close
Connect with us

Hi, what are you looking for?

သတင်း

ထိုင်းရဲ့ F-16တွေအလုပ်ရှုပ်​​စေခဲ့တဲ့ အမျိုးအမည်မသိလေယာဉ်ဟာ မြန်မာလေတပ်ရဲ့ K-8 တစ်စီးလို့ဆို

ထိုင်းလေတပ် တိုက်လေယာဉ်တွေ အရေးတကြီး ပျံတက်ပြီး စောင့်ကြည့်ခဲ့ရတဲ့ အမျိုးအမည်မသိ လေယာဉ် ဆိုတာဟာ မြန်မာလေတပ်ရဲ့ အပေါ့စား တိုက်လေယာဉ် တစ်စီးဖြစ်ကြောင်း သိရပါတယ်။

ထိုင်းတော်ဝင်လေတပ်က F-16 တိုက်လေယာဉ်တစ်စင်း။ဓါတ်ပုံ-The Nation

​မေ-၇၊၂၀၂၅။People’s Spring

ထိုင်းလေတပ် တိုက်လေယာဉ်တွေ အရေးတကြီး ပျံတက်ပြီး စောင့်ကြည့်ခဲ့ရတဲ့ အမျိုးအမည်မသိ လေယာဉ် ဆိုတာဟာ မြန်မာလေတပ်ရဲ့ အပေါ့စား တိုက်လေယာဉ် တစ်စီးဖြစ်ကြောင်း သိရပါတယ်။

မေလ ၆ ရက်နေ့ကထိုင်း-မြန်မာနယ်စပ်နားမှာ အမျိုးအမည်မသိဘဲ မြန်နှုန်းမြင့်ပျံသန်းနေတဲ့ လေယာဉ်တစ်စီးကို ရေဒါတွေမှာ ထောက်လှမ်း တွေ့ရှိခဲ့တဲ့နောက်ထိုင်းတော်ဝင်လေတပ်ဟာ F-16 တိုက်လေယာဉ်နှစ်စီးကိုအရေးတကြီးပျံတက်စေပြီး အခြေအနေကို စောင့်ကြည့်စေခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ထိုင်းတော်ဝင်လေတပ်ရဲ့အရေးတကြီးတုံ့ပြန်မှုကို ဒေသခံတွေကသတိထားမိခဲ့ကြပြီးဗီဒီယိုတွေ ရိုက်ကူးထားကြသလို လူမှုကွန်ရက်မှာလည်း မြန်မြန်ဆန်ဆန် ပျံ့နှံ့သွားခဲ့ပါတယ်။

အဲဒီလေယာဉ်နောက် F-16တွေ လိုက်နေတဲ့ အချိန် ထိုင်းနိုင်ငံ၊ဖူနမ်ရွန်နယ်ခြားဧရိယာရဲ့တစ်ဖက်ခြမ်း မြန်မာ ပိုင်နက်ထဲမှာ ပေါက်ကွဲသံတွေ ကြားနေခဲ့ရတယ်လို့လည်း ဆိုပါတယ်။

နောက်ပိုင်းမှာတော့ကချနာဘူရီ ပြည်နယ်အုပ်ချုပ်ရေးမှူး အသီဆန် အင်ထရာက ထိုင်းလေပိုင်နက်နားအလွန်အကျွံချဉ်းကပ်ခဲ့တာဟာမြန်မာလေတပ်ရဲ့ K-8 အမျိုးအစား အပေါ့စား တိုက်လေယာဉ် တစ်စီးဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။

အဲဒီလေယာဉ်ဟာနယ်စပ်မျဉ်းနဲ့ရေမိုင်၂ မိုင်လောက်အကွာထိ ကပ်ပျံခဲ့တယ်လို့ ဆိုပါတယ်။ F-16တွေဟာ အဲဒီ လေယာဉ် ထွက်ခွာသွားပြီး နောက်ပိုင်းမှာလည်း နယ်စပ်နားမှာဆက်ပြီး ကင်းလှည့် ပျံသန်းနေခဲ့တယ်လို့ဆိုပါတယ်။

အသီဆန်က မြန်မာလေတပ်ရဲ့တိုက်လေယာဉ်ဟာ ထိုင်းလေပိုင်နက်ထဲကျူးကျော်ဝင်ရောက်တာမျိုး မရှိခဲ့ဘူးလို့ အခိုင်အမာ ဆိုပါတယ်။

ဒါပေမဲ့ ဒီကိစ္စနောက်ပိုင်း ထိုင်းတော်ဝင်လေတပ်ဟာနယ်စပ်နားမှာစစ်လေယာဉ်ပျံသန်းမှုတွေနဲ့ပတ်သက်လို့ ပိုပြီး သတိထား လုပ်ဆောင်ဖို့ မြန်မာဖက်ကိုအသိပေးထားတယ်လို့လည်းဆိုပါတယ်။

အာဏာသိမ်းမြန်မာစစ်ကောင်စီဟာထိုင်းနဲ့ နယ်စပ်နားက တိုင်းရင်းသား လက်နက်ကိုင်အင်အားစုတွေကို လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ဆောင်နေရာမှာ ထိုင်းလေပိုင်နက်ကို အသုံးပြုခွင့် လုံးဝမပေးထားဘူးလို့လည်း အသီဆန်က ထပ်လောင်း ပြောကြားသွားပါတယ်။

