Hi, what are you looking for?
ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်-ထားဝယ်ခရိုင်၊ လယ်မူလား(ပုလော)မြိုနယ်အတွင်း၌ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ( K.N.D.O) တပ်ရင်း (၇) ၏ အပတ်စဉ် (၁) သင်တန်းဆင်းပွဲကျင်းပခဲ့ပြီး သင်တန်းသား သင်တန်းသူ ၁၇၀ ကျော် တက်ရောက်ခဲ့ကြောင်း KNUမြိတ်-ထားဝယ်ခရိုင် ကရင်လူငယ်အစည်းအရုံး အတွင်းရေးမှူး စောအယ်ထီးကော်က ပြောသည်။
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ရှပ်ပုံကျေးရွာအုပ်စုသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်အား ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO)၊ တပ်ရင်း (၇)နှင့် မဟာမိတ်တပ်များက နှစ်ရက်ဆက် ပိတ်ဆို့တိုက်ခိုက်ရာ စစ်ကောင်စီက ရေကြောင်းနှင့် လေကြောင်းပစ်ကူများပေးပြီး တပ်ပြန်ဆုတ်သွားရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မြိတ်ခရိုင် တပ်ရင်း(၁)မှ ပြောခွင့်ရသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။