close
Connect with us

Hi, what are you looking for?

သတင်း

ထီးခီးတိုက်ပွဲ ထိုင်းဘက်ထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ကျော်ရှိဟု KNU တာဝန်ရှိသူပြော

ထိုင်း − မြန်မာနယ်စပ် ကရင်အမျိုးသားအစည်းအရုံး(KNU) ထားဝယ်ခရိုင် တပ်မဟာ(၄) နယ်မြေ ထီးခီးဒေသရှိ စစ်ကောင်စီတပ်စခန်း ထိုးစစ်ဆင်တိုက်ခိုက်ရာ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးသည့် စစ်ကောင်စီတပ်သားနှင့် ရဲ ၅၀ကျော်ရှိကြောင်း KNU ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။

ထီးခီးတိုက်ပွဲအတွင်း ထိုင်းနိုင်ငံဘက်ထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ထိုင်းစစ်တပ်က ဖမ်းဆီးထားစဉ်။ ဓာတ်ပုံ − CJ

မေ ၇၊၂၀၂၅။ထားမြတ်/People’s Spring

ထိုင်း − မြန်မာနယ်စပ် ကရင်အမျိုးသားအစည်းအရုံး(KNU) ထားဝယ်ခရိုင် တပ်မဟာ(၄) နယ်မြေ ထီးခီးဒေသရှိ စစ်ကောင်စီတပ်စခန်း ထိုးစစ်ဆင်တိုက်ခိုက်ရာ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးသည့် စစ်ကောင်စီတပ်သားနှင့် ရဲ ၅၀ကျော်ရှိကြောင်း KNU ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။

ဧပြီ ၁၉ရက်တွင် ထီးခီးစခန်းနှင့် မိုင်အနည်းငယ်သာဝေးသော ထီးထဗျူဟာစခန်းကို တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ထီးခီးဒေသကို ဆက်လက်ထိုးစစ်ဆင်လျက်ရှိရာ ယနေ့(မေ ၇ရက်)အထိ တိုက်ပွဲများဆက်ရှိနေကြောင်း ကရင်သတင်းရင်းမြစ်အချို့က ပြောသည်။

မေလဆန်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားနှင့် ရဲများသည် ထိုင်းနိုင်ငံဘက် ထွက်ပြေးသွားကြောင်း သတင်းများထွက်ပေါ်လျက်ရှိရာ ယင်းနှင့်ပတ်သက်၍ ပဒိုစောအယ်နားက အတည်ပြုပြီး ၅၀ ဦးကျော်ရှိကြောင်း ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲသတင်း အခြေအနေများကို ဆက်လက်မေးမြန်းနေဆဲဖြစ်သည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) နှင့် နီးစပ်မှုရှိသည့် ကရင်သတင်းရင်းမြစ်ကမူ ထိုင်းဘက် ထွက်ပြေးသည့် စစ်ကောင်စီတပ်သား ၆၀ ကျော်ရှိပြီဟု ယနေ့(မေလ ၇ရက်) ညပိုင်း၌ ပြောသည်။

“ပြောတာကတော့ ထွက်ပြေးတော့ ထွက်ပြေးနေတယ်။ ဒါပေမဲ့ ရန်သူကတော့ သူ့စခန်းထဲမှာတော့ ၈၀ လောက်ကျန်သေးတယ်”ဟု ကရင်သတင်းရင်းမြစ်က ပြောသည်။

KNUနှင့် တော်လှန်ရေးပူးပေါင်းတပ်သည် တပ်မဟာ(၄)၊ တပ်မဟာ(၇)နယ်မြေများအတွင်းရှိ မြန်မာ-ထိုင်းနယ်စပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်မှုများဆက်တိုက်ပြုလုပ်နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ယာယီအပစ်ရပ်​ကြေညာထားပြီး ၊အာဏာသိမ်းခေါင်းဆောင် ရုရှားနိုင်ငံသို့သွားရောက်နေ​သော်လည်းစစ်​ကောင်စီက မေလ ၇ရက်ညနေ နှင့် ညပိုင်းတွင် ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်၊ချင်းပြည်နယ်မင်းတပ်မြို့နယ်စသည်တို့ကိုလေကြောင်းမှ ဆက်လက်ဗုံးကြဲခဲ့ပြီး အရပ်သားထိခိုက်သေဆုံးမှုများရှိခဲ့သည်။

သတင်း

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် အာရက္ခတပ်တော်(AA)နှင့် စစ်ကောင်စီ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက စစ်ကြောင်းလိုက် ပျက်စီးကာဆုတ်ခွာထွက်ပြေးနေကြောင်း ဒေသခံသတင်းရင်းမြစ်အချို့ကပြောသည်။

သတင်း

​စစ်ကောင်စီပြန်ဝင်လာပြီးနောက် ဓားပြတိုက်မှု ၅မှုဖြစ်၊ တရားခံ ဖမ်းမမိသေး

သတင်း

ထိုင်း - မြန်မာ နယ်စပ်အနီး ကရင်ပြည်နယ် ၊ ဘားအံခရိုင်ထဲက တခေါဘီထ စခန်းကို ဒီနေ့ (မေလ ၇ ) မနက်ပိုင်းကစတင်ပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ တပ်မဟာ (၇) လက်အောက်ခံတပ်တွေ တိုက်ခိုက်နေတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က အသိပေးပါတယ်။