close
Connect with us

Hi, what are you looking for?

သတင်း

စစ်ခေါင်းဆောင်အား အာဆီယံခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးမည့်အပေါ် NUG၊ KNU၊ KNPP၊ CNF၊ ABSDF နှင့် ​တော်လှန်​ရေးအင်အားစုများ ကန့်ကွက်

အပြစ်မဲ့ပြည်သူများကို မြန်မာ့နှစ်သစ်ကူး အခါကာလမရှောင် နေ့စဉ်ရက်ဆက် ပစ်ခတ်သတ်ဖြတ်နေသော စစ်ခေါင်းဆောင်အား အာဆီယံခေါင်းဆောင်များက တွေ့ဆုံဆွေးနွေးမည့်အပေါ် များစွာ အထူးစိုးရိမ်မကင်း ဖြစ်မိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် တော်လှန်ရေးအင်အားစုများက ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်သည်။

“တကယ်က ကူညီချင်လို့ လုပ်တာပဲ။ ဒါပေမဲ့ လုပ်ရပ်က လွဲမှားတဲ့အခါကျတော့ ကူညီရာ မရောက်ဘဲ မြန်မာပြည်သူတွေကို ပိုပြီးတော့ ဒုက္ခပေးရာ ရောက်တယ်”

− NUG ပြောခွင့်ရပုဂ္ဂိုလ်

ဧပြီ ၁၆၊ ၂၀၂၅။ အီယိုရီ/People’s Spring

အပြစ်မဲ့ပြည်သူများကို မြန်မာ့နှစ်သစ်ကူး အခါကာလမရှောင် နေ့စဉ်ရက်ဆက် ပစ်ခတ်သတ်ဖြတ်နေသော စစ်ခေါင်းဆောင်အား အာဆီယံခေါင်းဆောင်များက တွေ့ဆုံဆွေးနွေးမည့်အပေါ် များစွာ အထူးစိုးရိမ်မကင်း ဖြစ်မိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် တော်လှန်ရေးအင်အားစုများက ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်သည်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်နှင့် အာဆီယံခေါင်းဆောင်များတွေ့ဆုံရန်ရှိသည့် သတင်းနှင့် ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်နီပြည်အမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ အမျိုးသမီးများအဖွဲ့ချုပ်မြန်မာနိုင်ငံ(WLB)၊ ရိုဟင်ဂျာလွတ်မြောက်ရေးညွန့်ပေါင်းအဖွဲ့ (FRC)နှင့် အမည်မဖော်လိုသည့် အင်အားစုများက ယနေ့ ပူးတွဲသဘောထားကြေညာချက် ထုတ်ပြန်ခြင်းဖြစ်သည်။

“မြန်မာပြည်သူတွေကို စာနာထောက်ထားတယ်။ မြန်မာပြည်သူတွေအတွက် ကူညီပေးချင်တယ်ဆိုတဲ့ စိတ်စေတနာကို ကျွန်တော်တို့က တန်ဖိုးထားတယ်။ ဒါပေမဲ့ လုပ်ရပ်တွေ လွဲနေရင်တော့ မြန်မာပြည်သူတွေကို တကယ် ကူညီရာ မရောက်ဘူး။ တကယ်က ကူညီချင်လို့ လုပ်တာပဲ။ ဒါပေမဲ့ လုပ်ရပ်က လွဲမှားတဲ့အခါကျတော့ ကူညီရာ မရောက်ဘဲ မြန်မာပြည်သူတွေကို ပိုပြီးတော့ ဒုက္ခပေးရာ ရောက်တယ်” ဟု NUG ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် အာဆီယံခေါင်းဆောင်များ ယခုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် တွေ့ဆုံကြပြီး ငလျင်ဘေး ဒဏ်သင့် ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး ကိစ္စများကို ဆွေးနွေးကြမည်ဟု သိရသည်။ အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ်က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အာဆီယံခေါင်းဆောင်များ ထိုင်းနိုင်ငံ၊​ ဘန်ကောက်မြို့၌ တွေ့ဆုံမည်ဟု ပြောကြားထားသည်။