နယ်စပ်က ဖြစ်စဉ်နဲ့ ပတ်သက်ပြီး နောက်ဆက်တွဲ အခြေအနေတွေကိုလည်း ထိုင်းရဲ့ လုံခြုံရေးဆိုင်ရာ အေဂျင်စီတွေနဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေက အနီးကပ် ဆန်းစစ် လေ့လာနေတယ်လို့ သူက မှတ်ချက်ပေးသွားခဲ့ပါတယ်။

ဒါ​ပေမယ့် မြန်မာဘက်ခြမ်းနယ်စပ်မှာ ကရင်အမျိုးသားအစည်းအရုံး(KNU) ထားဝယ် ခရိုင် တပ်မဟာ ၄ နယ်မြေထီးခီးဒေသရှိတဲ့ စစ်ကောင်စီ တပ်စခန်းကို KNLA ၊ KNDO နဲ့ ပူးပေါင်းတပ်​တွေက ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိတာ ​တိုက်ပွဲ​တွေပိုပြင်းထန်​နေတယ်လို့သိရပါတယ်။ ​မေလဆန်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ ရဲတပ်ဖွဲ့ဝင်​တွေဟာ ထိုင်းဘက်သို့ ထွက်ပြေးခဲ့ကြတယ်လို့ကရင်စစ်​ရေးသတင်းရင်းမြစ်အချို့က​ပြေပါတယ်။

KNU တပ်မဟာ(၄)ထားဝယ်ခရိုင်နယ်မြေ ၊ထီးခီးဒေသမှာရှိတဲ့စစ်ကောင်စီတပ်စခန်း​တွေကိုတော်လှန်​ရေးတပ်​တွေရဲ့ထိုးစစ်ဆင်တိုက်ခိုက်မှု​ကြောင့် ဧပြီတတိယပါတ်က​နေ အခု​မေလ ပထမပါတ်ထိ စစ်သားနဲ့ ရဲ​တွေထိုင်းနိုင်ငံဘက်ခြမ်းထွက်​ပြေးကြတာ ၅၀ ​ကျော်ရှိ​​နေပြီလို့ KNU ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောပါတယ်။

KNLA ဦး​ဆောင်တဲ့​တော်လှန်​ရေးတပ်​တွေရဲ့ထိုးစစ်ကို စစ်​ကောင်စီတပ်က ​တိုက်​လေယာဥ်​တွေအသုံးပြုခုခံ​နေရတာဖြစ်ပါတယ်။

ကိုးကား-The Nation

ဆက်စပ်သတင်းများ

နိုင်ငံတကာ

NATO စစ်မဟာမိတ် အဖွဲ့တွေဆီက ပူပူနွေးနွေး လက်ခံရရှိထားတဲ့ ယူကရိန်း F-16 တိုက်လေယာဉ် တစ်စီးဟာ အခုသီတင်းပတ် အစောပိုင်းမှာ ပျက်ကျသွားခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ယူကရိန်းဟာ အမေရိကန်နဲ့ အနောက် မဟာမိတ် နိုင်ငံတွေက ထောက်ပံ့ပေးထားတဲ့ F-16 တိုက်လေယာဉ်တွေကို ပထမဆုံးအကြိမ် စစ်ဆင်ရေးတွေမှာ လက်တွေ့ အသုံးပြုနေပြီလို့ သိရပါတယ်။ F-16တွေဟာ ယူကရိန်း လေတပ်က အဓိက မှီခိုနေရတဲ့ ဆိုဗီယက် ဒီဇိုင်းနဲ့ လေယာဉ် အဟောင်းတွေထက် နည်းပညာပိုင်း အများကြီး...

နိုင်ငံတကာ

အမေရိကန်လုပ် အပေါ့စား တိုက်လေယာဉ်တွေဟာ နှစ်အလိုက် အဆင့်မြှင့်မှုတွေ ဆက်တိုက် လုပ်ဆောင်ခဲ့ပြီး လက်ရှိ ယူကရိန်း လေတပ်က အသုံးပြုနေတဲ့ ဆိုဗီယက်ဒီဇိုင်း တိုက်လေယာဉ်တွေထက် နည်းပညာပိုင်း အများကြီး ပိုမို မြင့်မားပါတယ်။

နိုင်ငံတကာ

ဘိုင်ဒန်ဟာ ဝါရှင်တန်ကို ရောက်လာတဲ့ တခြားအဖွဲ့ဝင် ၃၁ နိုင်ငံ ခေါင်းဆောင်တွေကို တစ်ဦးချင်း ကြိုဆိုနှုတ်ဆက်ခဲ့ပြီး ညီလာခံ အဖွင့်နေ့မှာပဲ ယူကရိန်းအတွက် F-16 တိုက်လေယာဉ်တွေ ထောက်ပံ့မယ့် ကိစ္စကို ဘိုင်ဒန်က အတည်ပြု ကြေညာခဲ့တာ ဖြစ်ပါတယ်။