close
Connect with us

Hi, what are you looking for?

သတင်း

စစ်​ရေးအကူအညီသတင်းများထွက်​ပေါ်လာပြီနောက် အိန္ဒိယအစိုးရကပင်မေးမြန်းလာ​ဟုCNF ပြောရေးဆိုခွင့်ရှိသူ ပြော

အမေရိကန်နိုင်ငံက ဘင်္ဂလားဒေ့ရှ်မှတဆင့် ချင်းအမျိုးသားတပ်ဦး(CNF) အပါအဝင် မြန်မာနိုင်ငံရှိ တော်လှန်ရေးတပ်ဖွဲ့အချို့အား စစ်ဘက်ဆိုင်ရာ အကူအညီများပေးအပ်ရန်စီစဥ်​နေသည်ဆိုသည့် သတင်းကို ပြည်ပသတင်းဌာနချို့က​ဖော်ပြခဲ့ပြီး​နောက်အိန္ဒိယအစိုးရကပါ မေးမြန်းစုံစမ်းလာကြောင်း ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောကြားသည်။

ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီ။ ဓါတ်ပုံ-CNF/CNA

ဧပြီ-၂၁၊၂၀၂၅။ဟန်နွေ/People’s Spring

အမေရိကန်နိုင်ငံက ဘင်္ဂလားဒေ့ရှ်မှတဆင့် ချင်းအမျိုးသားတပ်ဦး(CNF) အပါအဝင် မြန်မာနိုင်ငံရှိ တော်လှန်ရေးတပ်ဖွဲ့အချို့အား စစ်ဘက်ဆိုင်ရာ အကူအညီများပေးအပ်ရန်စီစဥ်​နေသည်ဆိုသည့် သတင်းကို ပြည်ပသတင်းဌာနချို့က​ဖော်ပြခဲ့ပြီး​နောက်အိန္ဒိယအစိုးရကပါ မေးမြန်းစုံစမ်းလာကြောင်း ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောကြားသည်။

ဆလိုင်းထက်နီက ဧပြီ ၂၁ တွင်ကျင်းပသည့် CNF/CNA ၊ CDF-KKG တို့၏ က​လေး​ဒေသမှစစ်ဆင်​ရေးနှင့် ပတ်သက်၍ ပူးတွဲသတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

“အိန္ဒိယ အစိုးရက တောင် မေးလာတဲ့အနေအထားတွေရှိတယ်။ဒါပေမဲ့အဲဒီကိစ္စက ကျနော်တို့ CNF အနေနဲ့ တိုက်ရိုက်မပတ်သက်တော့ အဓိကတော့ သတင်းမှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ အမေရိကနဲ့ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံရဲ့ကိစ္စဖြစ်တယ်။ အဲဒါသည် ဖြစ်နိုင်ပါတယ်လို့ပြောလို့မရသလို၊ မဖြစ်နိုင်ဘူးလို့ အတက်ပြောလို့လည်း မရပြန်ဘူး။ ဒီကိစ္စက ထဲထဲဝင်ဝင် သူတို့ နှစ်နိုင်ငံကိစ္စဖြစ်တဲ့အတွက်ကျနော့်အနေနဲ့ တရားဝင် ပြောဆိုလို့ မရသလို အဲဒါတွေကို ကျနော်အထက်လူကြီးတွေက အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးတာတွေ ကျနော်ကို အကြောင်းကြားတာတွေ အဲဒီလိုမျိုးမရှိသေးတော့ တရားဝင်ပြောဖို့ ခက်နေတဲ့ အနေအထားမှာ ရှိတယ် အဲဒီလောက်ပဲ ဖြေချင်ပါတယ်။” ဟု ဆလိုင်းထက်နီကပြောကြားသည်။

Public Service Announcement

Public Service Announcement

အိန္ဒိယအခြေစိုက်သတင်းဌာနအငယ်တစ်ခုဖြစ်​သော Northeast News သတင်းဌာနက ဧပြီ
၁၅ ရက်​နေ့တွင် အမေရိကန်အစိုးရက ဘင်္ဂလားဒေ့ရှ် စစ်တပ်၏အကူအညီကိုယူပြီးဘင်္ဂလားဒေ့ရှ်စစ်တပ်မှတပ်ရင်းသုံးရင်းမှတဆင့် ရခိုင်နှင့်ချင်းပြည်နယ်ထဲက တော်လှန်ရေးတပ်များကစစ်ကောင်စီကိုအနိုင်ယူ ဖြိုခွင်းနိုင်သည်အထိ စစ်ရေး အထောက်အပံ့ဇုန်တစ်ခု ထူထောင်ရန်ဆွေးနွေးခဲ့​ကြောင်းစတင်ဖော်ပြခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့်လက ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ဒါကာမြို့သို့အမေရိကန်အစိုးရ၏ ပစိဖိတ် စစ်ဦးစီးဌာန ဒုတိယ အကြီးအကဲဒုတိယဗိုလ်ချုပ်ကြီးဂျိုဝယ်လ်ဗောင်ဝဲလ် ရောက်ရှိခဲ့စဥ် ထိုကိစ္စကို ဘင်္ဂလားဒေ့ရှ် စစ်တပ်နှင့် ဆွေးနွေးခဲ့​​ကြောင်း Northeast News သတင်းဌာ​ရေးသားခဲ့ခြင်းဖြစ်သည်။