ခွဲခြားဆက်ဆံမှုနှင့် ဘက်လိုက်မှုကင်းသော လူသားချင်းစာနာထောက်ထားမှုအကူအညီများအား တိုင်းပြည် နယ်နိမိတ်စုစုပေါင်း၏ (၂၂)ရာခိုင်နှုန်းကိုသာ စိုးမိုးထိန်းချုပ်စီမံအုပ်ချုပ်နိုင်သည့် စစ်အုပ်စုထံ တိုက်ရိုက် ဆက်ဆံပေးအပ်ခြင်း မဟုတ်ဘဲ အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုင်းရင်းသား တော်လှန်ရေး အင်အားစုများက ထိန်းချုပ်စီမံအုပ်ချုပ်ထားသည့် နယ်မြေများရှိ ပါဝင်ပတ်သက်သူ အစုအဖွဲ့ များအားလုံးနှင့် ချိတ်ဆက်ပေးအပ် ထောက်ပံ့ရန် လိုအပ်ကြောင်း အထက်ပါ တော်လှန်ရေးအင်အားစုများက ထောက်ပြသည်။

“စစ်အုပ်စုက authorized person မဟုတ်ဘူးဗျ။ သူ့ကို မြန်မာပြည်သူလူထုက တိုင်းပြည်ကို အုပ်ချုပ်ဖို့ ခွင့်ပြုထားတဲ့သူ မဟုတ်ဘူး။ မြန်မာနိုင်ငံမှာ သူ့အပြင် NUG အပါအဝင် legitimacy ဖြစ်နေတဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ ရှိနေတယ်။ သူ့ကို တချို့ကိစ္စတွေ ဆောင်ရွက်ဖို့ လိုကောင်းလိုမယ်။ သူတစ်ယောက်တည်းနဲ့ not enough ၊ မလုံလောက်ဘူးဆိုတာကို ကျွန်တော်တို့ အဓိက highlight လုပ်တယ်။ NUG အပါအဝင် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့ ဆက်သွယ်ဆောင်ရွက်ဖို့ လိုမယ်။ အဲဒါက အရေးကြီးတယ်” ဟု NUG ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်အုပ်စုသည် အာဆီယံ၏ ဘုံသဘောတူညီချက် (၅)ချက်ပါ အခြေခံအချက် တခုဖြစ်သော အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်ရေးဆိုသည့် မူအပြင် အာဆီယံ အဖွဲ့ဝင်နိုင်ငံများ ရှေ့မှောက်တွင် လိုက်နာရန်သဘောတူညီခဲ့မှုအား ပြောင်ပြောင်တင်းတင်းချိုး ဖောက်နေသည့် တရားခံလည်း ဖြစ်ကြောင်း တော်လှန်ရေးအဖွဲ့များက ပြောသည်။

အာဆီယံခေါင်းဆောင်များ အနေဖြင့် လူသားခြင်းစာနာထောက်ထားသည့် အကူအညီများကို ခွဲခြား ဆက်ဆံမှုမရှိ ၊ ဘက်မလိုက်ဘဲ Humanitarian Principles များနှင့်အညီ ထိရောက်စွာ အကူအညီ ပေးနိုင်ရေးအတွက် ဆောင်ရွက်ရာတွင် စစ်ခေါင်းဆောင်မင်းအောင်လှိုင်မှတဆင့် ပေးအပ်ခြင်းကိုသာ ပြုလုပ်ပါက လူသားချင်းစာနာထောက်ထားသည့်အကူအညီများသည် နိုင်ငံရေးအရ အလွဲ အသုံးချမည့် အန္တရာယ်ကို မလွဲမသွေတွေ့ကြုံရမည် ဖြစ်သောကြောင့် စစ်အုပ်စုမှတဆင့်သာ ပေးအပ်ခြင်းကို တော်လှန်ရေး အင်အားစုများအနေဖြင့် အပြင်းအထန်ကန့်ကွက်ကြောင်း သဘောထား ထုတ်ပြန်သည်။

“မြန်မာပြည်သူတွေကို ကူညီချင်တဲ့ဆိုတဲ့ အကြောင်းပြချက်နဲ့ မင်းအောင်လှိုင်ကို တရားဝင်မှု ပေးတာမျိုး၊ မင်းအောင်လှိုင်ကို အကူအညီပေးတာမျိုး ဖြစ်သွားရင် မြန်မာပြည်သူတွေကို ကူညီရာ မရောက်ဘဲ ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို ပိုပြီးတော့ ဒုက္ခတွင်းထဲ နက်အောင် အဲဒီလူတွေကပါ ပူးပေါင်းဆောင်ရွက်တဲ့ပုံစံ ဖြစ်သွားမှာပေါ့နော်။ ဒါကို သတိထားဖို့ လိုမှာပေါ့” ဟု ဦးနေဘုန်းလတ်က မှတ်ချက်ပြုသည်။

