close
Connect with us

Hi, what are you looking for?

သတင်း

ထီးထာဗျူဟာစခန်းသိမ်းတိုက်ပွဲ၌ စစ်​ကောင်စီဗျူဟာမှူး​သေဆုံး

လက်နက်ခဲယမ်းများစွာသိမ်းဆည်းရရှိဟုစခန်းသိမ်းတိုက်ပွဲ၌ပါဝင်သည့် FFD ပြော

စခန်းသိမ်းပြီး​​နောက် ​တော်လှန်​ရေးတပ်ဖွဲ့ဝင်များကို ​တွေ့ရစဥ်။ ဓါတ်ပုံ-FFD ၊ Karen Blood

ဟန်နွေ/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ(၄) ထားဝယ်ခရိုင် အတွင်း မြန်မာ-ထိုင်းနယ်စပ်ရှိ ထီးထာဗျူဟာစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီ ဗျူဟာမှူး သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများစွာ သိမ်းပိုက်ရရှိခဲ့ဟုစခန်းသိမ်းတိုက်ပွဲ၌ပါဝင်ခဲ့သည့် တော်လှန်ရေးတပ်ဖွဲ့တခုဖြစ်သော Force for Federal Democracy(FFD) ဒုတာဝန်ခံ ကိုအောင်အောင်က ပြောပြသည်။

စစ်ကောင်စီ၏ထီးထာဗျူဟာစခန်းကိုဧပြီ ၁၁ရက်တွင် စတင်ထိုးစစ်ဆင်ခဲ့ရာ ဧပြီ ၁၉ရက်ညနေတွင် အပြီးသတ် သိမ်းနိုင်ခဲ့ဟု တပ်မဟာ(၄) ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နားက ဧပြီ ၁၉ ရက်နေ့တွင် ပြောပြထားသည်။ စခန်းသိမ်းတိုက်ပွဲကို KNU/KNLA တပ်မဟာ(၄)၏ စစ်ရေးဦးဆောင်မှုနှင့်အတူ FFD၊ PDF၊ FFDမှ ဦးဆောင်သင်ကြားပေးလျက်ရှိသည့် ဒရုန်းသင်တန်းသားများ စုပေါင်း တိုက်ခိုက်ခဲ့ဟု FFD ဒုတာဝန်ခံက ပြောပြသည်။

“တပတ်လောက်တိုက်ခိုက်ခဲရတယ်။ဗျူဟာမှူးကို အသေမိတာဖြစ်ပါတယ်။စစ်ကောင်စီဆီကနေ ပြီးတော့လက်နက်ခဲယမ်းတွေများစွာ ရရှိထားပေမယ့် သတင်းထုတ်ပြန်ချက်မရသေးတဲ့အတွက်သတင်းထုတ်ပြန်လို့တော့ မရသေးဘူး။ဗျူဟာစခန်းဖြစ်တဲ့အတွက်အင်အား အသင့်အတင့်ရှိပါတယ်”ဟု FFD ဒုတာဝန်ခံ ကိုအောင်အောင်က ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲတွင် ပါဝင်သည့် ဒရုန်း သင်တန်းသားများကို သင်တန်း သင်ကြားပြီးပြီးခြင်း မြေပြင်၌ လက်တွေ့ ဝင်ရောက် တိုက်ခိုက်သိမ်းပိုက် အောင်ပွဲရရှိခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

“အကျအဆုံးစာရင်း၊ ထွက်ပြေးလွတ်မြောက် စာရင်း ၊ သိမ်းဆည်းရမိ တဲ့ စုစုပေါင်း လက်နက် အရေအတွက် တွေကို အတည်မပြု နိုင်သေးလို့ ကျနော်တို့ ထုတ်ပြန်ခွင့် မရသေးပါဘူးဗျ” ဟု ကိုအောင်အောင်က စခန်းသိမ်းတိုက်ပွဲ အခြေအနေမေးမြန်းမှုအပေါ် ပြန်လည်ရှင်းပြသည်။

ယခု သိမ်းပိုက်ခဲ့သည့် ထီးထာစခန်းသည် ယခင်က KNU တပ်မဟာ(၄) ၏ ခရိုင်အဆင့် အုပ်ချုပ်ရေး ဌာနချုပ် နယ်မြေဖြစ်ပြီး ၁၉၉၇ တွင် စစ်တပ်က သိမ်းပိုက်ခဲ့ရာ ၂၈နှစ်အကြာတွင် ပြန်လည်သိမ်းပိုက်နိုင်ခဲ့ခြင်းလည်းဖြစ်သည်ဟုဆိုသည်။

ထို့ပြင် စစ်တပ်အာဏာသိမ်းပြီးနောက် တပ်မဟာ(၄)နယ်မြေအတွင်းရှိ ဗျူဟာအဆင့် စစ်ကောင်စီစခန်းကို ပထမဆုံးသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ပဒိုစောအယ်နားက ပြောပြသည်။

ယခု စခန်းသိမ်းတိုက်ပွဲ၌ ပါဝင်နေသည့် FFD အနေဖြင့်လည်း တနင်္သာရီတိုင်း အပါအဝင် အခြားဒေသများ၌ပါ ရဲဘော်သစ်များ စုဆောင်းနေ၍ ဒရုန်းအပါအဝင် မိမိတက်ကျွမ်းသည့် အတက်ပညာဖြင့် ဖြစ်စေ မြေပြင် ခြေမှုန်းရေးဖြင့် ဖြစ်စေ စစ်အာဏာရှင်တိုက်ဖျက်ရေးတွင် ပါဝင်လိုသူများအနေဖြင့် FFD ဖေ့စ်ဘွတ်ခ် Page သို့ ဆက်သွယ်ပြီး ရဲဘော်အဖြစ်လျှောက်ထားနိုင်ကြောင်း အဖွဲ့ ဒုတာဝန်ခံ ကိုအောင်အောင်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မဟာ(၄)နယ်မြေ၌ ဗျူဟာစခန်းကို ပထမဆုံးသိမ်းပိုက်ခြင်းဖြစ်

သတင်း

ထားဝယ်ခရိုင်အတွင်း၌ MOD​၏ လက်အောက်ခံ PDFတပ်ရင်း (၂)ရင်းနှင့် မြို့နယ် ပကဖတပ်ဖွဲ့ လေးဖွဲ့ရှိရာ အဆိုပါ တပ်ဖွဲ့များအားလုံး စုပေါင်းလိုက်ခြင်း ဖြစ်သည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ထားဝယ်ခရိုင် မြန်မာ - ထိုင်းနယ်စပ်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄)နှင့် ကော်သူးလေတပ်မတော်(KTLA)တို့ တိုက်ပွဲ ဖြစ်ပွားနေကြောင်း KNU ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။

သတင်း

စခန်းအား စွန့်ခွာခဲ့ရစဥ် စစ်ကောင်စီတပ်များက တဲငါးလုံးနှင့် ရိက္ခာအနည်းငယ် မီးရှို့ဖျက်ဆီးခံရပြီး လက်လုပ်ဘောက်ကာ (၁၀)လုံး ဆုံးရှုံးသွားသည်ဟု ဆိုသည်။