close
Connect with us

Hi, what are you looking for?

သတင်း

ပြည်တွင်း​ရွှေ​ဈေး ၇၄ သိန်း​ကျော်လာ

ပြည်တွင်းရွှေစျေးသည် ယ​နေ့(ဧပြီ ၂၈)တွင်၁၆ ပဲရည်တစ်ကျပ်သားလျင် ၇၄ သိန်းခွဲ ဝန်းကျင်ထိတက်လာသည်။

ဧပြီ-၂၈၊၂၀၂၅။ရဲခေါင်/People’s Spring

ပြည်တွင်းရွှေစျေးသည် ယ​နေ့(ဧပြီ ၂၈)တွင်၁၆ ပဲရည်တစ်ကျပ်သားလျင် ၇၄ သိန်းခွဲ ဝန်းကျင်ထိတက်လာသည်။

ဧပြီ ၂၈ ရက်ည ၁၀ နာရီအထိ ကမ္ဘာရွှေစျေးသည် တစ်အောင်စ ၃,၃၂၄ဒေါ်လာဝန်းကျင်စျေးရှိသည်။

ကမ္ဘာ့​ရွှေ​ဈေး​တက်​နေသဖြင့် ပြည်တွင်း ဈေးကွက်တွင် ပြင်ပ​ပေါင်​ဈေးမှာ ၁၆ ပဲရည် တစ်ကျပ်သား မှာ ၇,၄၅၀,၀၀၀ ကျပ် ရှိသည်။ ၁၅ ပဲရည်စျေးသည် ကျပ်သိန်း ၇၀ ဝန်းကျင်ဖြင့် အရောင်း အဝယ်ရှိနေကြောင်း ရွှေစျေးကွက်အတွင်း အရောင်း အဝယ်ပြုလုပ်နေသူအချို့က ​ပြောသည်။

Public Service Announcement

Public Service Announcement

“ကမ္ဘာ့ရွှေက အတက်အကျ မငြိမ်ဘူး။ပြီးခဲ့တဲ့အပတ်က ဆို ဒေါ်လာ ၃,၄၀၀ ကို တော်တော်ကျော်သွားတာ။အခု တစ်ပတ်အဖွင့်စျေးကွက်အရဆို လည်း ၃,၄၀၀ စျေးတန်းရောက်မလားဆိုတာ သတိထားရမယ်။အထူးသဖြင့်တော့ ဝယ်၊ရောင်းတွေ ဂရုစိုက်ရမှာပေါ့”ဟု ပြည်တွင်းရွှေလုပ်ငန်းရှင်တဦးက လူထုနွေဦးသို့ပြောသည်။

ဧပြီ ၂၈ရက် ညနေပိုင်း ပြည်တွင်းရွှေစျေးကွက်အရ ၁၆ ပဲရည်တစ်ကျပ်သားရောင်းစျေး ၇,၄၅၀, ၀၀၀ ကျပ် နှင့် ဝယ်စျေး ၇,၃၄၀,၀၀၀ကျပ် ခန့်ရှိနေသည်။

“ပြည်တွင်းရွှေစျေးကတော့ စကစ ဘယ်လိုပဲ စျေးနှိမ့်ပြီး ထိန်းထိန်း ကမ္ဘာ့ရွှေစျေးအတိုင်းပဲသွားနေရတာပဲ။ ဘယ်ဆိုင်မှလဲ သူတို့(စကစ ၏ ထိန်းချုပ်သတ်မှတ် စျေး)နှုန်းအတိုင်း မလုပ်နိုင်ဘူးလေ။ရွှေ ကို ကိုင်ထားပါလို့လဲ မပြောချင်ဘူး။ဝယ်ထားပါဆိုပြီးလည်း မတိုက်တွန်းဘူး။ဘာလိုလဲဆိုတော့ ပြည်သူက ကြပ်တည်းနေတာလေ”ဟု ပြည်တွင်းရွှေလုပ်ငန်းရှင်တဦးကပြောသည်။

ပြည်တွင်း၌ ရွှေ ချိန်တွယ်ရာတွင်မူ ကျပ်၊ပဲ၊မူး၊ရွေး ကိုအသုံးပြုပြီး တစ်ကျပ်သားလျှင် ၀ ဒသမ ၅၂၅ အောင် စ ရှိကာ (ယနေ့ကမ္ဘာ့ရွှေပေါက်စျေး× တစ်ဒေါ်လာငွေလဲနှုန်း× ၀ ဒသမ ၅၂၅ )ဖြင့် တွက်ချက်ပါက ရရှိသည့် ပမာဏသည် အနီးစပ်ဆုံးပြည်တွင်း အခေါက်ရွှေစျေးရရှိမည် ဖြစ်သည်။ပြည်တွင်းနိုင်ငံ ခြားငွေလဲနှုန်းစျေးကွက်၌မူ စျေးတည်ငြိမ်နေပြီး ဧပြီ ၂၈ ရက်​နေ့ တစ်ဒေါ်လာ ပြင်ပပေါက်စျေး အရောင်း ၄,၄၂၀ ကျပ်နှင့် အဝယ် ၄,၃၇၀ ကျပ်ဝန်းကျင်ရှိသည်။

မတ်လ ဒုတိယပတ်ကစ၍ ရွှေဈေးသည် သမိုင်းတွင် ပထမဆုံးအကြိမ် တစ်အောင်စလျင် ဒေါ်လာ ၃,၀၀၀ ကျော်သို့ ရောက်ရှိခဲ့မှုနှင့်အတူ ပြည် တွင်း ရွှေစျေးကွက်မှာလည်း ၆၅ သိန်း ဝန်းကျင်မှ ဆက်တိုက်​​ဈေးတက်လာခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီလက်​အောက်ခံရွှေလုပ်ငန်းရှင်အသင်းက၁၆ ပဲရည်တစ်ကျပ်သားအတွက်ရည်ညွှန်းသတ်မှတ်စျေးသည် ၅,၆၆၀,၀၀၀ (၅၆ သိန်း​ကျော်)ကျပ်သာဖြစ်သည်။သို့သော်၎င်းတို့သတ်မှတ်စျေးဖြင့် ရွှေဆိုင်များက အရောင်းအဝယ်မပြုလုပ်ကြပေ။

ဆက်စပ်သတင်းများ

သတင်း

ကမ္ဘာ့ရွှေစျေးတစ်အောင်စ ဒေါ်လာ ၃,၃၀၀ ကျော်စျေးဖြင့် စံချိန်တင်ပြီး ပြည်တွင်းရွှေစျေး တစ်ကျပ်သား ကျပ်၇၄ သိန်းဝန်းကျင်အထိ​ဈေးတက်လာသည်။

သတင်း

ပြည်တွင်းရွှေစျေးကွက် တစ်ကျပ်သား ကျပ်သိန်း ၇၀နား ကပ်လာကြောင်း ရွှေအရောင်းအဝယ်စျေးကွက်ထံမှ စုံစမ်းသိရသည်။

သတင်း

ကမ္ဘာ့ရွှေစျေးဆက်တက်လာပြီးနောက် ပြည်တွင်းရွှေစျေးမှာလည်း တစ်ကျပ်သား ၆၈သိန်းကျော်အထိရှိလာကြောင်း ရွှေအရောင်းအဝယ်စျေးကွက်မှ သိရသည်။

သတင်း

ပြည်တွင်းသို့ နိုင်ငံခြားသုံးငွေ ဝင်ရောက်မှုနည်းပါးလာသည်ဟု စစ်ကောင်စီဗဟိုဘဏ် ဝန်ခံ

Facebook