close
Connect with us

Hi, what are you looking for?

သတင်း

ငလျင်ဘေးကြောင့် အပစ်ရပ်ထားချိန် စစ်ရာဇဝတ်မှုကျူးလွန်နေသည့် စစ်ကောင်စီကို အရေးယူပေးရန် နိုင်ငံတကာအား မန္တလေးPDF တိုက်တွန်း

ငလျင်ဘေးကြောင့် အပစ်ရပ်စဲရေးကြေညာထားသော်လည်း စစ်ကောင်စီသည် အရပ်ဖက်ပစ်မှတ်များအပေါ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပိုမိုပြင်းထန်ဆိုးရွားစွာ ဆက်တိုက်ဆောင်ရွက်လျက်ရှိနေရာ နိုင်ငံတကာအနေဖြင့် လိုအပ်သည့် တုန့်ပြန်အရေးယူမှုများ ဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး(MDY PDF) က ယမန်နေ့(ဧပြီ ၁၉ရက်) ညတွင် ထုတ်ပြန်သည်။

ဧပြီ ၁၉ရက်က သပိတ်ကျင်းမြို့နယ် ရေထွက်ရွာအား စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်များ မီးလောင်နေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ − Min Khant Kyaw

ဧပြီ၂၀၊၂၀၂၅။ ဟန်နွေ/People’s Spring

ငလျင်ဘေးကြောင့် အပစ်ရပ်စဲရေးကြေညာထားသော်လည်း စစ်ကောင်စီသည် အရပ်ဖက်ပစ်မှတ်များအပေါ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပိုမိုပြင်းထန်ဆိုးရွားစွာ ဆက်တိုက်ဆောင်ရွက်လျက်ရှိနေရာ နိုင်ငံတကာအနေဖြင့် လိုအပ်သည့် တုန့်ပြန်အရေးယူမှုများ ဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး(MDY PDF) က ယမန်နေ့(ဧပြီ ၁၉ရက်) ညတွင် ထုတ်ပြန်သည်။

မတ်လ ၂၈ရက်က လှုတ်ခတ်ခဲ့သော အင်အားအလွန်ပြင်းထန်သည့် စစ်ကိုင်းငလျင်ကြီးကြောင့် ဖြစ်ပေါ်လာသော နောက်ဆက်တွဲထိခိုက်မှုများအား လိုအပ်သလို ကူညီဆောင်ရွက်နိုင်ရေးအတွက် ငလျင်ဒဏ်သင့်နှင့် ဆက်စပ်ဒေသများတွင် ခုခံကာကွယ်ခွင့်မှတပါး ထိုးစစ်အားလုံးကို ယာယီရပ်စဲမည်ဖြစ် ကြောင်း အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားသကဲ့သို့ စစ်ကောင်စီကလည်း ဧပြီ ၂ရက်မှ ၂၂ရက်အထိ အပစ်ရပ်စဲမည်ဖြစ်ကြောင်း ကြေညာထားသည့် အခြေအနေတွင် လေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေခြင်းဖြစ်သည်။

စစ်ကောင်စီသည် မန္တလေးPDF လှုပ်ရှားနယ်မြေများအနက် သပိတ်ကျင်း၊ စဉ့်ကူးနှင့် မတ္တရာ မြို့နယ်များကို လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိရာ ဧပြီ ၁ရက်မှ ဧပြီ ၁၉ ရက်အတွင်း ၁၈ကြိမ် လေကြောင်း ဗုံးကြဲခဲ့ကြောင်း ဖော်ပြသည်။ သပိတ်ကျင်းမြိုနယ်တွင် (၁၃) ကြိမ်၊ စဥ့်ကူးမြိုနယ်တွင် (၄) ကြိမ်၊ မတ္တရာမြိုနယ်တွင် (၁) ကြိမ် ကျူးလွန်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ထိုသို့ လေကြောင်း တိုက်ခိုက်မှုများကြောင့် ဧပြီ ၁၈ရက်က သပိတ်ကျင်းမြို့နယ်လိပ်ကျရွာ၌ ပြည်သူ ၁၃ဦး သေဆုံးကာ ဧပြီ ၁၉ရက်က သပိတ်ကျင်းမြို့နယ် ရေထွက်ရွာ၌ ပြည်သူ ၂၄ဦးသေဆုံးကာ အများအပြား ဒဏ်ရာရခဲ့သည်။

ဧပြီ ၁ရက်မှ ဧပြီ ၁၉ရက်အထိ သပိတ်ကျင်း၊ စဥ့်ကူးနှင့် မတ္တရာမြိုနယ်များအတွင်း အရပ်သားပြည်သူဦးရေ အနည်းဆုံး ၄၁ဦး သေဆုံးခဲ့ပြီး အနည်းဆုံး ၅၈ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။ ထိခိုက်သေဆုံးသူများအနက် အနည်းဆုံး (၇) ဦးမှာ အရွယ်မရောက်သေးသော ကလေးသူငယ်များဖြစ်ကြောင်း အသိပေးသည်။

