close
Connect with us

Hi, what are you looking for?

သတင်း

ထိုင်းဘက်ကနေ သေဘောဘိုးဗျူဟာ စစ်ကူလာတဲ့ စစ်သား ၆၀ကျော် ချေမှုန်းခံရ

ထိုင်းနိုင်ငံအတွင်းကနေ ဖြတ်ဝင်လာပြီး နယ်စပ်မြို့ဖြစ်တဲ့ မြဝတီမြို့နယ်၊ ဝေါလေမြို့နားမှာ တိုက်ခိုက်ခံနေရတဲ့ သေဘောဘိုးဗျူဟာတပ်စခန်းကို စစ်ကူထွက်လာတဲ့ အင်အား ၆၀ကျော်ပါ စစ်ကောင်စီစစ်ကြောင်းကို ဒီကနေ့(မေလ ၂၈ရက်) မနက်မှာ တော်လှန်ရေးတပ်ဖွဲ့တွေက အပြီးချေမှုန်းလိုက်တယ်လို့ ကရင်စစ်ရေသတင်းအရင်းမြစ်တွေက လူထုနွေဦးကို အတည်ပြုပါတယ်။

ထိုင်းနိုင်ငံဘက်ခြမ်းမှ စစ်ကူလာသော စစ်ကောင်စီတပ်သားအချို့အား ဖမ်းမိထားစဉ်နှင့် သိမ်းရသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ − screengrab

◾️စစ်သား ၂၁ဦး ထိုင်းဘက်ပြန်ထွက်ပြေး၊ စစ်သုံ့ပန်းအချို့ဖမ်းမိပြီး၊ လက်နက်ခဲယမ်းတွေ သိမ်းရ

​မေ ၂၈၊၂၀၂၅။/People’s Spring

ထိုင်းနိုင်ငံအတွင်းကနေ ဖြတ်ဝင်လာပြီး နယ်စပ်မြို့ဖြစ်တဲ့ မြဝတီမြို့နယ်၊ ဝေါလေမြို့နားမှာ တိုက်ခိုက်ခံနေရတဲ့ သေဘောဘိုးဗျူဟာတပ်စခန်းကို စစ်ကူထွက်လာတဲ့ အင်အား ၆၀ကျော်ပါ စစ်ကောင်စီစစ်ကြောင်းကို ဒီကနေ့(မေလ ၂၈ရက်) မနက်မှာ တော်လှန်ရေးတပ်ဖွဲ့တွေက အပြီးချေမှုန်းလိုက်တယ်လို့ ကရင်စစ်ရေသတင်းအရင်းမြစ်တွေက လူထုနွေဦးကို အတည်ပြုပါတယ်။

မေလ ၂၆ရက်မှာ ထိုင်းနိုင်ငံဘက်ခြမ်း တာခ်ခရိုင်က ထိုင်းနယ်ခြားစောင့်စစ်တပ်စခန်းရှိရာ မိုဂျာကျေးရွာဘက်ကနေ နယ်စပ်ဖြတ်ပြီး ကရင်ပြည်နယ် ဆုံဆည်းမြိုင်ဒေသကို ဝင်ရောက်လာတဲ့ အင်အား ၆၄ဦးပါ စစ်ကြောင်းဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဒီမိုကရက်တစ်ကရင်အကျိုးပြုတပ်မတော် (DKBA)ထိန်းချုပ်ရာ ဆုံဆည်းမြိုင်က နှစ်သစ်ကူးကွင်းကို ရောက်ရှိလာပြီး မေလ ၂၇ရက်မှာ သေဘောဘိုးဗျူဟာတပ်စခန်းကို စစ်ကူထွက်လာတယ်လို့ ဆိုပါတယ်။

ဒီကနေ့ မနက်မှာတော့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ် စစ်ကူတွေ သေဆုံးပြီး အချို့ကိုလည်း အရှင်ဖမ်းမိထားတယ်လို့ ဆိုပါတယ်။

“လာတဲ့စစ်ကူစစ်ကြောင်းကို ဖြုတ်လိုက်ပြီ။ ၂၁ယောက်က ပြန်ပြေးသွားတယ်”လို့ ကရင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ဒါ့အပြင် ဖမ်းမိစစ်သားနှင့် သေဆုံး စစ်သားတွေလည်း ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

အဲဒီ သေဘောဘိုးဗျူဟာတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊PDF ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။

လက်တလောမှာ KNLAပူးပေါင်းတပ်တွေက မြဝတီမြို့တောက်ဘက် ၊ ဒေါနတောင်တန်းအရှေ့ခြမ်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ရဲ့ ကနဲလေးနဲ့ သေဘောဘိုးဗျူဟာတပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့လည်း သူကဆက်ပြောပါတယ်။

အဲဒီ တပ်စခန်းတွေဟာ KNUတပ်မဟာ (၆) စစ်ရေးလှုပ်ရှားရာနယ်မြေထဲရှိပြီး မေလ ၂၀ရက်မှာ မော်ခီစခန်းကို စတိုက်ပြီး မေလ ၂၁ရက်မှာတော့ ကနဲလေးစခန်း၊ သေဘောဘိုစခန်းနဲ့ ဘလက်ဒိုတပ်စခန်းတို့ကို ဆက်လက် တိုက်ခိုက်ခံရတာပါ။

မေလ ၂၃ရက်ညပိုင်းမှာတော့ ဘလက်ဒိုတပ်စခန်းကို သိမ်းပိုက်ရရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ၊ ဒေါနတောင်တန်းအရှေ့ခြမ်း ထိုင်းနယ်စပ်အနီးရှိ စစ်ကောင်စီတပ် စခန်းတွေ ထဲက ဘလက်ဒို တပ်စခန်း ကို ဒီနေ့ (မေလ ၂၃) မှာ သိမ်းယူလိုက်ပြီလို့ KNU အုပ်ချုပ်ရေးပိုင်းရဲ့ ကော့ကရိတ်မြို့နယ် ဥက္ကဋ္ဌ ပဒိုစောဖားတရာက အတည်ပြုပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြဝတီမြို့တောက်ဘက် ၊ ဒေါနတောင်တန်းအရှေ့ခြမ်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ရဲ့ ကနဲလေး စခန်းအပါအဝင် တပ်စခန်း ၄ ခုကို KNU တပ်မဟာ (၆) ဦးစီးတဲ့ ပူးပေါင်းတပ်က တိုက်ခိုက်နေပြီလို့ ကရင်စစ်ရေးသတင်းရင်းမြစ်ထံကသိရပါတယ်။

သတင်း

ထိုင်းနယ်စပ်အနီးမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ မယ်လစခန်းကို ဒီနေ့ (မေလ ၁၅ ရက် ) မနက်အစောပိုင်းမှာ KNU က စတင်တိုက်ခိုက်နေပြီလို့ ကရင် စစ်ရေးသတင်းရင်းမြစ်ထံကသိရပါတယ်။

သတင်း

ထိုင်းနယ်စပ်အနီးရှိ ကရင်ပြည်နယ် ၊ လှိုင်းဘွဲ့မြို့နယ်ထဲက စစ်ကောင်စီတပ်ရဲ့ ပူလူတူ စခန်းကို KNU ဦးစီးတဲ့ ပူးပေါင်းတပ်က တိုက်ခိုက်ရာမှာ နှစ်ဖက်တိုက်ပွဲတွေ နေ့စဉ် ဖြစ်ပွားနေတယ်လို့ နယ်စပ်သတင်းရင်းမြစ်ထံကသိရပါတယ်။