close
Connect with us

Hi, what are you looking for?

သတင်း

အပစ်ရပ်သက်တမ်းတိုးသည့်နေ့တွင် စစ်ကောင်စီက PNLOဌာနချုပ်နယ်မြေကို လက်နက်ကြီးဖြင့် ၁၀ကြိမ်ခန့် ပစ်ခတ်

အာဏာသိမ်းစစ်ကောင်စီသည် အပစ်ရပ်မည်ဟုထပ်မံသက်တမ်းတိုးကြေညာသည့်နေ့တွင် ဌာနချုပ်နယ်မြေသို့ လက်နက်ကြီးဖြင့် ၁၀ကြိမ်ခန့်ပစ်ခတ်ခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) ပြောရေးဆိုခွင့်ရှိသူ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။

စစ်ကောင်စီက PNLOဌာနချုပ်နယ်မြေ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အဆောက်အဦးအချို့ ပျက်စီးခဲ့သည်ကို တွေ့ရစဉ်။ ဓာတ်ပုံ − PNLA

ဧပြီ ၂၃၊၂၀၂၅။ဟန်နွေ/People’s Spring

အာဏာသိမ်းစစ်ကောင်စီသည် အပစ်ရပ်မည်ဟုထပ်မံသက်တမ်းတိုးကြေညာသည့်နေ့တွင် ဌာနချုပ်နယ်မြေသို့ လက်နက်ကြီးဖြင့် ၁၀ကြိမ်ခန့်ပစ်ခတ်ခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) ပြောရေးဆိုခွင့်ရှိသူ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။

စစ်ကောင်စီသည် ဧပြီ ၂ရက်မှ ၂၂ရက်ထိ အပစ်ရပ်စဲမည်ဟု ကြေညာထားသည့်အပြင် ဧပြီ ၂၃ရက်မှ ၃၀ရက်အထိ အပစ်ရပ်မည်ဟု ထပ်မံသက်တမ်းတိုးကြောင်း ကြေညာခဲ့သည်။ သို့သော် ထိုသို့ ကြေညာသည့်နေ့ ဧပြီ ၂၂ရက်တွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)ဌာနချုပ်နယ်မြေသို့ လက်နက်ကြီးဖြင့် ၁၀ကြိမ်ခန့် ပစ်ခတ်ခဲ့ဟု ခွန်ရိန်းယံက ပြောသည်။

“စစ်ကောင်စီက သူတို့ အပစ်အခတ်ရပ်စဲထားတယ်ဆိုတဲ့ ကြေညာထားတဲ့နောက်ဆုံးရက်။ ပြီးတော့ လကုန်အထိ သူတို့ ထပ်မံ သက်တမ်းတိုးတဲ့ရက်။ အဲဒီရက်မှာပဲ သူတို့က ကျနော်တို့ ဌာနချုပ် ဧရိယာမှာ ရှိတဲ့ ကျေးရွာတွေကို ၈၁မမတွေ၊ ပြီးတော့ ဟောင်ဝစ်ဇာ လက်နက်ကြီးတွေ သုံးပြီးတော့မှ ပစ်ခတ်တိုက်ခိုက်တယ်။ အနည်းဆုံး ၁၀ကြိမ်။ ပေါက်ကွဲတာလည်းရှိတယ် မပေါက်ကွဲတာလည်းရှိတယ်။ ပြည်သူလူထုရဲ့ အိမ်တချို့ ထိခိုက်တယ်။ လူထိခိုက်မှုတော့မရှိပါဘူး”ဟု ခွန်ရိန်းယံက ပြောသည်။

Public Service Announcement

Public Service Announcement

မြေငလျင်လှုပ်ပြီးနောက်ပိုင်း ပအိုဝ်းဒေသ၌ လူသေဆုံးမှုများအပါအဝင် ပြည်သူလူထု ထိခိုက်ဆုံးရှုံးမှုများကို စာနာသည့်အနေဖြင့် တော်လှန်ရေးတပ်ဖွဲ့များက ထိုးစစ်ဆင်ခြင်း စစ်ရေးပြင်ဆင်ခြင်း မပြုလုပ်သော်လည်း စစ်ကောင်စီက တိုက်ခိုက်မှုများလုပ်ဆောင်လာခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

