ဧပြီ-၁၉၊၂၀၂၅။ သုည/People’s Spring
စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဧပြီ ၁၉)မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်နဲ့ လေကြောင်းရန်ကာကွယ်ရေးဟောပြောမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာ အောင်လံလွှင့်မည်ရွှေရေကြည်လူထုသပိတ်စစ်ကြောင်းဟာ မတရားတဲ့စစ်မှုထမ်းဥပဒေအလိုမရှိကြောင်းနဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှာလည်း အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းက စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲနဲ့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြဖို့ လှုံ့ဆော်ဆန္ဒပြခဲ့ပါတယ်။

Public Service Announcement
ပုလဲမြို့နယ်မှာလည်း အညာပစ်တိုင်းထောင်လေးများအဖွဲ့က ဦးဆောင်ကာ စစ်ကောင်စီရဲ့ လေကြောင်းရန်ကာကွယ်ရေးနဲ့ပတ်သက်၍ ဟောပြောမှု ပြုလုပ်ခဲ့ပါတယ်။
ဒါ့အပြင် တောင်ကိုရီးယားနိုင်ငံ ဒယ်ဂူးဘုန်းဘုန်းရဲ့ အကျိုးဆောင်မှုနဲ့ World Mercy Korea ဘုန်းဘုန်းမှ NUG ပညာရေးကျောင်းအတွက် လိုအပ်နေသော မိတ္တူစက်နဲ့ လေကြောင်းရန်ကာကွယ်ရေးအတွက် ICOM တစ်လုံးကို ထောက်ပံ့ခဲ့ပါတယ်။
ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွာပေါင်းစုံသပိတ်၊ အညာပစ်တိုင်းထောင်လေးများ
