ဧပြီ-၁၆၊၂၀၂၅။ယောနသံ/People’s Spring
စစ်ကောင်စီကင်းစင်သွားပြီဖြစ်တဲ့ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ရွာက ပြည်သူတွေဟာ ဒီနှစ်သင်္ကြန်ပွဲတော်ကိုလွတ်လပ်ရေးအရသာခံစားပြီးဆင်နွဲခဲ့ကြပါတယ်။
ကချင်ပြည်နယ် ၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ရွာမှာ ပြီးခဲ့တဲ့၂၀၂၄ ခုနှစ်စက်တင်ဘာလက တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်ခဲ့ပါတယ်။ ဆိုင်းတောင်ရဲစခန်းကို ဆိုင်းတောင်ရဲစခန်းကို KIA နဲဲ့ KPDF ပူးပေါင်းတပ်တွေက တိုက်ခိုက် သိမ်းယူခဲ့ရာကနေ တိုက်ပွဲတွေပြင်းထန်ခဲ့တာပါ။
စစ်ကောင်စီတပ်ကဆိုင်းတောင်ရွာကို လေကြောင်းကဗုံးကြဲတိုက်ခိုက်ခဲ့သလို မြေပြင်မှာလည်း နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

Public Service Announcement
အဲ့ဒီစက်တင်ဘာလကဆိုရင် ရာဂီမုန်တိုင်းမွှေလို့ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေမှာ ဆိုးရွားတဲ့ရေဘေး ကြုံတွေ့နေလို့ လူထုက စိတ်ပင်ပန်းနွမ်းနေနေချိန်မှာ စစ်ကောင်စီက ဆိုင်းတောင်ရွာကိုမီးရှို့ဖျက်ဆီးခဲ့တာပါ။ အဲဒီလုပ်ရပ်အပေါ် ဒေသအနှံ့ကလူထုက ပြစ်တင်ရှုံ့ချခဲ့ပါတယ်။
ဒီအခြေနေဆိုးတွေကို ဆိုင်းတောင်ဒေသခံတွေက ကြံ့ကြဲ့ခံခဲ့ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးတိုက်ပွဲထဲမှာ ပင်ပန်းဆင်းရဲခံခဲ့ကြပါတယ်။နောက်ဆုံးမှာ KIAနဲဲ့ KPDF ပူးပေါင်းတပ်တွေက ဆိုင်းတောင်ရဲစခန်းကနေ တရွာလုံးကိုပါ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပါတယ်။
ဒီကနေ့ သင်္ကြန်ပွဲတော် နောက်ဆုံးနေ့ သင်္ကြန်အတက်နေ့မှာတော့ ဆိုင်းတောင်ဒေသခံတွေဟာ ဘဝအမောတွေကိုခေတ္တမေ့ပစ်ပြီး ကခုန်ပျော်ပါးခဲ့ကြပါတယ်။ လွတ်မြောက်မှုရဲ့အရသာကို ခံစားကြရတာလို့ ဒေသခံတချို့ကပြောပါတယ်။
ဆိုင်းတောင်သင်္ကြန်ပွဲဟာ မနက်ကနေ ညအထိ စည်ကားခဲ့ပါတယ်။ စစ်ကောင်စီရဲ့လေကြောင်းရန်ကိုကြောက်ပေမယ့် တခါတလေပျော်ရွှင်ခွင့်ကို အမီအရဆုပ်ကိုင်လိုက်ခြင်းဖြစ်တယ်လို့ ဒေသခံတဦးကဆိုပါတယ်။ညမှောင်ရီပျိုးချိန်မှာတော့ ဆိုင်းတောင်ဒေသခံတွေဟာ သင်္ကြန်ပွဲတော်ကို လက်စသတ်လိုက်ပြီး ကိုယ့်အိမ်ကိုပြန်ခဲ့ကြပါတယ်။ စိတ်လွတ်ကိုယ်လွတ် ပျော်ရွှင်ရတဲ့အသာကို အပြည့်အဝခံစားခဲ့ရတယ်လို့ ဆိုင်းတောင်သင်္ကြန်ပွဲကိုဝင်လွှဲခဲ့တဲ့ လူငယ်တဦးကဆိုပါတယ်။
Video – Shwe Sai Sai Taung/Facebook
