close
Connect with us

Hi, what are you looking for?

သတင်း

ဝေါ်လေဒေသမှာ အရေးပါတဲ့ ဥကရစ်ထ စခန်းရဲ့ ဝါးမီထ ကာကင်းကို KNU သိမ်းယူ

ထိုင်းနယ်စပ်အနီး ကရင်ပြည်နယ် ၊ မြဝတီခရိုင် ၊ မြဝတီ – ဝေါ်လေ ကားလမ်းပေါ်က ရွှေအေးမြိုင်တပ်စခန်း (ဝါးမီထ ) ကို KNU နဲ့ ပူးပေါင်းတပ်က ဒီနေ့ (မေလ ၂၉ ) မနက်ပိုင်းမှာ သိမ်းယူလိုက်တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်ထံကသိရပါတယ်။

ဝါးမီထ တပ်စခန်းတည်နေရာ အနီးက တပ်စခန်းကို တွေ့ရပုံ ဓာတ်ပုံ - Google Earth

မေ – ၂၉ ၊၂၀၂၅ ၊ နိုင်ပကောင်း/People’s Spring

ထိုင်းနယ်စပ်အနီး ကရင်ပြည်နယ် ၊ မြဝတီခရိုင်၊ မြဝတီ – ဝေါ်လေ ကားလမ်းပေါ်က ရွှေအေးမြိုင်တပ်စခန်း (ဝါးမီထ ) ကို KNU နဲ့ ပူးပေါင်းတပ်က ဒီနေ့ (မေလ ၂၉ ) မနက်ပိုင်းမှာ သိမ်းယူလိုက်တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်ထံကသိရပါတယ်။

ဝါးမီထ တပ်စခန်းတည်နေရာ အနီးက တပ်စခန်းကို တွေ့ရပုံ ဓာတ်ပုံ – Google Earth

အဲဒီတပ်စခန်းဟာ မြဝတီ – ဝေါ်လေ ကားလမ်းပေါ် ဆုံဆည်းမြိုင်နဲ့ ဥကရစ်ထရွာကြားမှာ တည်ရှိပြီး ဥကရစ်ထ စခန်း ရဲ့ ကာကင်းစခန်းတစ်ခုဖြစ်တယ်လို့ သတင်းရင်းမြစ်ကပြောပါတယ်။

ဝေါ်လေ ဒေသတွင်းမှာ စစ်ဗျုဟာအရ အရေးပါတဲ့ ဥကရစ်ထ စခန်းကို KNU ဦးစီးတဲ့ ပူးပေါင်းတပ်က ၂၀၂၂ ခုနှစ်အတွင်းမှာ အပြင်းအထန် တိုက်ခိုက်ခဲ့ပေမယ် စခန်းမသိမ်းနိုင်ခဲ့ပါဘူး။

Public Service Announcement

Public Service Announcement

ဥကရစ်ထ စခန်း တိုက်ပွဲနဲ့ပတ်သက်ပြီး စစ်ကောင်စီ က ဝါဒဖြန့် ရုပ်ရှင်ရိုက်ကူးထုတ်လွှင့်ခဲ့ဖူးပါတယ်။

ဒီမနက်မှာတော့ ဥကရစ်ထ စခန်း ရဲ့ ကာကင်းကို KNU က သိမ်းလိုက်ပြီး စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထွက်ပြေးသွားကြတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။

မြဝတီမြို့တောင်ဘက် ၊ ဒေါနတောင်တန်းအရှေခြမ်း ဝေါ်လေ ဒေသ က နယ်စပ်မျဉ်းတလျောက်မှာ တပ်စွဲထားတဲ့ ဝေါ်လေ ၊ ကနဲလေး၊ ဘလက်ဒို ၊မော်ခီး နဲ့ သေဘောဘိုး တပ်စခန်းတွေ ကို သိမ်းယူဖို့ KNU က မေလ တတိယပတ်ကစတင်ပြီးတိုက်ခိုက်နေတာဖြစ်ပြီး ဘလက်ဒို ၊ ကနဲလေး နဲ့ ဝါးမီထ တို့ကို ရရှိသွားပြီဖြစ်ပါတယ်။

ဒါပေမယ့် KNU တပ်မဟာ (၆) စစ်ရေးလှုပ်ရှားရာနယ်မြေ မြဝတီမြို့ တောင်ဘက်ခြမ်း ၊ဝေါ်လေဒေသမှာ စစ်ကောင်စီတပ်ရဲ့ အရေးပါတဲ့ တပ်စခန်းတွေအနေနဲ့ ဝေါ်လေဗျုဟာ ၊သေဘောဘိုး ၊ ဥကရစ်ထ၊ မော်ခီး တပ်စခန်းတွေ ကျန်ရှိနေပါတယ်။

