close
Connect with us

Hi, what are you looking for?

သတင်း

မြန်မာဘက်ကနေထိုင်းဘတ်၁၈ သန်းခန့် မှောင်ခိုတင်သွင်းမှုနဲ့ အမျိုးသားတစ်ဦးကို ထိုင်းရဲဖမ်းဆီး

မြန်မာနိုင်ငံဘက်ကနေ ဘတ်ငွေ ၁၈ သန်းနီးပါးဖိုး ငွေသားတွေကို နယ်စပ်ဖြတ်ကျော် မှောင်ခို တင်သွင်းခဲ့မှုအတွက် ထိုင်းနိုင်ငံသား တစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းရဲတွေက ပြောပါတယ်။

​မေ-၂၈၊၂၀၂၅။People’s Spring

မြန်မာနိုင်ငံဘက်ကနေ ဘတ်ငွေ ၁၈ သန်းနီးပါးဖိုး ငွေသားတွေကို နယ်စပ်ဖြတ်ကျော် မှောင်ခို တင်သွင်းခဲ့မှုအတွက် ထိုင်းနိုင်ငံသား တစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းရဲတွေက ပြောပါတယ်။

မေလ ၂၆ ရက်နေ့တုန်းက ထိုင်းရဲတပ်ဖွဲ့နဲ့ နယ်ခြားစောင့် အရာရှိတွေဟာ ဆန်ခလာဘူရီ ခရိုင်ရဲ့ နယ်စပ်ဂိတ် တစ်ခုဖြစ်တဲ့ နမ်ဂျက်ခ်နားမှာ အနက်ရောင် Toyota Fortuner ကားတစ်စီးကို တားဆီးပြီး စစ်ဆေးခဲ့ပါတယ်။

ရတ်ချာဘူရီမှာ မှတ်ပုံတင်ထား မော်တော်ကားဟာ မြန်မာဖက်ခြမ်း ဘုရားသုံးဆူ နယ်ခြားဂိတ်ဖက်ကနေထွက်ခွာလာတာလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ကားကို မောင်းလာသူက သာနာဝပ်လို့သာ နာမည်ဖော်ပြထားတဲ့ ရတ်ချာဘူရီ ဒေသခံ တစ်ဦးဖြစ်ပြီး ခရီးသည် ခုံပေါ်မှာတော့အစိမ်းရောင်အဝတ်အိတ် နှစ်လုံးကို စစ်ဆေးရေး အရာရှိတွေက ရှာတွေ့ခဲ့ပါတယ်။ အဲဒီ အိတ်ထဲမှာတော့ ဘတ် ၅၀၀ တန်နဲ့ ၁၀၀၀ တန်တွေ ထည့်ထားတဲ့ ငွေသား ပမာဏ အမြောက်အမြားကို တွေ့ရှိခဲ့ပါတယ်။

ရဲတွေက အိတ်နှစ်လုံးကို ဆန်ခလာဘူရီ ရဲစခန်းဆီ ယူဆောင်သွားပြီး စစ်ဆေးတဲ့အခါ ငွေသားစုစုပေါင်း ဘတ် ၁၇,၉၉၄,၀၀၀ ရှိတယ်ဆိုတာ ရေတွက် အတည်ပြုနိုင်ခဲ့ပါတယ်။ သာနာဝပ်ကတော့ သူဟာ ငွေသားတွေ မှောင်ခို တင်သွင်းလာတယ် ဆိုတာကို ငြင်းဆိုပြီး အဲဒီငွေတွေက သူ့ကိုယ်ပိုင် ဖြစ်ကြောင်း၊ သူက ထိုင်းနဲ့ မြန်မာကြား

မှာ သွင်းကုန်ထုတ်ကုန် လုပ်ငန်း လည်ပတ်နေပြီး မြန်မာဖက်ခြမ်း ဘုရားသုံးဆူမှာရှိတဲ့ သူ့ကိုယ်ပိုင် ဂိုဒေါင်တစ်ခုကနေ ယူဆောင်လာတာဖြစ်ကြောင်း ပြောပါတယ်။

ဒါပေမဲ့ သူဟာ အကောက်ခွန် ခွင့်ပြုချက် မရှိဘဲ ငွေသားပမာဏ အမြောက်အမြားကို နယ်စပ်ဖြတ်ကျော် တင်သွင်းလာတယ်ဆိုတဲ့ စွပ်စွဲချက်ကိုတော့ မငြင်းဆန်နိုင်ခဲ့ပါဘူး။ အဲဒီကိစ္စနဲ့ ပတ်သက်လို့ သာနာဝပ်ဟာ တရားရေးအရ စွဲချက်တင်မှုတွေနဲ့ ကြုံရနိုင်ကြောင်းလည်း သိရှိရပါတယ်။

ကိုးကား-The Thaiger

ဆက်စပ်သတင်းများ

သတင်း

တရုတ်အစိုးရဒုတိယဝန်ကြီးတစ်ဦးဟာ ထိုင်း-မြန်မာနယ်စပ် အခြေစိုက် ကျားဖြန့်ဂိုဏ်းတွေရဲ့ လူကုန်ကူးခြင်း ခံခဲ့ရတဲ့ တရုတ်နိုင်ငံသားတွေကို နေရပ်ပြန်လည်ခေါ်ယူရေးကိစ္စမှာ ကိုယ်တိုင် လက်ခံကြိုဆိုသွားဖွယ် ရှိနေကြောင်း သိရပါတယ်။