close
Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်ကိုစစ်ကြောင်းပြန်ထိုးရန်စစ်ကောင်စီ ကြိုးပမ်း

မြစ်ကြီးနား-မိုးကောင်း-ဖားကန့်လမ်းအတိုင်း အင်အားဖြည့်နေ

၂၀၂၃ နိုဝင်ဘာလတွင် ရန်ကုန်မြို့တွင် စစ်ကားတန်းထွက်၍ အင်အားပြ​ခဲ့​​သော စစ်တပ်ကားတန်း။ဓါတ်ပုံ-CJ

ဧပြီ-၂၄၊၂၀၂၅။ဇော်ရမ်း/People’s Spring

မြစ်ကြီးနား-မိုးကောင်း-ဖားကန့်လမ်းအတိုင်းစစ်ကောင်စီတပ် နှင့် ရှမ်းနီတပ်(SNA) ပူးပေါင်းတပ် အင်အား ၅၀၀ ကျော်ပါဝင်သော စစ်ကြောင်းလှုပ်ရှားလာ၍ လမ်းအသုံးပြုခွင့်ကို KIA က ယာယီတားမြစ်ထားကြောင်း သတင်းရရှိသည်။

စစ်ကောင်စီတပ်သည်ဧပြီလ၂၄ ရက်နံနက်အစောပိုင်းမှစ၍ အဆိုပါလမ်းပိုင်းပေါ် စစ်ရေးလှုပ်ရှားလာခြင်းဖြစ်ပြီးအင်အားအလွန်များပြားကြောင်း ခရီးသွားများကပြောသည်။

“ကားတွေပေါ်မှာဒရုန်းတွေလည်းပါတယ်။ယာဉ်အတန်းလိုက်ကြီး။KIAက ဘယ်နေရာကနေ တွယ်မလဲမသိဘူး။လမ်းပိုင်းတစ်လျှောက်ကတော့ ဘယ်နေရာမှ စိတ်ချလို့မရဘူး” ဟုမိုးကောင်းမှ မြစ်ကြီးနားမြို့သို့ ယနေ့ နံနက်ပိုင်းတွင် ထွက်ခွာလာ​သော​ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီစစ်ကြောင်းတွင်ဘာသာရေးဆိုင်ရာအသင်းအဖွဲ့ကားများလည်းပါလာသည်ကိုတွေ့ရသည်ဟု ၎င်းကဆက်ပြောသည်။

စစ်ကောင်စီစစ်ကြောင်းသည်ဖားကန့်အထိတက်ရန် ပြင်ဆင်ထားကြောင်း သတင်းများထွက်ပေါ်နေပြီး လမ်းအသုံးပြုသူများအား ခြိမ်းခြောက်မှုများရှိနေကြောင်းမိုးကောင်းမြို့ခံတစ်ဦးကပြောသည်။

“လမ်းကတော့ စစ်တပ်ကရော KIA ကပါ အပိုင်းလိုက်ပိတ်ထားတာပါ။ကျည်စပေါက်ရင်တော့ဒီနေ့ကစပြီး နောက်တစ်ပတ်၊ နှစ်ပတ်လောက်အထိ တိုက်ပွဲဆက်သွားနိုင်တယ်” ဟုသူ၏အမြင်ကို ပြောသည်။

မိုးကောင်း-ဖားကန့်လမ်းမှ ဖားကန့်သို့ မရောက်မီ ၆ မိုင်ခန့်အကွာရှိလုံဘရာရွာ၊ လဝါးရွာနှင့် ဒွန်ဘုန်းခရွာ၌ စစ်ကောင်စီ၊ ရှမ်းနီတပ်(SNA)နှင့် ပြည်သူ့

စစ်အဖွဲ့များက ပြီးခဲ့သည့် မတ်လ နှောင်းပိုင်းမှစ၍ တပ်စွဲလိုက်ပြီးနောက်ယင်းနေရာတစ်ဝိုက်တွင် တိုက်ပွဲများဖြစ်ပွားခဲ့သည်။ စစ်ကောင်စီဘက်တွင် ထိခိုက်သေဆုံးမှုများပြားခဲ့ပြီးလေကြောင်းမှလည်းဗုံးကြဲတိုက်ခိုက်ခဲ့သည်။ယခုအခါနောက်ထပ်အင်အားထပ်ဖြည့်ရန် ကြိုးပမ်းလာခြင်းဖြစ်သည်။