လက်ရှိတိုက်ပွဲတွေဖြစ်နေတဲ့ ဝေါ်လေမြို့ဟာ စုကလိ ၊ ဝေါ်လေ ၊ မြဝတီ သုံးမြို့ပေါင်းပြီး ဖွဲ့စည်းထားတဲ့ မြဝတီခရိုင်ထဲမှာပါရှိပါတယ်။

စုကလိမြို့အခြေစိုက် စုကလိ စစ်ဆင်ရေးခြေကုတ်စခန်းကိုတော့ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇွန်လအတွင်း KNU နဲ့ ပူးပေါင်းတပ်က သိမ်းယူထားပြီးဖြစ်ပါတယ်။

KNU ရဲ့ အုပ်ချုပ်ရေးနဲ့ စစ်ရေးနယ်မြေသတ်မှတ်ပုံအရ ဝေါ်လေမြို့ ၊ စုကလိမြို့နဲ့ မြဝတီမြို့​တို့ဟာ ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ်ထဲမှာပါပြီး တပ်မဟာ (၆) စစ်ရေးလှုပ်ရှားရာဂွင်ဖြစ်ပါတယ်။

KNU ဟာ ထိုင်း – မြန်မာ နယ်စပ်တလျှာက်မှာရှိတဲ့ တပ်မဟာ (၇) စစ်ရေးလှုပ်ရှားရာ နယ်မြေထဲက စစ်ကောင်စီတပ်စခန်းအားလုံးနီးပါးကိုတိုက် ခိုက် သိမ်းယူပြီးနောက် တပ်မဟာ ( ၆) ဘက်က နယ်စပ်စခန်းတွေကို ဆက်လက်တိုက်ခိုက်လာတာတွေ့ရပါတယ်။

စစ်ကောင်စီတပ်ဘက်ကတော့ ထိုင်းနယ်စပ်တလျှောက်မှာ တပ်စွဲထားတဲ့ တပ်စခန်းတွေ တိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်တာမရှိပါဘူး။

မြန်မာဘက်က တိုက်ပွဲတွေကြောင့် ထိုင်းစစ်တပ်ကလည်းနယ်စပ်တလျောက် တပ်ဖြန့်ထားပြီး အခြေအနေကို အနီးကပ်စောင့်ကြည့်နေရတယ်လို့ ထိုင်းမီဒီယာတွေက ဖော်ပြထားကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆)နယ်မြေ၊ မြဝတီမြို့နယ်ရှိ စစ်ကောင်စီ၏ နယ်စပ်တပ်စခန်းတစ်ခုဖြစ်သော ဘုရင့်နောင်တပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ယနေ့(မေလ ၃၀ရက်)နံနက်တွင် သိမ်းပိုက်နိုင်ခဲ့ဟု KNU သတင်းရင်းမြစ်က အတည်ပြုသည်။

သတင်း

စစ်ကောင်စီက ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ၊ ဒူးပလာယာခရိုင်ရှိ ကျေးရွာ နှစ်ရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံပြည်သူများ ထိခိုက်မှုရှိကြောင်း သတင်းရင်းမြစ်အချို့က ပြောသည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်-ထားဝယ်ခရိုင်၊ လယ်မူလား(ပုလော)မြိုနယ်အတွင်း၌ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ( K.N.D.O) တပ်ရင်း (၇) ၏ အပတ်စဉ် (၁) သင်တန်းဆင်းပွဲကျင်းပခဲ့ပြီး သင်တန်းသား သင်တန်းသူ ၁၇၀ ကျော် တက်ရောက်ခဲ့ကြောင်း KNUမြိတ်-ထားဝယ်ခရိုင် ကရင်လူငယ်အစည်းအရုံး အတွင်းရေးမှူး စောအယ်ထီးကော်က ပြောသည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် တော်လှန်ရေး ပူးပေါင်းတပ်များ သိမ်းပိုက်ရရှိခဲ့သည့် ကနဲလေး စစ်ကောင်စီတပ်စခန်းမှ ၁၂၀ မမလက်နက်ကြီး အပါအဝင် လက်နက်မျိုးစုံ ၆၀ကျော် သိမ်းဆည်းရရှိခဲ့ကြောင်း KNU သတင်းရင်းမြစ်က ပြောသည်။