close
Connect with us

Hi, what are you looking for?

သတင်း

တပ်မ(၇၇)တပ်မမှူးကို စစ်​ဆေး​နေတယ်လို့NUG ထုတ်ပြန်၊ စစ်​ဆေး​​​တွေ့ရှိချက်များအ​ပေါ်အ​ခြေခံ၍ တရားစီရင်မည်ဟု အသိ​ပေး

အင်း​တော်မြို့သိမ်းတိုက်ပွဲမှာဖမ်းဆီးရရှိတဲ့ တပ်မ (၇၇)တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦးအားစစ်​ဆေး​မေးမြန်းမှုများပြုလုပ်​နေတယ်လို့ အမျိုးသားညီညွတ်​ရေးအစိုးရ (NUG) ၊ ဝန်ကြီးချုပ်ရုံး​ပြော​ရေးဆိုခွင့်ရှိသူ ဦး​နေဘုန်းလတ်က​ပြောပါတယ်။

ဧပြီ-၁၅၊၂၀၂၅။​နေ့သစ်/People’s Spring

အင်း​တော်မြို့သိမ်းတိုက်ပွဲမှာဖမ်းဆီးရရှိတဲ့ တပ်မ (၇၇)တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦးအားစစ်​ဆေး​မေးမြန်းမှုများပြုလုပ်​နေတယ်လို့ အမျိုးသားညီညွတ်​ရေးအစိုးရ (NUG) ၊ ဝန်ကြီးချုပ်ရုံး​ပြော​ရေးဆိုခွင့်ရှိသူ ဦး​နေဘုန်းလတ်က​ပြောပါတယ်။

“လက်ရှိအချိန်မှာတော့ ဖမ်းဆီးရမိထားတဲ့စစ်သုံ့ပန်းတွေကိုစစ်သုံ့ပန်းဆိုင်ရာမူဝါဒတွေနဲ့အညီထိန်းသိမ်းထားပြီး စစ်ဆေးမေးမြန်းမှုတွေကို ဆောင်ရွက်လျက်ရှိပါတယ်။ စစ်သုံ့ပန်းတွေရဲ့ ထွက်ဆိုချက်၊ စစ်ဆေးတွေ့ရှိချက်တွေအပေါ် အခြေခံပြီး တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်”လို့ ဧပြီ ၁၅ ရက်​နေ့ကပြုလုပ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပြည်သူလူထုနှင့်နိုင်ငံတကာသို့ သတင်းစကား ပြောကြားခြင်း အစီအစဉ်မှာဦး​နေဘုန်းလတ်က​ပြောခဲ့ပါတယ် ။

အင်း​တော်မြို့သိမ်းတိုက်ပွဲကို PDF ​တပ်ရင်းတွေ ၊ABSDF ၊ KIA ၊ KPDF ၊ ပကဖ နဲ့ မဟာမိတ်​တွေ ရှစ်လနီးပါးထိုးစစ်ဆင်ပြီးသိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ အင်း​တော်မြို့ဟာ စစ်​ကောင်စီတပ်အတွက်လည်းအ​ရေးပါလှတာမို့ မြို့မကျ​အောင်လို့စစ်​ကောင်စီက တိုက်စွမ်းရည်​ကောင်းသလို နမည်ဆိုးနဲ့​ကျော်ကြားတဲ့ တပ်မ (၇၇)လက်​အောက်ခံတပ်ရင်း ငါးရင်းနဲ့ တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦးကိုယ်တိုင်ဦး​ဆောင်ပြီး ခုခံခဲ့တာဖြစ်ပါတယ်။ဂျပန်လှိုဏ်ဂူမှာ ခံစစ်အခိုင်အမာပြင်ပြီးခုခံ​ပေမယ့်​နောက်ဆုံးမှာ​တော်လှန်​ရေးတပ်​တွေက သိမ်းပိုက်နိုင်ခဲ့ပါတယ် ။

Public Service Announcement

Public Service Announcement

ဒါအပြင်​နွေဦး​တော်လှန်​ရေးမှာ PDF ​တွေက စစ်တပ်ရဲ့ တပ်မမှူး ဗိုလ်မှူးချုပ် ၁ ​ယောက်ကိုစစ်သုံ့ပန်းအဖြစ်ဖမ်းဆီးနိုင်တာဟာ ပထမဆုံးအကြိမ်ဖြစ်ပါတယ် ။ တပ်မမှူး တစ်​ယောက်ကိုဖမ်းဆီးစစ်​ဆေးပြီး NUG အ​နေနဲ့ တရားစီရင်မှာကလည်း​နွေဦး​တော်လှန်​ရေးမှာပထမဆုံးဖြစ်ပါတယ်။

