ဧပြီ ၁၇၊၂၀၂၅။ သုည/People’s Spring
ရန်ကုန်မြို့ စျေးတစ်ခုတွင် ကျောင်းသားသမဂ္ဂမှလူငယ်များ ဦးဆောင်ကာ “သခင်စိတ်မွေးဖို့လိုပြီ” ခေါင်းစဉ်ဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဟောပြောမှုကို ယနေ့ (ဧပြီ ၁၈) ညနေက ပြုလုပ်ခဲ့သည်။
မြန်မာနိုင်ငံသည် စစ်အာဏာရှင်၏ အကြမ်းဖက်အာဏာသိမ်းမှုအောက်တွင် အကျဉ်းကျခဲ့သည်မှာ ၄ နှစ်ကျော်လွန်ခဲ့ပြီ ဖြစ်ပြီး မင်းအောင်လှိုင်ဦးဆောင်သော အာဏာသိမ်းစစ်တပ်သည် ပြည်သူကို ကျွန်ဇာတ်သွင်း အုပ်ချုပ်လျက်ရှိကာ နိုင်ငံတစ်နိုင်ငံတွင် ပြည်သူသည် သခင်၊ အရှင်ဖြစ်သည့်အတွက် ပြည်သူလူထုအနေဖြင့် သခင်စိတ်မွေးကြရန်လိုပြီ ဖြစ်ကြောင်း ကျောင်းသားသမဂ္ဂမှလူငယ်များက ဟောပြောခဲ့သည်။
ယင်းဟောပြောခြင်းကို လူငယ်များသမဂ္ဂနှင့် ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂတို့မှ ဦးဆောင်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

Public Service Announcement
ရုပ်သံ – လူငယ်များသမဂ္ဂ
