close
Connect with us

Hi, what are you looking for?

သတင်း

မှော်ဘီရှိ လေတပ်မိသားစုပိုင် ဆိုင်ခန်းများ တိုက်ခိုက်ခံရ

ရန်ကုန်မြို့၊မှော်ဘီမြို့နယ်ရှိ စစ်ကောင်စီ၏ လေတပ်မိသားစုဝင်ဖြစ်သည့် တပ်ကုန်းကြီးကျေးရွာအုပ်ချုပ်ရေးမှူးပိုင်ဆိုင်သည့် ဈေးဆိုင်ခန်းသုံးခန်းကို လက်ပစ်ဗုံးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း Yangon Army(YA) အဖွဲ့တာဝန်ရှိသူက ပြောသည်။

မေ ၂၉၊၂၀၂၅။သတိုး/People’s Spring

ရန်ကုန်မြို့၊မှော်ဘီမြို့နယ်ရှိ စစ်ကောင်စီ၏ လေတပ်မိသားစုဝင်ဖြစ်သည့် တပ်ကုန်းကြီးကျေးရွာအုပ်ချုပ်ရေးမှူးပိုင်ဆိုင်သည့် ဈေးဆိုင်ခန်းသုံးခန်းကို လက်ပစ်ဗုံးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း Yangon Army(YA) အဖွဲ့တာဝန်ရှိသူက ပြောသည်။

“တစ်မျိုးလုံးလေတပ်က ဟာတွေ။ အသီးသုံးလုံးပစ်တာ နှစ်လုံးပဲကွဲတယ်”ဟု ၎င်းက ပြောသည်။

အဆိုပါအုပ်ချုပ်ရေးမှူးမိသားစုသည် လေတပ်ဝန်ထမ်းများဖြစ်ပြီး ၎င်း၏ညီဖြစ်သူသည် လက်ရှိတွင် စစ်ကောင်စီလေတပ်၌ တာဝန်ထမ်းဆောင်‌နေသူဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ယင်းစစ်ဆင်ရေးကို မေလ ၂၉ ရက် ည ၈နာရီခန့်တွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အနောက်ပိုင်းခရိုင်ပကဖ နှင့် Yangon Army အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်သည်။

” ဆိုင်ခန်းအတွဲလိုက် သုံးခန်းဖွင့်ထားတာ” ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

ယင်းစစ်ဆင်ရေးပြုလုပ်ရန် စျေးဆိုင်အတွင်း၌ လူများရှိသောကြောင့် စစ်ဆင်ရေးပြုလုပ်မည့် ရဲဘော်များ မိုးရေထဲ စောင့်ဆိုင်း၍ လုပ်ဆောင်ခဲ့ရခြင်းဖြစ်ပြီး အားလုံးဘေးကင်းရာသို့ ရောက်ရှိပြီဖြစ်ကြောင်း ၎င်းက ပြောသည်။

Yangon Army အဖွဲ့သည် မေလ ၁၉ ရက်ကလည်း The Blood Line နှင့်အတူ စမ်းချောင်းမြို့နယ် စမ်းတောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊လှည်းကူးမြို့နယ်ရှိ စစ်ကောင်စီ၏ အမှတ်(၂၁၁) ခြေမြန်တပ်ရင်း (ခမရ-၂၁၁) ဂိတ်ကင်းစခန်းကို လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း Yangon Army(YA) အဖွဲ့မှတာဝန်ရှိသူက ပြောသည်။

သတင်း

မှော်ဘီလေတပ်စခန်းသို့ စစ်ခေါင်းဆောင်လာရောက်မည်ဟု သတင်းကြားသောကြောင့် ပြည်သူများအနေဖြင့် သတိထားကြရန် ယင်းအဖွဲ့က သတိပေးသည်။

သတင်း

ယမန်​နေ့(မတ် ၂၁ ရက်နေ့)ည ၉ နာရီ ၂၀ ခန့်က မှော်ဘီမြို့ လေ တပ်စခန်းအနီး ပေါက်ကွဲသံများဆက်တိုက်ကြားရပြီး လေတပ်ဝန်းအတွင်းမှ အရေးပေါ်ခရာမှုသံများလည်း ကြားရသည်ဟု ဒေသခံများက ဆိုသည်။

သတင်း

ယင်းစစ်ဆင်ရေးကို မှော်ဘီအခြေစိုက် Gurdians UG အဖွဲ့နှင့်အတူ အောက်တိုဘာ ၁၁ရက် ည ၇ နာရီကျော်တွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။