“ထိုးစစ်ရပ်ဆိုင်းထားတဲ့ ကာလ ဧပြီလ (၇) ရက် ည ၉း၀၀ ခန့်မှာ အင်းတော်မြို့ ဂျပန်လှိုဏ်ဂူမှာ အခြေပြုတပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ် တပ်မ (၇၇) ဟာ ဝန်းရံပိတ်ဆို့ထားတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ဖိအားကို ရေရှည် တောင့်ခံနိုင်ခြင်း မရှိတော့ဘဲ စခန်းစွန့်လွှတ်ဆုတ်ခွာ သွားတာကြောင့် အင်းတော်မြို့ကို အပြီးသတ်သိမ်းပိုက်ရရှိခဲ့သလို ဆုတ်ခွာထွက်ပြေးတဲ့ တပ်မမှူးနဲ့ တပ်သားတွေကိုလည်း စစ်သုံ့ပန်းတွေအဖြစ် ဖမ်းဆီးရမိခဲ့ပါတယ်”လို့ NUG ဝန်ကြီးချုပ်ရုံး​ပြောခွင့်ရက တပ်မ (၇၇)တပ်မမှူးကိုဖမ်းဆီးရရှိပုံကို​ပြောပါတယ် ။

အင်း​တော်မြို့သိမ်းတိုက်ပွဲက စစ်​ကောင်စီတပ်ဆီက​နေ ​ဟောင်ဝစ်ဇာ ၂ လက်အပြင် လက်နက်မျိုးစုံနဲ့ ခဲယမ်း​တွေ၊စစ်သုံးပစ္စည်း​တွေအများအပြားရရှိခဲ့ပါတယ် ။ တပ်မ (၇၇)တပ်မမှူး အပါအဝင်စစ်သုံ့ပန်း နှစ်ရာခန့်ဖမ်းဆီးရရှိတယ်လို့စစ်​ရေးရင်းမြစ်အချို့က​ပြောပါတယ် ။

စစ်​ကောင်စီက အင်း​တော်မြို့နယ်ကို ဧပြီ ၁၃ ရက်​နေ့မှာ ဗုံးကြဲတိုက်ခိုက်ခဲ့ပါ​သေးတယ်။ဒါဟာ စစ်​ကောင်စီဟာဖမ်းဆီးခံထားရတဲ့ တပ်မမှူး နဲ့ စစ်သား​တွေကို နှုတ်ပိတ်ဖို့ကြိုးစားတာဖြစ်နိုင်တယ်လို့ စစ်​ရေးရင်းမြစ်​တချို့ကသုံးသပ်ပတယ်။

စစ်​ကောင်စီဟာ ရခိုင်ပြည်နယ်နဲ့ ​နောင်ချိုမြို့နယ်မှာ ဖမ်းဆီးခံထားရတဲ့ စစ်သုံ့ပန်း​တွေကို ​လေယာဥ်နဲ့ ဗုံးကြဲတဲ့လုပ်ရပ်​တွေ လုပ်ဖူးပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က (၈၀) နှစ်ပြည့် ဖက်ဆစ်တော်လှန်ရေးနေ့အခမ်းအနားသို့ သဝဏ်လွှာပေးပို့ခဲ့ရာ ဖက်ဆစ်သန္ဓေဆိုးကင်းစင်၍ ပြည်သူကိုအလေးထား ကာကွယ်ပေးသည့် ပြည်သူ့တပ်မတော် တစ်ရပ်အဖြစ် ထူထောင်နိုင်ရန် မျှော်မှန်းဆန္ဒပြုကြောင်း သဝဏ်လွှာ၌ ဖော်ပြခဲ့သည်။

သတင်း

ပြည်သူဘက်က ဖြစ်စေ၊ မြို့နယ်ဘက်ကဖြစ်စေတိုင်ကြားမှု ဆိုင်ရာများနှင့်ပတ်သက်ပြီး ခပ်မြန်မြန်ဖြေရှင်းပေးရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားသည်။

သတင်း

လက်နက်ကြီးကျနိုင်ခြေ အကွာအဝေးရှိနေအိမ်တိုင်း ဗုံးခိုကျင်း၊ ကတုတ်ကျင်းတူးထားရန်၊ ကာကွယ်ရေးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ရန် အကြံပြုထား

သတင်း

၂ နှစ်​ကျော်အတွင်းစစ်​​ကောင်စီက အရပ်သား​နေရာများကို​လေ​ကြောင်းတိုက်ခိုက်မှု၂,၁၉၀ ကြိမ် ပြုလုပ်ခဲ့ပြီးကလေးသူငယ်ပေါင်း ၃၇၂ဦး ​သေဆုံးခဲ့

Facebook