ဧပြီ – ၂၁၊၂၀၂၅၊ ဆိုင်းမင်း/People’s Spring
ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားတဲ့ မန္တလေး စျေးချိုတော် တောင်၊မြောက် တိုက်တန်းစျေးရုံ တွေကို အနီရောင်အဆင့်သတ်မှတ်ပြီး ဖြိုဖျက်သွားမယ်လို့ စျေးအကျိုးတော်ဆောင်အဖွဲ့က ဧပြီ ၂၀ ရက်မှာထုတ်ပြန်ပါတယ်။
စျေးချိုတော် ဧရိယာထဲက စျေးရုံအသီးသီးရဲ့ ကြံခိုင်မှုကို ဧပြီလ ပထမ ပတ်အတွင်း စစ်ဆေးခဲ့တာလို့ အသိပေးပါတယ်။ အဲဒီစစ်ဆေးမှုမှာ အိန္ဒိယ စစ်အင်ဂျင်နီယာအဖွဲ့လည်းပါဝင်ခဲ့တယ်လို့သိရပါတယ်။
စစ်ဆေးတွေ့ရှိချက်တွေ အရ တောင်၊ မြောက်တိုက်တန်းစျေးရုံတွေကို အနီရောင်အဆင့်သတ်မှတ်ပြီး ဖျက်သိမ်းသွား မှာဖြစ်တယ်လို့အသိပေးပါတယ်။

Public Service Announcement
ဆိုင်ခန်းပိုင်ရှင်တွေအနေနဲ့ ပစ္စည်းသိမ်းဆည်းခွင့်ကို ဧပြီ ၉ရက်အထိ ခွင့်ပြုထားပြီးဖြစ်တယ်လို့လည်း စျေးအကျိုးတော်ဆောင်အဖွဲ့က ဆိုပါတယ်။
ဖြိုချမယ့် တောင်၊ မြောက်တိုက်တန်းဈေးရုံ ဆိုင်ခန်းပိုင်ရှင်တွေကို ပြန်လည်နေရာချထားပေးမယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး စျေးအကျိုးတော်ဆောင်အဖွဲ့ရဲ့အသိပေးထုတ်ပြန်ချက်မှာ မပါရှိပါဘူး။
တောင်၊မြောက်စျေးရုံတိုက်တန်းတွေဟာ စျေးချိုတော်နဲ့ မန်းမြန်မာပလာဇာအရှေ့ဘက်၊ ၂၆ လမ်းနဲ့ ၂၈ လမ်းကြား ၊ ၈၄ လမ်းရဲ့ အရှေ့ဘက်မှာ တည်ရှိတာပါ။
အဆင်မြင့်စျေးချိုတော်ကတော့ အဆောက်အဦးကြံခိုင်ရေးအတွက် အရေးကြီးတဲ့ ပင်မ အစိတ်အပိုင်းတွေ ထိခိုက်ပျက်စီးမှု မရှိတာကိုစစ်ဆေးတွေ့ရှိရတယ်လို့ စျေးအကျိုးတော်ဆောင်အဖွဲ့ ကပြောထားပါတယ်။
ဒါကြောင့် အဆင့်မြင့်စျေးချိုတော် စျေးရုံ ကိုလာမယ့်ဧပြီလ ၂၄ ရက်ကစတင်ပြီး ပုံမှန်စျေးဖွင့်ရက်တွေအတိုင်း ပြန်လည်ဖွင့်လှစ်ပေးသွားမယ်လို့သိရပါတယ်။
