close
Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမြို့ဘားဆိုင် မီးလောင်မှု ဆိုင်ဝန်ထမ်းအမျိုးသမီး ၄ ဦးသေဆုံး

မန္တလေးမြို့ ၊ ချမ်းအေးသာစံမြို့နယ် ရှိ Cowboys Bar မီးလောင်မှုမှာ မန်နေဂျာအပါအဝင် အမျိုးသမီး ၄ ဦး သေဆုံးခဲ့ရတယ်လို့ လူမှုကူညီရေးအသင်း အဖွဲ့ဝင်အချို့ထံကသိရပါတယ်။

ဓာတ်ပုံ - Than Htay/FB

မေ -၂၈ ၊၂၀၂၅ ၊ ဆိုင်းမင်း/People’s Spring

Cowboy Barမီးလောင်မှု ဆိုင်မန်နေဂျာအပါအဝင် အမျိုးသမီးလေးဦး သေဆုံး

မေ ၂၈၊၂၀၂၅။Scorpio၊ရှိန်း/People’s Spring

လူပေါင်းများစွာဆွဲခေါ်သွားတဲ့ စစ်ကိုင်းငလျင်ကြီး နှစ်လပြည့်တဲ့ ဒီနေ့ မေလ(၂၈)ရက် နေ့ မနက် ၁၀နာရီလောက်မှာ မန္တလေးမြို့မှာ ဥသြဆွဲထွက်သွားတဲ့ မီးသတ်ကားသံတွေ ကြားလိုက်ရပါတယ်။

Public Service Announcement

Public Service Announcement

လွန်ခဲ့တဲ့နှစ်လ မတ်လ(၂၈)ရက်နေ့ မနက်ပိုင်းကလည်း ငလျင်ကြီးမလာမီ မီးသတ်ကားဥသြဆွဲသံကြားခဲ့ရပြီး ဆေးကျောင်းနား မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တာပါ။

ဒီကနေ့ မီးလောင်မှုကတော့ မန္တလေးမြို့လယ်၊ ရတနာပုံစျေးအရှေ့ဘက်က Cowboy Bar ဆိုတဲ့ဆိုင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တာပါ။ အဲဒီမီးလောင်ကျွမ်းမှုဟာ အချိန်အနည်းငယ်သာ ကြာခဲ့ပေမဲ့ အမျိုးသမီးလေးဦး သေဆုံးခဲ့တယ်လို့ မီးသတ်တွေက သတင်းထုတ်ပြန်ပါတယ်။

သေဆုံးသူတွေဟာ မန်နေဂျာမသူဇာလင်းနဲ့ ဝန်ထမ်းတွေဖြစ်တဲ့ မဆောင်းနှင်းဖြူ၊ မခက်ခက်ခိုင်၊ မသဲစုတို့ဖြစ်ကြောင်း သွားရောက်မီးငြှိမ်းသတ်ခဲ့သူတွေထံက သိရပါတယ်။ သေဆုံးသူတွေထဲမှာ ညီအမအရင်းနှစ်ဦးလည်း ပါဝင်ခဲ့တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

မီးလောင်ကျွမ်းမှုကြောင့် ဆိုင်မန်နေဂျာ တမူးမြို့နယ်က အသက်၃၀အရွယ် မသူဇာလင်း၊ တကောင်းမြို့က အသက်၂၁နှစ်အရွယ် မဆောင်းနှင်းဖြူ၊အကင်ဝန်ထမ်းဖြစ်သူ ပေါက်မြို့နယ်က အသက်၂၆နှစ်အရွယ်၊မသဲစုလှိုင်၊ အကင်ဝန်ထမ်း ပေါက်မြို့နယ်ကအသက် ၂၃နှစ် အရွယ် မခက်ခက်ခိုင်တို့ မီးလောင်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

“ပလပ်ခုံက ရှော့ဖြစ်ပြီး အနီးနားက အသံလုံ ဖော့တွေနဲ့ဆိုဖာ တွေက မီး ကူးသွားတာ”လို့ အဲဒီနေရာကို ရောက်ရှိခဲ့သူတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ(၂၂)ရက်ကလည်း ကျောက်ဆည်မြို့မှာ နေအိမ်တလုံး မီးလောင်ကျွမ်းပြီး တမိသားစုထဲက အငြိမ်းစားဆရာမကြီး လေးဦး သေဆုံးခဲ့ရပါသေးတယ်။

ဒီကနေ့ မီးလောင်တဲ့ ဆိုင်ကတော့ စစ်ကိုင်းငလျင်ကြီးမှာ အပျက်အစီးရှိခဲ့တာကြောင့် ပြန်လည်ပြင်ဆင်နေတုန်းမှာပဲ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တာလို့ သွားရောက်ငြှိမ်းသတ်ခဲ့သူတွေက ပြောပါတယ်။

မီးလောင်ရတဲ့အကြောင်းရင်း မသိရသေးပေမဲ့မီးလောင်တဲ့ Bar အဆောက်အဦးဟာ အရေးပေါ်ထွက်ပေါက်မရှိတာကြောင့် ဝန်ထမ်းအမျိုးသမီးတွေဟာ ထွက်မပြေးနိုင်တော့ဘဲ မီးလောင်သေဆုံးခဲ့ရတာဖြစ်နိုင်ကြောင်း နီးစပ်သူတွေက ပြောပါတယ်။

