close
Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းငလျင်ကြီးကြောင့် နေပြည်တော်၌ အိမ်ထောင်စုလိုက်ရွှေ့ပြောင်းနေထိုင်ရမှု မန္တလေးနှင့် စစ်ကိုင်းတိုင်းထက် ပိုများနေ

စစ်ကိုင်းငလျင်ကြီးကြောင့် စစ်ကောင်စီအခြေစိုက် နေပြည်တော်သည် အိမ်ထောင်စုလိုက် ရွှေ့ပြောင်းနေထိုင်ရမှုမှာ မန္တလေးနှင့် စစ်ကိုင်းတိုင်းထက် အဆမတန်ပိုများနေကြောင်း စစ်ကောင်စီ၏ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကိုင်းငလျင်ကြီးကြောင့် နေပြည်တော်ရှိ စစ်ကောင်စီအဖွဲ့ အစည်းအဝေးပြုလုပ်သည့်ခန်းမ ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - Sett Aung/FB

ဧပြီ ၁၆၊၂၀၂၅။ရဲခေါင်/People’s Spring

စစ်ကိုင်းငလျင်ကြီးကြောင့် စစ်ကောင်စီအခြေစိုက် နေပြည်တော်သည် အိမ်ထောင်စုလိုက် ရွှေ့ပြောင်းနေထိုင်ရမှုမှာ မန္တလေးနှင့် စစ်ကိုင်းတိုင်းထက် အဆမတန်ပိုများနေကြောင်း စစ်ကောင်စီ၏ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဧပြီ ၁၄ ရက်က စစ်ကောင်စီ၏ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန နောက်ဆုံးအစီရင်ခံစာအရ ငလျင်ဘေးသင့်သူများ ယာယီပြောင်းရွှေ့ အိမ်ထောင်စုနှင့် ကယ်ဆယ်ရေးစခန်းဖွင့်ထားမှု စာရင်း အချက်အလက်အရ နေပြည်တော်၌ ပြောင်းရွှေ့နေထိုင်ရသည့် အိမ်ထောင်စုပေါင်း ၂၇,၀၀၀စုခန့်ရှိနေသည်။

ငလျင်ဒဏ်သင့်၍ နေပြည်တော်၌ စစ်ကောင်စီ၏ ကယ်ဆယ်ရေးစခန်း ၇၅ ခုတွင် ယာယီရွှေ့ပြောင်း နေထိုင်သည့် အိမ်ထောင်စု ၂,၉၅၅ စုရှိကာ ကိုယ်ပိုင်အစီအစဥ်ဖြင့် ရွှေ့ပြောင်းနေထိုင်သည့် အိမ်ထောင်စု ၂၃,၈၅၆ စုရှိကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

မန္တလေးတိုင်းတွင် ကယ်ဆယ်ရေးစခန်း ၆၀ ၌ အိမ်ထောင်စု ၂,၃၈၈ စုရှိကာ မိမိအစီအစဥ်ဖြင့် ပြောင်းရွှေ့သည့် အိမ်ထောင်စု ၉,၂၃၇စု ရှိကြောင်းသိရသည်။

စစ်ကိုင်းတိုင်း၌ ကယ်ဆယ်ရေးစခန်းသို့ရောက်လာသည့် အိမ်ထောင်စု ၂,၆၃၅ စုနှင့် အခြားသို့ ရွှေ့ပြောင်းသည့် အိမ်ထောင်စု ခြောက်ခုရှိကြောင်း အဆိုပါစာရင်းတွင် ဖော်ပြထားသည်။

ထို့အပြင် ရှမ်းပြည်နယ်တွင် ကယ်ဆယ်ရေးစခန်းလေးခု၌ အိမ်ထောင်စု ၂၂၅ စုနှင့် မိမိအစီအစဥ်ဖြင့် ရွှေ့ ပြောင်းနေထိုင်သည့်အိမ်ထောင်စု ၅,၅၂၅စုရှိသည်။

“ဝန်ထမ်းအိမ်ရာ အကုန်နီးပါးက နေမရတော့ဘူး။အဲဒါတွေကို အခု သူတို့(စစ်​ကောင်စီ)အမြန်ဆုံးပြန်ဆောက်ဖို့ ညွှန်ကြားတာရှိတယ်။ပြီးတော့ ဝန်ထမ်းတွေကို နေပြည်တော်က နေထွက်မသွားဖို့ သတိပေးထားတယ်”ဟု နေပြည်တော်ရှိ ဝန်ထမ်းတစ်ဦးနှင့် ဆွေမျိုးတော်စပ်သူက လူထုနွေဦးသို့ ပြောသည်။

ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုတွင် ၎င်းတို့အခြေစိုက်ရာ နေပြည်တော်၏ ပျက်စီးမှုအခြေအနေကို စစ်ကောင်စီက သတင်းထိန်းချုပ်ထားဆဲ ဖြစ်သည်။

သို့သော် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၏ နောက်ဆုံးအစီရင်ခံစာတွင် ငလျင်ကြောင့် ရုံးဌာန ပျက်စီးမှု ၅,၄၈၈ ခုရှိကာ နေအိမ် ၅၂,၆၇၁လုံးရှိခဲ့ကြောင်း ဖော်ပြထားသည်။

သေဆုံးမှုအရ နေပြည်တော်၌ ၆၆၅ ဦး၊စစ်ကိုင်းတိုင်း၌ ၆၁၅ ဦး၊ မန္တလေးတိုင်း၌ ၂၂၆၃ ဦး၊ပဲခူးတိုင်း၌ ၄၄ ဦးနှင့် ရှမ်းပြည်နယ်၌ ၆၈ ဦး ရှိသည်ဟု ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဧပြီ ၁၆)မှာ တော်လှန်သင်္ကြန်အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

စစ်ကိုင်းငလျင်ကြီးကြောင့် မန္တလေးမြို့၌ အဆောက်အအုံပြိုကျမှုများအတွင်း သေဆုံးသူအချို့ ထပ်မံတွေ့ရှိကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်သည်။

သတင်း

■​ကျောက်တုံးကြီးပြုတ်ကျမည်ကို ​ဒေသခံများစိုးရိမ်​နေ ဧပြီ-၁၆၊၂၀၂၅။ခွာညို/People’s Spring စစ်ကိုင်းငလျင်ဒဏ်‌ကြောင့် လူနေရပ်ကွက်အတွင်း ပြိုကျမည့်အန္တရာယ်ရှိနေသော ကျောက်ဆည်မြို့ရှိ စေတီတည်ထားသော ကျောက်သေတ္တာကျောက်တုံးကြီးကို ဖြိုမချဘဲကွန်ကရစ်‌လောင်း၍ ထိန်းသိမ်းရန် အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ညွှန်ကြားသွားသည်။ ကျောက်ဆည်မြို့၊ ရွှေသာလျောင်းဘုရားတည်ထားတဲ့ ရွှေသာလျောင်းတောင်ပေါ် မှ ကျောက်တုံးကြီး(ဒေသအခေါ် ကျောက်သေတ္တာ)သည် မတ်လ ၂၈ရက်က...

သတင်း

ဧပြီ-၁၅၊၂၀၂၅။ သုည/People’s Spring စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဧပြီ ၁၅)မှာ တော်လှန်သင်္ကြန်အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။ ယင်းမာပင်မြို့နယ်မှာ အောင်လံလွှင့်မည်ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းက တော်လှန်သင်္ကြန်အဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေးလူထုသပိတ် ချီတက်ဆန္ဒပြခဲ့ပါတယ်။ ယင်းမာပင်မြို့နယ် မြောက်ခြမ်းမှာလည်း...