Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အင်အားမမျှ၍ စခန်းတစ်ခုစွန့်လွှတ်ခဲ့ရဟု လောင်းလုံး(ပကဖ) အသိပေး

စခန်းအား စွန့်ခွာခဲ့ရစဥ် စစ်ကောင်စီတပ်များက တဲငါးလုံးနှင့် ရိက္ခာအနည်းငယ် မီးရှို့ဖျက်ဆီးခံရပြီး လက်လုပ်ဘောက်ကာ (၁၀)လုံး ဆုံးရှုံးသွားသည်ဟု ဆိုသည်။

(စစ်ကောင်စီတပ် စီးနင်းမီးရှို့သွားသည့် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ LLPDF(ပကဖ)မှ စခန်းတစ်ခုအား တွေ့ရစဥ်။ ဓာတ်ပုံ - LLPDF)
(စစ်ကောင်စီတပ် စီးနင်းမီးရှို့သွားသည့် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ LLPDF(ပကဖ)မှ စခန်းတစ်ခုအား တွေ့ရစဥ်။ ဓာတ်ပုံ - LLPDF)

သုံးပတ်အတွင်း စစ်ကောင်စီတပ်က ဒေသခံပြည်သူခုနစ်ဦးကို သတ်ဖြတ်ပြီး ၁၂ဦး ဖမ်းဆီးထား

တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်အောက်ပိုင်းသို့ စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးလျှက်ရှိရာ အင်အားမမျှသဖြင့် စခန်းတစ်ခုအား စွန့်လွှတ်ခဲ့ရကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ LLPDF (ပကဖ)က ပြောသည်။

စစ်ကောင်စီတပ်က စစ်ကြောင်းထိုးစဥ် မတ်လ၁၈ ရက်တွင် လောင်းလုံးနယ်အောက်ပိုင်း တစ်နေရာတွင်ရှိနေသည့် LLPDF စခန်းနေရာအား အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းကာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်သဖြင့် အင်အားမမျှခြင်းကြောင့် စခန်းအား စွန့်ခွာခဲ့ရကြောင်း အသိပေးသည်။

စခန်းအား စွန့်ခွာခဲ့ရစဥ် စစ်ကောင်စီတပ်များက တဲငါးလုံးနှင့် ရိက္ခာအနည်းငယ် မီးရှို့ဖျက်ဆီးခံရပြီး လက်လုပ်ဘောက်ကာ (၁၀)လုံး ဆုံးရှုံးသွားသည်ဟု ဆိုသည်။

စစ်ကောင်စီတပ်သည် မတ်လ ၄ ရက်ကစပြီး လောင်းလုံးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေခြင်းဖြစ်ကာ မတ်လ ၂၄ ရက်အထိ သုံးပတ်တာကာလအတွင်း ဒေသခံပြည်သူခုနစ်ဦးအား သတ်ဖြတ်ကာ ၁၂ဦးကို ဖမ်းဆီးထားသည်ဟု LLPDF က ပြောသည်။

“ ကျွန်တော်တို့ လောင်းလုံးအောက်ပိုင်းကို ဒီကောင်တွေစစ်ကြောင်းထိုးနေတာ သုံးပတ်ကျော်လာပြီ။ သူတို့က ဘယ်ရွာရယ်လို့ ပြောမရဘူး။ လမ်းတလျှောက် အကုန်ဝင်တာ။ စစ်ကြောင်းတစ်ခုကို အနည်းဆုံး အင်အား (၃၀)ကျော်လောက်ပါတယ်။ ခုထိလည်း စစ်ကြောင်းတချို့ ရှိနေသေးတယ်” ဟု LLPDF လောင်းလုံး(ပကဖ)မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်က ကျေးရွာများသို့ ဝင်ရောက်ရာတွင် ညောပြင်၊ အောက်ကျောက်ဝပ်အပါအဝင် ကျေးရွာအချို့မှ နေအိမ် ၁၈၀ခန့်အား မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၅၀ခန့်ကိုလည်း ရိုက်နှက်ဖျက်ဆီးသွားသည်ဟု ဆိုသည်။

စစ်ကောင်စီတပ်၏ ယခုလုပ်ရပ်များသည် ပြည်သူလူထုအား အကြောက်တရားသွပ်သွင်းခြင်းဖြစ်ပြီး ယခုထက်ပိုသည့် အကြမ်းဖက်လုပ်ရပ်များ ဖြစ်ပေါ်လာနိုင်သောကြောင့် ပြည်သူများ သတိပြုနေထိုင်ကြရန် LLPDF လောင်းလုံး(ပကဖ)နှင့် တော်လှန်ရေးအင်အားစုများက သတိ ပေးထားသည်။

You May Also Like

သတင်း

ကန်ပက်လက်မြို့နယ်အတွင်း ရင်းကဲ့ - ကျင်ဒွေး- မကွီးအိမ်နုးမြို့ကို အဓိကဆက်သွယ်ထားသော ယင်းလမ်းပိုင်းအား ယာယီပိတ်လိုက်ကြောင်းကို ချင်းကာကွယ်ရေးဖွဲ့ (ကန်ပက်လက်) CDF – Kanpetletက ယနေ့ (မတ်လ၂၆ရက်) ထုတ်ပြန်ခြင်းဖြစ်သည်။

သတင်း

KIA အမှတ်(၃)တပ်မဟာ၊ အမှတ် (၁၂)တပ်ရင်းနယ်မြေ မံဝိန်းအနီး၌ ယနေ့ (မတ်လ ၂၅ရက်) နေ့လည်ပိုင်း ၁နာရီခန့်မှစ၍ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယခင်ရက်များကလည်း ငှက်တံတားရွာ၌တိုက်ပွဲဖြစ်ခဲ့ဟုဆိုသည်။

သတင်း

စစ်ကိုင်းတိုင်း၊တမူးမြို့နယ်တွင် ယမန်နေ့ (မတ်လ ၂၃ရက်)နှင့် ယနေ့(မတ်လ ၂၄ရက်) နှစ်ရက်ဆက် တိုက်ပွဲဖြစ်ခဲ့ပြီး အထိနာသွားသည့်စစ်ကောင်စီကနှစ်ရက်စလုံး လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့သည်။

သတင်း

ယနေ့ (မတ်လ ၂၃ ရက်)နံနက်ပိုင်းမှာပင် ကမြောကင်းတံတားအနီး မြစ်ကြောင်းအတွင်း စစ်ကောင်စီတပ်များ ကင်းပတ်နေသည့်အပြင် ထားဝယ်-လောင်းလုံးလမ်းမကြီးတလျှောက်ကင်းပုန်းများချကာ ကင်းပတ်ခြင်းများလည်း ရှိနေကြောင်း သိရသည်။