သို့​သော်အဆိုပါသတင်းကို အိန္ဒိယနိုင်ငံရှိယုံကြည်ရ​သော သတင်းဌာနကြီးများကမူ ​ဖော်ပြထားခြင်းမရှိ​သေး​ပေ။ ပြည်သသတင်းဌာနအနည်းငယ်ကသာ ကိုးကား၍ ပြန်လည်​ဖော်ပြမှုရှိသည်။ ထို့အပြင်အထက်ပါသတင်းသည် တရုတ်၏ ကြားဝင်စွက်ဖက်မှုဖြင့် လားရှိုးမြို့ကို MNDAAက စစ်​ကောင်စီထံပြန်​ပေးရန် စီစဥ်​နေချိန်တွင်အိန္ဒိယသတင်းဌာနက ​ဖော်ပြခဲ့ခြင်းဖြစ်သည်။

အဆိုပါ သတင်းနှင့်ပတ်သက်၍ ပြည်တွင်းမီဒီယာများ၏ မေးမြန်းမှုအချို့ရှိသကဲ့သို့ အိမ်နီးချင်းနိုင်ငံတခုဖြစ်သည့် အိန္ဒိယအစိုးရကလည်းမေးမြန်းလာခြင်းဖြစ်ကြောင်း ဆလိုင်းထက်နီကရှင်းပြသည်။

CNF အနေဖြင့် နွေဦးတော်လှန်ရေးကာလ၌ နိုင်ငံတကာ ၊ အိမ်နီးချင်းနိုင်ငံများနှင့် ထိတွေ့ဆက်ဆံမှုရှိကြောင်းလည်း၎င်းကဆက်ပြောသည်။

“နွေဦးတော်လှန်ရေးကာလမှာကျနော်တို့က နိုင်ငံတကာ ချိတ်ဆက်ရေးကို အတက်နိုင်ဆုံး အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေးပြီးတော့အင်အားကြီး နိုင်ငံတွေနဲ့ ဆက်ဆံရေးအဲဒါတွေကတော့ အဲဒီလို တွေ့ဆုံမှုတွေတော့ လုပ်ပါတယ်။ အခုကိစ္စ မကလို့ ကျန်တဲ့ ကိစ္စ တွေကသော်လည်းကောင်း တွေ့ဆုံမှုတွေ ဘာတွေလုပ်နေတာတော့ရှိတာပေါ့။” ဟုဆလိုင်းထက်နီက ပြောကြားသည်။

ယခုသတင်းထွက်​နေသည့် ဘင်္ဂလားဒေ့ရှ်မှတဆင့်စစ်ရေးအကူအညီများ ပေးမည်ဆိုသည့် သတင်းများနှင့်ပတ်သက်၍ အထက်ကညွှန်ကြားချက်မရ၍ တရားဝင် ပြောဆို၍ မရဟုလည်းသူက ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ သတင်းများနှင့်ပတ်သက်ပြီး အာရက္ခတပ်​တော်(AA)ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခထံသို့လည်း People’s Spring ကဆက်သွယ်မေးမြန်း
ထားဆဲဖြစ်သည်။

ချင်းပြည်နယ်တွင် CNF/CNA ဦး​ဆောင်​သောချင်း​​ကောင်စီ တပ်ဖွဲ့များ ၊ ချင်းညီ​နောင် ၊AA စ
သည့်တော်လှန်​ရေးတပ်ဖွဲ့များက မြို့နယ် အများစုကို သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်ပြီး ဟားခါး ၊ထန်တလန် ၊ တီးတိန် မြို့​ပေါ်တွင်သာစစ်​ကောင်စီတပ်ကျန်ရှိ​တော့သည်။ ရခိုင်ပြည်နယ်တွင်လည်း ၁၇ မြို့နယ်ရှိရာ AAက ၁၄ မြို့နယ်ကိုသိမ်းပိုက်ပြီးဖြစ်ကာ စစ်​တွေ ၊ ​ကျောက်​တော်၊ မာန်​အောင် သုံးမြို့နယ်တွင်သာစစ်​ကောင်စီတပ်ကျန်​တော့သည်။ အဆိုပါမြို့များကို ​တော်လှန်​ရေးအဖွဲ့များက ၎င်းတို့ဘာသာ ထိုးစစ်ဆင်သိမ်းယူခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

အပြစ်မဲ့ပြည်သူများကို မြန်မာ့နှစ်သစ်ကူး အခါကာလမရှောင် နေ့စဉ်ရက်ဆက် ပစ်ခတ်သတ်ဖြတ်နေသော စစ်ခေါင်းဆောင်အား အာဆီယံခေါင်းဆောင်များက တွေ့ဆုံဆွေးနွေးမည့်အပေါ် များစွာ အထူးစိုးရိမ်မကင်း ဖြစ်မိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် တော်လှန်ရေးအင်အားစုများက ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်သည်။

သတင်း

ချင်းညီနောင်နှင့် မဟာမိတ်တပ်ဖွဲ့တို့၏ ဖလမ်းမြို့သိမ်းတိုက်ပွဲ အောင်မြင်မှုအပေါ် ဂုဏ်ယူဝမ်းမြောက် ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF)က ယနေ့(ဧပြီ ၁၀ရက်) ထုတ်ပြန်သည်။

သတင်း

အာဏာသိမ်းစစ်ကောင်စီက ယာယီအပစ်ရပ်ကြေညာသော်လည်း ထိုးစစ်ဆင်မှုများ၊ လေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသည့် လုပ်ရပ်မှာ စက်ဆုပ်စရာကောင်းကြောင်း ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆို ခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

သတင်း

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ် နန်ဇံကျေးရွာကို စစ်ကောင်စီ၏ လက်ပါးစေ ဇိုမီးတပ် (ZRA)က အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့၍ အိမ်ခြေ ၈၀ပျော် မီးလောင်ပျက်စီးခဲ့ရာ အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ZRA တာဝန်ခံစေရမည်ဟု ချင်းအမျိုးသားတပ်ဦး(CNF)က ယနေ့(ဧပြီ ၇ရက်) ထုတ်ပြန်သည်။