“ဒီလုပ်ရပ်တွေက သေချာကြည့်လိုက်ရင် စစ်ကောင်စီက ကျနော်တို့ ဒေသမှာပဲ မဟုတ်ဘူး တခြားဒေသမှာလည်း အပစ်ရပ်ထားတဲ့ဆိုပြီး ဗုံးတွေကြဲတယ် ကလေးသူငယ်က အစသေဆုံးရတယ် ဆိုတဲ့ဟာတွေတွေ့ရတယ်။ ဒီဟာကို ကြည့်ခြင်းအားဖြင့် စစ်ကောင်စီက ငြိမ်းချမ်းမှု တည်ငြိမ်မှုကို တကယ်လိုလာတားမဟုတ်ဘူးဆိုတာ တွေ့နေရတဲ့အနေအထားဖြစ်ပါတယ်”ဟု ခွန်ရိန်းယံက ပြောသည်။

ဧပြီ ၂၂ရက် နံနက် ၈နာရီမှ ၁၁နာရီထိ မည်သည့်တိုက်ပွဲဖြစ်ပွားမှုမှ မရှိဘဲ ၊ စစ်ရေးလှုပ်ရှားခြင်းမရှိဘဲ PNLO ဌာနချုပ် ဧရိယာရှိကျေးရွာများနှင့် နောင်ထောင်ကျေးရွာကို လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့ရာ ပြည်သူ့ နေအိမ်များထိခိုက်ပျက်စီးခဲ့ဟု ဓာတ်ပုံမှတ်တမ်းနှင့်အတူ ဖော်ပြသည်။ စစ်ကောင်စီသည် ယခင်ကလည်း PNLOဌာနချုပ် ဧရိယာကို လက်နက်ကြီး တိုက်လေယာဉ်များဖြင့်တိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်တွင် စစ်ကောင်စီတပ်က ကျေးရွာများသို့ စစ်ကြောင်းထိုးနေပြီး ပြည်သူအချို့ကို ဖမ်းဆီးကာ ငွေသိန်းဆယ်ဂဏန်းဖြင့် ပြန်ရွေးခိုင်းသည့်ဖြစ်စဥ်များရှိနေကြောင်း ဒေသသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။

သတင်း

ဧပြီ ၂၃၊၂၀၂၅။ရှိန်း၊ဇော်ရမ်း/People’s Spring စစ်ကိုင်းတိုင်း၊ဒီပဲယင်းမြို့နယ်၊တောင်ကျေးရွာကို စစ်ကောင်စီက ဒီနေ့(ဧပြီ ၂၃ရက်) မွန်းလွဲပိုင်းက လေကြောင်းတိုက်ခိုက်ခဲ့ရာ ကလေးငယ်တစ်ဦးအပါအဝင်ပြည်သူ ၅ ဦး သေဆုံးပြီး ၆ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်​ကောင်စီက ဧပြီလကုန်အထိ အပစ်ရပ်တယ်လို့ကြေညာပြီး​နောက်​​နေ့မှာပဲဗုံးကြဲခဲ့တာဖြစ်ပါတယ်။ ဒီပဲယင်းမြို့နယ် အရှေ့တောင်ခြမ်းက လက်လှုပ်တောင်ကျေးရွာကို ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ ဒီနေ့...

သတင်း

စစ်ကိုင်းတိုင်းမှာ လေ‌ကြောင်းတိုက်ခိုက်မှု အများဆုံးဖြစ်

ဆောင်းပါး

ဖျက်အားပြင်း စစ်ကိုင်းငလျင်ဒဏ်ကို ရှမ်းပြည်နယ်​မြောင်ပိုင်းမှလားရှိုးမြို့မခံစားခဲ့ရပါ။သို့သော် ဒေသခံများ အလွန်စိုးရိမ်နေသည့်နိုင်ငံရေးငလျင်က လားရှိုးမြို့အပါအဝင် ရှမ်းပြည်နယ် မြောက်ပိုင်း၌ active ဖြစ်နေပါပြီ။

Facebook