လူသားချင်းစာနာထောက်ထားမှုပေးခြင်းဆိုင်ရာ လုပ်ငန်းစဥ်များ ဆောင်ရွက်ရာတွင် စစ်အုပ်စု နှင့် ထိတွေ့ဆက်ဆံခြင်းနှင့် တိုက်ရိုက်ဦးတည်ထောက်ပံ့နေခြင်းသာမက အမှန်တကယ် ထိခိုက်ခံစား နေရသည့် သဘာဝဘေး ၊ စစ်ဘေးဒဏ်ခံ မြန်မာပြည်သူများ ထံသို့ အကူအညီ ပေးရေး အစီအစဥ်များ တိုက်ရိုက်ရောက်ရှိနိုင်စေရန် သက်ဆိုင်သူများအားလုံးနှင့် လုပ်ငန်းစဉ် တရပ်အဖြစ် ချိတ်ဆက် ဆောင်ရွက်သွားရန် အထူးပင်လိုအပ်ကြောင်း တော်လှန်ရေးအင်အားစုများက တိုက်တွန်းသည်။

ယင်းနောက် စစ်ဘေးဒဏ်နှင့် မြေငလျင်သဘာဝဘေးဒဏ်ကြောင့် အတိဒုက္ခရောက်နေသည့် ပြည်သူများကို ကူညီထောက်ပံ့ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များကို အရေးတကြီး ဆောင်ရွက်ရမည့် ကာလတွင် စစ်အုပ်စုက တဖက်သတ်ဦးစီးကျင်းပရန် ပြင်ဆင်နေသည့် ရွေးကောက်ပွဲဆိုသည်မှာလည်း မြန်မာ့အရေးကို ဖြေရှင်းနိုင်မည့် ဦးစားပေးလုပ်ငန်းစဉ် မဟုတ်ကြောင်း ပူးတွဲထုတ်ပြန်ချက်ပါ တော်လှန်ရေးအင်အားစုများက ထပ်လောင်းအသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အနေဖြင့် ဘဏ္ဍာရန်ပုံငွေ၏ ၉၄ ရာခိုင်နှုန်းကို စစ်ရေးကဏ္ဍတွင် အသုံးပြုခဲ့ကြောင်း NUGက အသိပေး ထုတ်ပြန်သည်။

သတင်း

■​ကျောက်တုံးကြီးပြုတ်ကျမည်ကို ​ဒေသခံများစိုးရိမ်​နေ ဧပြီ-၁၆၊၂၀၂၅။ခွာညို/People’s Spring စစ်ကိုင်းငလျင်ဒဏ်‌ကြောင့် လူနေရပ်ကွက်အတွင်း ပြိုကျမည့်အန္တရာယ်ရှိနေသော ကျောက်ဆည်မြို့ရှိ စေတီတည်ထားသော ကျောက်သေတ္တာကျောက်တုံးကြီးကို ဖြိုမချဘဲကွန်ကရစ်‌လောင်း၍ ထိန်းသိမ်းရန် အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ညွှန်ကြားသွားသည်။ ကျောက်ဆည်မြို့၊ ရွှေသာလျောင်းဘုရားတည်ထားတဲ့ ရွှေသာလျောင်းတောင်ပေါ် မှ ကျောက်တုံးကြီး(ဒေသအခေါ် ကျောက်သေတ္တာ)သည် မတ်လ ၂၈ရက်က...

သတင်း

အင်း​တော်မြို့သိမ်းတိုက်ပွဲမှာဖမ်းဆီးရရှိတဲ့ တပ်မ (၇၇)တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦးအားစစ်​ဆေး​မေးမြန်းမှုများပြုလုပ်​နေတယ်လို့ အမျိုးသားညီညွတ်​ရေးအစိုးရ (NUG) ၊ ဝန်ကြီးချုပ်ရုံး​ပြော​ရေးဆိုခွင့်ရှိသူ ဦး​နေဘုန်းလတ်က​ပြောပါတယ်။

သတင်း

အာဆီယံခေါင်းဆောင်တွေဟာ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ ဒီသီတင်းပတ်အတွင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ တွေ့ဆုံကြမယ်လို့ မလေးရှားဝန်ကြီးချုပ် အန်ဝါအိုအီဘရာဟင်မ်က ပြောဆိုလိုက်ပါတယ်။

Facebook