ထို့အပြင် စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများသည် စစ်ဘက်ဆိုင်ရာ ပစ်မှတ်များမဟုတ်ဘဲ အများပြည်သူလူထု သွားလာလှုပ်ရှားရာ စျေးများ၊ စာသင်ကျောင်းများနှင့် ဘာသာရေးအဆောက်အဦးများ အပါအဝင် အရပ်သား လူနေအိမ်ခြေများအပေါ် အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်လျက်ရှိရာ စာသင်ကျောင်း (၁) ကျောင်း အပါအဝင် လူနေအိမ်ခြေအဆောက်အဦးပေါင်း (၅၄) လုံး ပျက်စီးဆုံးရှုံးခဲ့ရဟု ဖော်ပြသည်။

စစ်ကောင်စီသည် အပစ်အခတ်ရပ်စဲထားသည့် ကာလတလျှောက်လုံးတွင် အရပ်သားပစ်မှတ်များအပေါ် ဦးတည်၍ ရက်စက်ယုတ်မာစွာ သည်းကြီးမည်းကြီး ဗုံးကြဲတိုက်ခိုက်နေသည်မှာ သိသာထင်ရှားပြီး ဖြစ်ရာ ယင်းလုပ်ရပ်များအပေါ် အရေးယူပေးရန် တိုက်တွန်းထားခြင်းဖြစ်သည်။

အရပ်သားပစ်မှတ်များအပေါ် စစ်ကောင်စီက အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်နေမှုများ၊ အထူးသဖြင့် ယခုကဲ့သို လူသားချင်းစာနာမှုဆိုင်ရာ ယာယီအပစ်အခတ်ရပ်စဲရေး ပြုလုပ်ထားသည့်အချိန်တွင် ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများအပေါ် တရုတ်၊ အိန္ဒိယ၊ ထိုင်းနိုင်ငံကဲ့သိုသော အိမ်နီးချင်းနိုင်ငံများ၊ အမေရိကန်၊ ရုရှားကဲ့သိုသော ကမ္ဘာ့အင်အားကြီးနိုင်ငံများ၊ အာဆီယံအဖွဲ၊ ဥရောပသမဂ္ဂနှင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲချုပ် အစရှိသည့် နိုင်ငံတကာအဖွဲအစည်းများအနေဖြင့် မျက်ခြေမပြတ်စောင့်ကြည့်ရန် လိုအပ်ကြောင်း ဖော်ပြကာ စစ်ကောင်စီအပေါ် လိုအပ်သလို တုန့်ပြန် အရေးယူဆောင်ရွက်ကြရန် လိုအပ်ကြောင်း မန္တလေး PDFက တိုက်တွန်းခဲ့သည်။

စစ်ကောင်စီသည် ၎င်းတို့အပစ်ရပ်စဲကြောင်း ကြေညာထားသည့် ကာလ၌ပင် မန္တလေးတိုင်းအတွင်းသာမက ကချင်၊ ကရင်၊ စစ်ကိုင်း၊ မကွေး၊ ချင်း၊ ရက္ခိုင် ၊ ကရင်နီ ရှမ်းမြောက်၊ မွန် အပါအဝင် နိုင်ငံတဝန်း ဒေသအများအပြားကို လေကြောင်း တိုက်ခိုက်ခြင်း၊ မြေပြင်ထိုးစစ်ဆင်ခြင်းများ ပြုလုပ်ခဲ့ရာ ပြည်သူအများအပြား သေဆုံးထိခိုက်ခဲ့ရသည်။

စစ်ကောင်စီအနေဖြင့် အပြောနှင့် အလုပ်မကိုက်ညီဘဲ မိမိကြေညာချက်ကို ကိုယ်တိုင်စည်းဖောက်နေခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီ၏ ပြောဆိုချက်များအပေါ် မယုံကြည်ဘဲ လေကြောင်း၊ လက်နက်ကြီး ရန် ကာကွယ်နိုင်ရေး ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ကြရန် တော်လှန်ရေးတပ်ဖွဲ့များက တိုက်တွန်းပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်ကောင်စီက ယာယီအပစ်ရပ်စဲမည်ဟုကြေညာထားသော်လည်း တစ်ရက်မှ အပစ်မရပ်ခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

သတင်း

MNDAA၊တရုတ်နှင့် စစ်ကောင်စီ လားရှိုးမြို့၌သုံးပွင့်ဆိုင်ဆွေးနွေးမည်

ဆောင်းပါး

စစ်ကိုင်းငလျင်ကြီးက စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးမြို့တော် နေပြည်တော်ကို ဘယ်လောက်ထိခိုက်ပျက်စီးသွားစေလဲ ဆိုတဲ့အကြောင်း ဒီတစ်ပါတ်မှာ ပြောပြပါမယ် ။

သတင်း

ကချင်ပြည်နယ် ၊မြစ်ကြီးနားမြို့ရှိမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)ကဝိုင်းမော်မြို့၊ မုတ်လွဲရွာကို စစ်ကောင်စီတပ်ကလက်နက်ကြီးပစ်ခတ်မှုကြောင့်ဒေသခံများနေထိုင်သည့်အိမ်​ပေါ်သို့ကျရောက် ပေါက်ကွဲခဲ့ပြီး အရပ်သားနှစ်ဦးဒဏ်ရာရခဲ့သည်။