“မိန်းကလေး အဆောင်ကနေ အပြင်ထွက်ပေါက် တစ်ခုပဲရှိတာ။ အဲ့ထွက်ပေါက်နားလောင်လို့ ထွက်မရတာ ​ဖြစ်မယ်။”လို့ နီးစပ်သူတဦးက ပြောပါတယ်။

သေဆုံးသူတွေထဲမှာ ဆိုင်ပြန်ဖွင့်တော့မှာမို့ အလုပ်လုပ်ဖို့ ပြန်ရောက်လာတဲ့ ဝန်ထမ်းတချို့လည်း ပါတယ်လို့ သိရပါတယ်။

“သေဆုံးသူတွေထဲက တချို့က ဒီနေ့မနက် ရောက်တာတဲ့။ ခရီးပန်းလို့ အိပ်နေကျတာတဲ့။”လို့ နီးစပ်သူတစ်ဦးက ပြောပြပါတယ်။

“သူတို့လည်း ငလျင်ကြောင့် ဆိုင်ပြိုတော့ အကုန် ပြန်သွားကြတာ။ ဆိုင်မှာ မပြန်ဘဲ နေကြတဲ့ သူတွေက ဒီလကုန် ဆိုင်ပြင်ပြီးရင် ပြန်ဖွင့်ဆိုလို့ ပြန်ရောက်လာကြတာဗျာ။”လို့ ဆိုင်ပိုင်ရှင် အကောင့်လို့ဆိုတဲ့ Myo Tun ဆိုသူက ဖေ့ဘွတ်ခ်လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

သေဆုံးသူတွေထဲ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ စစ်ကိုင်းတိုင်း၊ တမူးမြို့က ဒေသခံအမျိုးသမီးတစ်ဦးလည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသူတွေကို မနက်ဖြန် မေလ (၂၉)ရက် မနက် (၁၁)နာရီမှာ ဆေးရုံကြီးရင်ခွဲရုံကနေ အေးရိမ်ငြိမ်သုဿန်ကို ပို့ဆောင်သင်္ဂြိုလ်မယ်လို့ သိရပါတယ်။

ငလျင်ကြောင့် စိတ်ထိခိုက်မှုတွေ ဖျောက်မရသေးတဲ့ မန္တလေးသူ မန္တလေးသားတွေအတွက် ဒီကနေ့သတင်းဟာ စိတ်ထိခိုက်စရာ သတင်းတရပ် ဖြစ်ခဲ့ပါတယ်။

“၂၈ ရက်ဆိုတာကြီးကိုကြောက်လာပြီ။ ငါ့ညီမလေး၂ယောက်လည်း ငလျင်ကလွတ်ခဲ့ပြီးတော့ ဒီမီးကြမှပါသွားတယ်။ ကံဆိုးလိုက်တာ။ အမတို့ကျန်ခဲ့တဲ့မိသားစုဘယ်လိုဖြေရမှာလဲ။ အခုအမေအရူးတပိုင်းဖြစ်နေပြီညီမလေးတို့။”ဆိုပြီး သေဆုံးသူမိန်းကလေးတွေရဲ့ အမတစ်ဦးက လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ချမ်းအေးသာစံမြို့နယ်က Cowboy Barမီးလောင်မှုဖြစ်ခဲ့ပြီး အမျိုးသမီး လေးဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံတကာ

မလေးရှား နိုင်ငံမှာ ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲမှုလို့ ယုံကြည်ရတဲ့ အခြေအနေနဲ့အတူ ဧရာမ မီးတောက်ကြီး ကောင်းကင်ပေါ် ထိုးတက်နေတဲ့ မီးလောင်မှုမျိုး ဖြစ်ပွားခဲ့ပါတယ်။

သတင်း

သတိုး/People’s Spring ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၌ မွေ့ယာပေါ်တွင် ပါဝါဘန့်အားသွင်းရာမှ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်စဉ်အတွင်း အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။ ဒီဇင်ဘာ ၇ ရက် နံနက် ၃ နာရီအချိန်ခန့်တွင် စမ်းချောင်းမြို့နယ် အောင်ချမ်းသာရပ်ကွက်၊ သီရိမင်္ဂလာလမ်းရှိ တိုက်ခန်းတစ်ခုတွင် မီးလောင်မှုဖြစ်ခဲ့ခြင်းဖြစ်ပြီး လူတစ်ဦးသေဆုံးသွားကြောင်း ယင်းနေရာသို့...

နိုင်ငံတကာ

မီးလောင်မှုမှာ ထိခိုက်ခဲ့တဲ့ လေယာဉ်ကို လတ်တလောမှာ ပျံသန်း ပြေးဆွဲမှု ရပ်ဆိုင်းထားပြီး ပြင်ဆင် မွမ်းမံမှုတွေ လုပ်ဆောင်သွားမယ်လို့ ကနေဒါ လေကြောင်းလိုင်းက ကြေညာထားပါတယ်။