close
Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းတိုင်းမှာ စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ နှစ်ဆန်းတစ်ရက်နေ့ ဆုတောင်းသပိတ် ပြုလုပ်

စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဧပြီ ၁၇)မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ အတာနှစ်ကူး နှစ်ဆန်းတစ်ရက်နေ့ ဆုတောင်းသပိတ် ဆန္ဒပြလှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

ဧပြီ ၁၇၊၂၀၂၅။ သုည/People’s Spring

စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဧပြီ ၁၇)မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ အတာနှစ်ကူး နှစ်ဆန်းတစ်ရက်နေ့ ဆုတောင်းသပိတ် ဆန္ဒပြလှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

ကလေးမြို့နယ်မှာ လူထုတိုက်ပွဲဦးဆောင်ကော်မတီက မြန်မာ့ရိုးရာမဟာသင်္ကြန်၊ အတာနှစ်ကူး နှစ်ဆန်းတစ်ရက်နေ့ လူထုဆုတောင်းသပိတ်ကို ဒေသခံမိဘပြည်သူတွေနဲ့အတူ ပြုလုပ်ခဲ့ကြပါတယ်။

ဒါ့အပြင် ဆန္ဒပြပြည်သူတွေက မြန်မာ့နှစ်သစ်ကူးမှာ ပက်ဖျန်းတဲ့ အတာရေဟာ ပြည်သူတို့ရဲ့စိတ်နှလုံးကို အေးမြမှုပေးနိုင်ပါစေ၊ သစ္စာတရားရဲ့ပြယုဂ်ဖြစ်တဲ့ ပိတောက်ပန်းတို့တွေလည်း အနှောင်အဖွဲ့ကင်းစွာ မွေးပျံ့ပွင့်လန်းနိုင်ပါစေ၊ ကောင်းကင်မှာ ကြယ်တွေကဲ့သို့ အတောက်ပဆုံးထွန်းလင်းနေတဲ့ နွေဦးသူရဲကောင်း ရဲဘော်တွေလည်း အေးချမ်းစွာအနားယူနိုင်ပါစေလို့ ဆုတောင်းမေတ္တာပို့ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ယင်းမာပင်မြို့နယ်မှာလည်း အောင်လံလွှင့်မည်ရွှေရေကြည်လူထုသပိတ်စစ်ကြောင်းဟာ မတရားတဲ့စစ်မှုထမ်းဥပဒေအလိုမရှိကြောင်းနဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှာလည်း အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းက “DON’T SUPPORT MYANMAR JUNTA” ဆိုတဲ့ စာသားကို ကိုင်ဆွဲပြီး စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ပါတယ်။

ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ကလေးမြို့နယ်လူထုသပိတ်

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ စျေးတစ်ခုတွင် ကျောင်းသားသမဂ္ဂမှလူငယ်များ ဦးဆောင်ကာ "သခင်စိတ်မွေးဖို့လိုပြီ" ခေါင်းစဉ်ဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဟောပြောမှုကို ယနေ့ (ဧပြီ ၁၈) ညနေက ပြုလုပ်ခဲ့သည်။

သတင်း

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဧပြီ ၁၆)မှာ တော်လှန်သင်္ကြန်အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

စစ်ကိုင်းငလျင်ကြီးကြောင့် စစ်ကောင်စီအခြေစိုက် နေပြည်တော်သည် အိမ်ထောင်စုလိုက် ရွှေ့ပြောင်းနေထိုင်ရမှုမှာ မန္တလေးနှင့် စစ်ကိုင်းတိုင်းထက် အဆမတန်ပိုများနေကြောင်း စစ်ကောင်စီ၏ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သတင်း

ဧပြီ-၁၅၊၂၀၂၅။ သုည/People’s Spring စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဧပြီ ၁၅)မှာ တော်လှန်သင်္ကြန်အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။ ယင်းမာပင်မြို့နယ်မှာ အောင်လံလွှင့်မည်ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းက တော်လှန်သင်္ကြန်အဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေးလူထုသပိတ် ချီတက်ဆန္ဒပြခဲ့ပါတယ်။ ယင်းမာပင်မြို့နယ် မြောက်ခြမ်းမှာလည်း...