလည်းတောက်လျှောက်ပစ်နေတယ်”ဟု ဖြတ်တောက်တားဆီးရေးတာဝန်ယူထားတဲ့ ကာကွယ်ရေးတပ်ဖွဲ့မှရဲဘော်တစ်ဦးကပြောပါတယ်။
ကမ်းဒေါင့်စခန်းကို ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်နေဆဲဖြစ်ပြီး စခန်းထဲမှာ သေဆုံးနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဆီကအပုပ်နံ့တွေထွက်ပေါ်နေပြီလို့ သိရပါတယ်။
တိုက်ပွဲကာလအတွင်းမှာ စစ်ကောင်စီက ရဟတ်ယာဉ်နဲ့ ၇ ကြိမ်လေကြောင်းကနေ စစ်ကူပို့ထားတယ်လို့ သိရပါတယ်။
“ဒီနေ့ (ဇွန်၉ )အထိဆက်တိုက်နေကြတုန်းပါ။လေယာဉ်ကအရင်ရက် တွေကလို ဆက်တိုက် တော့မလာ တော့ဘူး။Y12နဲ့ ဂျက်ဖိုက်တာမနေ့ကတလှည့်စီ လာပစ်တာ တော့ရှိတယ်”လို့ တော်လှန်ရေး တပ်ဖွဲ့ဝင်တဦးကပြောပါတယ်။
တိုက်ပွဲစဖြစ်တဲ့ နေ့ကစပြီး ကန့်ဒေါင့်ကျေးရွာပတ်လည်နဲ့ ကန့်ဒေါင့် နဲ့ အင်မထီးပျူ စောထီးရွာကြားထဲကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု တွေဆက်တိုက်ပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။
ဇွန်လ၆ရက်နေ့ကတိုက်ပွဲနဲ့ဝေးတဲ့ မင်းတိုင်ပင်ရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာမို့ အမျိုးသား၁ ဦး သေဆုံးခဲ့ပါတယ်။ဒါအပြင်ဇွန်လ၇ ရက်နေ့ ညပိုင်းကလေ ကြောင်းတိုက်ခိုက်မှုမှာလည်း ကြက်ရင်းရွာက အသက်၆၅နှစ်အရွယ် အမျိုးသမီး၁ ဦး နဲ့ ပိတောက်ကုန်း ကျေးရွာက ၆၀ကျော်အရွယ် အမျိုးသမီး၁ဦး စုစု ပေါင်း ၃ဦး သေဆုံးထားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခဲတချို့ကပြောပါတယ်။