ဖားကန့်မြို့ကို KIA ကမထိန်းချုပ်နိုင်သေးသော်လည်း စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားလည်း အပြည့်အဝ လည်ပတ်ခြင်းမရှိပေ။ ဆိုင်းတောင်ရွာကို KIA က ထိန်းချုပ်ထားသည်။ စစ်ကောင်စီက ဖားကန့်ကို စစ်ကြောင်းထိုးရန် ပြင်နေသလို တစ်ချိန်တည်းတွင် KIA တပ်မဟာ(၉) တပ်ရင်း (၂၆) ရှိသည့် မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးကန် အရှေ့ဘက်ခြမ်းကျေးရွာများကို လေကြောင်းမှ ဗုံးကြဲခဲ့သည်။ဧပြီလ၂၄ ရက် နံနက်ပိုင်းတွင်လည်းအင်းတော်ကြီးကန် အရှေ့ဘက်ခြမ်းကျေးရွာအချို့ကိုလေကြောင်းမှဗုံးထပ်မံကြဲသွားသည်။

စစ်ကောင်စီသည်ဧပြီလကုန်အထိအပစ်ရပ်စဲသည်ဟုကြေညာထားသော်လည်းလေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ၊ထိုးစစ်ဆင်မှုများလုပ်၍ကြေညာချက်အပေါ်အမြတ်ထုတ်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက People’s Spring အားပြောထားသည်။ဧပြီလတွင်တစ်ရက်မှ အပစ်ရပ်စဲခြင်းမရှိဘဲ KIA နယ်မြေအပါအဝင် နိုင်ငံတဝန်း လျက်ရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့များကပြောသည်။

စစ်​ကောင်စီသည် ဧပြီ ၂ရက် မှ ၂၂ရက်အထိ အပစ်ရပ်စဲကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပြီး ဧပြီ ၂၃ရက်မှ ၃၀ရက်အထိ သက်တမ်းတိုးကြောင်း ထပ်မံ ကြေညာခဲ့သည်။သို့သော်စစ်ကောင်စီသည် တစ်ရက်မှ အပစ်ရပ်စဲခြင်းမရှိဘဲ KIA နယ်မြေအပါအဝင် နိုင်ငံတဝန်း လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ထိုးစစ်ဆင်မှုများပြု လုပ်​နေကြောင်း တော်လှန်ရေးတပ်ဖွဲ့များက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မတ္တရာမြို့အတွင်းမှာ စစ်ကောင်စီတပ်က မြို့အနောက်ဘက်က ကျေးရွာတွေကို လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့လို့ ဒေသခံအမျိုးသမီးတစ်ဦး လက်နက်ကြီးထိမှန်ဒဏ်ရာရခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖသတင်းတာဝန်ခံက ပြောပါတယ်။

သတင်း

စစ်ကောင်စီတပ်နဲ့ပျူစောထီးတွေ ကြီးစိုးနေတဲ့ မြင်းခြံမြို့ပေါ်မှာ ဓါးပြတိုက်မှုဖြစ်ပွားပြီး နှစ်ဦးကိုဖမ်းမိထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

ကိုးကန့်တပ်ဖြစ်တဲ့ မြန်မာ့ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)က လားရှိုးမြို့ကနေ ဆုတ်ခွာပေးခဲ့မှုမှာ နှစ်ဖက် အဖွဲ့အစည်းတွေရဲ့ ဆန္ဒနဲ့အညီ ကြားဝင် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ရုံသာ ဖြစ်တယ်လို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။

သတင်း

ပြည်သူ့ကာကွယ်​ရေးတပ်မ​တော် (မန္တ​လေး)ထိန်းချုပ်ထားတဲ့မတ္တရာမြို့နယ်အ‌​ရှေ့ခြမ်းကိုစစ်ကောင်စီတပ်ကစစ်​ကြောင်းထိုးလာတဲ့အတွက် တိုက်ပွဲ​တွေဖြစ်ပွားနေတယ်လို့ စစ်ရေး သတင်းအရင်းမြစ်တွေ နဲ့ နယ်ခံ တော်လှန်ရေးတပ်တွေဆီကသိရပါတယ်။

Facebook