ဧပြီ ၁၈၊၂၀၂၅။ သုည/People’s Spring
စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဧပြီ ၁၈)မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်နဲ့ တော်လှန်သံချပ် ဖျော်ဖြေမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ဒေသတွင်းမှာ ဒေါင်းသွေးနီတော်လှန်သံချပ်၊ ရွှေရေကြည်တော်လှန်သံချပ်၊ ဒေါင်းတို့အားမာန်သံချပ်၊ အားမာန်သစ်သံချပ်၊ ရွာပေါင်းစုံတော်လှန်သံချပ်တို့ ပူးပေါင်းကာ လူထုအား တော်လှန်သံချပ်ဖျော်ဖြေမှုတွေ ပြုလုပ်ခဲ့ပါတယ်။
ယင်းဖျော်ဖြေပွဲမှာ ဒေသခံပြည်သူတွေကလည်း ငလျင်ဘေးသင့်နေရာတွေအတွက် လှူဒါန်းမှုတွေ လုပ်ဆောင်ပေးခဲ့ပါတယ်။

Public Service Announcement
ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း အောင်လံလွှင့်မည်ရွှေရေကြည်လူထုသပိတ်စစ်ကြောင်းဟာ မတရားတဲ့စစ်မှုထမ်းဥပဒေအလိုမရှိကြောင်းနဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှာလည်း အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းက မတရားတဲ့စစ်မှုထမ်းဥပဒေနဲ့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြဖို့ ဆန္ဒပြခဲ့ပါတယ်။
ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွာပေါင်းစုံသပိတ်
