ဧပြီ ၁၉၊ ၂၀၂၅။ People’s Spring
မန္တလေးတိုင်း၊ တောင်သာမြို့နယ် နမ့်တည်ကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ရာ ကလေးငယ်အပါအဝင် အမျိုးသမီး ၂ဦး သေဆုံးခဲ့ပြီး ၅ဦးထိခိုက်ဒဏ်ရာ တွေရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဧပြီ ၁၈ရက် မနေ့ ညနေ ၃နာရီထိုးခါနီးအချိန်မှာ နမ့်တည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
အရပ်သားပြည်သူတွေ နေထိုင်တဲ့ ကျေးရွာထဲကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး အသက် ၇၁နှစ်အရွယ် ဒေါ်စန်ကြည်နဲ့ အသက် ၆နှစ်အရွယ် မလရိပ်ဖြူတို့ ထိမှန်သေဆုံးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

Public Service Announcement
“တိုက်ပွဲမရှိပါဘူး။ စစ်ကောင်စီက အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး ရွာတွေထဲကို လိုက်ကြဲနေတာ။ အခု ထိတာလည်း ပြည်သူတွေပါပဲ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် အမျိုးသား ၂ဦးနဲ့ အမျိုးသမီး ၃ဦးတို့လည်း ထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်က မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်နဲ့ စဉ့်ကူးမြို့နယ်တို့ကိုလည်း လေကြောင်းတိုက်တာတွေ ပြုလုပ်နေပြီး သပိတ်ကျင်းမြို့နယ်မှာ နှစ်ရက်အတွင်းပြည်သူ ၂၅ဦးထက်မနည်း သေဆုံးထားပါတယ်။
