close
Connect with us

Hi, what are you looking for?

သတင်း

မပခ က ဝိုင်း​မော်မြို့ကိုလက်နက်ကြီးပစ်ခတ်

ကချင်ပြည်နယ် ၊မြစ်ကြီးနားမြို့ရှိမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)ကဝိုင်းမော်မြို့၊ မုတ်လွဲရွာကို စစ်ကောင်စီတပ်ကလက်နက်ကြီးပစ်ခတ်မှုကြောင့်ဒေသခံများနေထိုင်သည့်အိမ်​ပေါ်သို့ကျရောက် ပေါက်ကွဲခဲ့ပြီး အရပ်သားနှစ်ဦးဒဏ်ရာရခဲ့သည်။

မပခ တွင် ၂၀၂၂ ခုနှစ်က​သေနတ်ပစ်ပြိုင်ပွဲလုပ်၍ ဆုရသူများကိုဆု​ပေးစဥ်။ဓါတ်ပုံ-မြဝတီ

ယောနသံ/People’s Spring

ကချင်ပြည်နယ် ၊မြစ်ကြီးနားမြို့ရှိမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)ကဝိုင်းမော်မြို့၊ မုတ်လွဲရွာကို စစ်ကောင်စီတပ်ကလက်နက်ကြီးပစ်ခတ်မှုကြောင့်ဒေသခံများနေထိုင်သည့်အိမ်​ပေါ်သို့ကျရောက် ပေါက်ကွဲခဲ့ပြီး အရပ်သားနှစ်ဦးဒဏ်ရာရခဲ့သည်။

မပခ မှ ယနေ့(ဧပြီ ၁၉)ညနေခြောက်နာရီခန့်တွင်လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်းဖြစ်ပြီး မုန့်လွဲရွာအနီးသို့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်​ကြောင်းမြို့ခံတဦးကပြောသည်။

“ဘလိုင်းကြီးရမ်းသမ်းပစ်ခတ်နေတာပါ။အခုညအထိလည်းအသံတွေကြားနေရတယ်။ ညနေကပစ်ထားမှာ ဒေသခံနှစ်ယောက်ထိတယ်” ဟု အဆိုပါ သတင်းရင်းမြစ်ကပြောသည်။

Public Service Announcement

Public Service Announcement

ဝိုင်း‌မော်မြို့အနီးရှိ မုတ်လွဲရွာသည် ယခင်ကစစ်ကောင်စီတပ်စွဲထားသည့်နေရာဖြစ်ပြီး ယခုအခါ စစ်ကောင်စီတပ်ဖွဲ့ဝင်များမရှိတော့ဟု သိရသည်။

ဝိုင်းမော်မြို့နယ်အတွင်း လမြန်ရွာအပါအဝင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် PDFများ ထိန်းချုပ်ထားသည့်ရွာများကို ပြီးခဲ့သည့်မတ်လမှစတင်၍ စစ်ကောင်စီတပ်က လေကြောင်းမှဗုံးကြဲပြီး လက်နက်ကြီးပစ်ခတ်မှုများပြုလုပ်ခဲ့သည်။

စစ်ကောင်စီသည် ဝိုင်းမော်မြို့ရှိ ခလရ(၅၈)မှလည်း လက်နက်ကြီးများပစ်ခတ်နေကြောင်း သတင်းရရှိသည်။လက်ရှိအချိန်တွင် ငလျင်ဘေးကူညီကယ်ဆယ်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရနှင့် တော်လှန်ရေးတပ်များကစစ်ရေးရပ်တန့်ထားသည်။

စစ်ကောင်စီက လည်း ဧပြီလ ၂ရက်မှ ဧပြီလ ၂၂ရက်အထိယာယီအပစ်ရပ်‌ ကြေညာထားပြီး လေကြောင်းတိုက်ခိုက်မှုများနှင့် မြေပြင်စစ်ကြောင်းထိုးမှုများဆက်လက် ပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

မြို့မကျောင်းဆရာတော်က ပြည်သူများထွက်ခွာခွင့်ပေးရန် စစ်ကောင်စီထံတောင်းဆိုသော်လည်းထွက်ခွင့်မ​ပေး

သတင်း

ကရင်ပြည်နယ်၊ ဒေါနတောင်တန်းအရှေ့ခြမ်း ထိုင်းနယ်စပ် နားက စစ်ကောင်စီတပ်ရဲ့ လေးဝေါ် (မော်ဖားသူး) တပ်စခန်းကို KNU တပ်မဟာ (၇) နဲ့ ပူးပေါင်းတပ်က ဧပြီလ ၁၈ ရက်ညနေပိုင်းမှာ စတင်ပြီး တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

သတင်း

သပိတ်ကျင်းမြိုနယ်မှာ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် နှစ်ရက်အတွင်း ပြည်သူ ၄၀ သေဆုံးဝန်းကျင် သေဆုံး

သတင်း

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ရေထွက်ကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ ကလေးငယ် နှစ်ဦးအပါအဝင် ပြည်သူ ၁၃ဦးသေဆုံးခဲ့ရတယ်လို့ အဆိုပါမြို့နယ် ပြည်သူကာကွယ်ရေးအဖွဲ့(ပကဖ)က ယနေ့(ဧပြီ ၁၉ရက်) ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။