close
Connect with us

Hi, what are you looking for?

သတင်း

ကရင်နီပြည် တပ်ကူလာသည့် ခမရ(၅၁၇)တပ်ရင်းမှ တပ်သားသစ်နှစ်ဦး KDF ထံ အလင်းဝင်လာ

ကရင်နီပြည်နယ်သို့ တပ်ကူလာသည့် ရှမ်းပြည်တောင်ပိုင်း၊ မိုင်းပွန်မြို့နယ်အခြေစိုက် ခမရ(၅၁၇) တပ်ရင်းမှ တပ်သားသစ်နှစ်ဦး အလင်းဝင်လာကြောင်း ကရင်နီဒီမိုကရက်တစ်တပ်ဦး(KDF)မှ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

တော်လှန်ရေးတပ်မှ တာဝန်ရှိသူနှင့်အတူ တွေ့ရသော အလင်းဝင်လာသော တပ်သားသစ်နှစ်ဦး။ ဓာတ်ပုံ − Loikaw Local PDF/KDF

ဧပြီ၂၁၊၂၀၂၅။ရဲခေါင်/People’s Spring

ကရင်နီပြည်နယ်သို့ တပ်ကူလာသည့် ရှမ်းပြည်တောင်ပိုင်း၊ မိုင်းပွန်မြို့နယ်အခြေစိုက် ခမရ(၅၁၇) တပ်ရင်းမှ တပ်သားသစ်နှစ်ဦး အလင်းဝင်လာကြောင်း ကရင်နီဒီမိုကရက်တစ်တပ်ဦး(KDF)မှ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ဧပြီ ၁၉ ရက်က လွိုင်ကော်မြို့နယ် ဒေသခံပြည်သူကာကွယ်ရေးတပ်ထံသို့ ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းပွန်မြို့နယ်အခြေစိုက် ခမရ(၅၁၇)တပ်ရင်းမှ စစ်ကောင်စီတပ်သား နှစ်ဦးသည် လက်နက်မဲ့ အလင်းဝင်ရောက် ပူးပေါင်းလာခဲ့ခြင်းဟု ဆိုသည်။

“ကရင်နီကို တပ်ကူလာရတယ်လို့ သိထားပါတယ်။နဂိုကတည်းကတော့ အလင်းဝင်ဖို့ ကျွန်တော်တို့နဲ့ ချိတ် ဆက်ထားတာပေါ့။လက်နက် ယူမလာနိုင်ဘဲ လူဘဲအရင်ထွက်လာနိုင်ခဲ့တဲ့အနေအထား ဖြစ်သွားရတယ်”ဟု အထက်ပါ တာဝန်ရှိသူက အလင်းဝင်လာသည့် အဓမ္မပြည်သူ့စစ်မှုထမ်းရသူနှစ်ဦး၏ အခြေ အနေကို ရှင်းပြသည်။

Public Service Announcement

Public Service Announcement

အလင်းဝင်လာသူနှစ်ဦးသည် စစ်ကောင်စီ၏ စစ်မှုထမ်း အပတ် စဉ်(၅)၊(၆) သင်တန်းဆင်းဖြစ်ပြီး စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက် ဖမ်းဆီးခြင်းခံခဲ့ရကာ အတင်းအဓမ္မလူသစ်စုဆောင်းခံခဲ့ရသူများဟု KDFက အသိပေးသည်။

အလင်းဝင်ခိုလှုံလာသော တပ်သားများအား လုံခြုံသောနေရာတွင် ထားရှိထားပြီးဖြစ်ကာ အဆိုပါတပ်သားများအား နွေးထွေးစွာကြိုဆိုကြောင်းနှင့် တပ်သားများ၏ ဆန္ဒအလျောက် လွတ်လပ်စွာ ရွေးချယ်ခွင့်များကို အလေးပေးဆောင်ရွက်နေကြောင်းလည်း ဖော်ပြသည်။

ယခုနှစ် ဇန်နဝါရီ ၂၉ရက်ကလည်း ဘောလခဲမြို့အခြေစိုက် ခမရ(၄၂၉)တပ်ရင်းမှ စစ်ကောင်စီတပ်သားလေးဦးသည် လက်နက် ၃လက်နှင့် အတူ KDFထံ အလင်းဝင်ရောက်ခဲ့သည်။

ကရင်နီပြည်နယ်၌ စစ်ကောင်စီတပ်တွင် အဓမ္မစစ်မှုထမ်းရသူများအနက် အလင်းဝင်ဘက်ပြောင်းလာသူ ရာနှင့်ချီရှိကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တာဝန်ရှိသူက လူထုနွေဦးသို့ ပြောထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ဘောလခဲမြို့နယ်ရှိဝမ်မလန်းစခန်းကုန်းသိမ်းတိုက်ပွဲတွင် ရဲဘော်သုံးဦးကျဆုံးခဲ့ကြောင်း ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(BPDF) တပ် ရင်းအမှတ်-1105 က ယနေ့သတင်းထုတ် ပြန်သည်။

သတင်း

စစ်ကောင်စီက ယာယီအပစ်ရပ်မည်ဟု ကြေညာသော်လည်း ကရင်နီပြည်နယ်ကိုလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ပြီး မြေပြင်မှလက်နက်ကြီးဖြင့် ပစ်ခတ်၍ ရဲဘော်တစ်ဦးနှင့် အရပ်သားတစ်ဦး ကျဆုံးပြီး သုံးဦးဒဏ်ရာရခဲ့ကြောင်း ကရင်နီစစ်ဘက်သတင်းရင်းမြစ်အချို့က လူထုနွေဦးသို့ ပြောသည်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ရှိ စစ်ရှောင်စခန်းတစ်ခုအား စစ်ကောင်စီက လေကြောင်းမှ ဗုံး ၁၅လုံးထက်မနည်းကြဲ တိုက်ခိုက်ခဲ့ကြောင်း ကရင်နီအရေးပေါ်ကယ်ဆယ်ရေး(CTER-Karenni)က ယနေ့(မတ်လ ၁၂ ရက်) အသိပေးထုတ်ပြန်သည်။

သတင်း

ကရင်နီပြည်တွင် နွေကာလ သောက်သုံးရေရှားပါးမှု ယခင်နှစ်များထက် ဆိုးရွားနေပြီး ဝိုင်းဝန်းလှူဒါန်းပေးကြရန် အရပ်ဘက်ကူညီရေးအဖွဲ့များက တိုက်တွန်းထားသည်။