close
Connect with us

Hi, what are you looking for?

သတင်း

PSLF/TNLA နှင့် KIO/KIA ဆွေးနွေးပွဲအတွက်စတင်ညှိနှိုင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၌ ​အောက်​ခြေတပ်ဖွဲ့ဝင်များကြား ပြဿနာအချို့ ဖြစ်ခဲ့သည့် ကချင်လွတ်လပ်ရေးအဖွဲ့ /ကချင်လွတ်လပ်​ရေးတပ်မ​တော်(KIO/KIA) နှင့် ပ​လောင်ပြည်နယ်လွတ်​မြောက်​ရေးတပ်ဦး/ တအာင်းအမျိုးသားလွတ်​မြောက်​ရေးတပ်မတော်(PSLF/TNLA) တို့အကြား ဆွေးနွေးပွဲအတွက် ရှေ့ပြေး ညှိနှိုင်းရေးများ စတင်နေပြီဖြစ်ကြောင်း KIO ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဒုတိယ ဗိုလ်ချုပ်ကြီးဂွန်မော်ကအသိပေးလိုက်သည်။

ရှမ်းပြည်နယ်​မြောက်ပိုင်းတ​နေရာတွင် ၂၀၁၄ ခုနှစ်က KIA နှင့် TNLA တပ်ဖွဲ့ဝင် နှစ်ဦးကိုအတူ​တွေ့ရစဥ်။ ဓါတ်ပုံ-Getty Images

ဧပြီ-၉၊၂၀၂၅။ဟန်​နွေ/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၌ ​အောက်​ခြေတပ်ဖွဲ့ဝင်များကြား ပြဿနာအချို့ ဖြစ်ခဲ့သည့် ကချင်လွတ်လပ်ရေးအဖွဲ့ /ကချင်လွတ်လပ်​ရေးတပ်မ​တော်(KIO/KIA) နှင့် ပ​လောင်ပြည်နယ်လွတ်​မြောက်​ရေးတပ်ဦး/ တအာင်းအမျိုးသားလွတ်​မြောက်​ရေးတပ်မတော်(PSLF/TNLA) တို့အကြား ဆွေးနွေးပွဲအတွက် ရှေ့ပြေး ညှိနှိုင်းရေးများ စတင်နေပြီဖြစ်ကြောင်း KIO ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဒုတိယ ဗိုလ်ချုပ်ကြီးဂွန်မော်ကအသိပေးလိုက်သည်။

ယခုနှစ်ဆန်းပိုင်းအတွင်း ရှမ်းမြောက်ရှိ နမ့်ဖက်ကာ၊ မန်တုံအပါအဝင် ဒေသအချို့၌ TNLA နှင့် KIA တပ်ဖွဲ့ဝင်များအကြား ပြဿနာ ဖြစ်ပွားခဲ့မှုများနှင့် ပတ်သက်၍ နှစ်ဖက် အောက်ခြေတပ်မှူးများ တွေ့ဆုံညှိနှိုင်းခဲ့သော်လည်း မပြေလည်​သေးသဖြင့် ဗဟိုအဆင့် ဆွေးနွေးမှုများ ပြုလုပ်ရန် ဆောင်ရွက်နေသည်ကို ကချင်လွတ်လပ်ရေးကောင်စီ(KIC) ဒုဥက္ကဋ္ဌ ဖြစ်သူ ဒုဗိုလ်ချုပ်ကြီး ဂွန်မော်က ဧပြီ ၉ရက်တွင် လူမှုကွန်ရက်မှတဆင့် အသိပေးခဲ့ခြင်းဖြစ်သည်။

“မေတ္တာရပ်ခံခြင်း” ဟု ခေါင်းစဉ်တပ်ကာ KIOနှင့် PSLF နှစ်ဖွဲ့ ဆွေးနွေးပွဲအတွက် ရှေ့ပြေးညှိနှိုင်းရေးများ စတင်နေပါပြီ၊ သက်ဆိုင်ရာ ဒေသတွင်းရှိ မိဘပြည်သူများ နားလည်ကူညီပေးကြပါရန် နှင့် Onlineသုံးစွဲသူများမီဒီယာများအကြံပေးထောက်ပြလိုသူများ ထံမှလည်း အပြုသဘော ဆောင်သော ကူညီပံ့ပိုးမှု များကို မျှော်လင့်ပါသည် ဟု ဒုဗိုလ်ချုပ်ကြီးဂွန်မော်က ရေးသားထားသည်။

Public Service Announcement

Public Service Announcement

KIO ဗဟိုအဆင့်ခေါင်းဆောင်၏ ဆွေးနွေးပွဲ အ
သိပေးချက်နှင့်ပတ်သက်၍ မေးမြန်းရန် PSLF/TNLA အထွေထွေအတွင်းရေးမှူးချုပ် ဗိုလ်ချုပ်တားဘုန်းကျော်ထံသို့ ဆက်သွယ်ထားဆဲဖြစ်ပြီး ဆက်သွယ်မရသေးပေ။

ဗိုလ်ချုပ်ဂွန်မော်၏ ဖော်ပြချက်အောက်တွင် လူမှုကွန်ရက် အသုံးပြုသူအချို့က ဆွေးနွေးပွဲ အ
ကောင်းဆုံးရလဒ်များ ရရှိပါစေ ဆုတောင်းသည့် မှတ်ချက်များ ဝင်ရောက်ရေးသားထားသည်ကိုလည်းတွေ့ရသည်။

“အချင်းချင်း ပဋိပက္ခ ဖြေရှင်းရာမှာ စံပြတွေပါ။ အတုယူစရာပါ KIOနှင့် PSLFတို့”ဟုလည်း Salai Thang Paing ဆိုသူက ရေးသားထားသည်။

KIOနှင့် TNLA နှစ်ဖွဲ့လုံးသည့် မဟာမိတ်စာချုပ်ချုပ်ဆိုထားသည့် အဖွဲ့များဖြစ်ပြီး စစ်ကောင်စီကို ပြင်းပြင်းထန်ထန် တော်လှန်တိုက်ခိုက်နေသည့် တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့များဖြစ်ပြီး စစ်ကောင်စီတပ်စခန်းရာချီ နှင့် မြို့များစွာကို သိမ်းပိုက်ထားနိုင်သည်အထိ အောင်ပွဲများ ရရှိထားသည်။

သို့သော် ၂၀၂၄ မှစ၍ ရှမ်းမြောက်၌ နှစ်ဖက်တပ်ဖွဲ့များအကြား နယ်မြေဆိုင်ရာအငြင်းပွားမှုနှင့်ပတ်
သက်၍ ​အောက်​ခြေတပ်ဖွဲ့ဝင်များကြား ခိုက်ရန်ဖြစ်ပွားမှု မကြာခဏဖြစ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးအဖွဲ့၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) ဌာနချုပ် လိုင်ဇာမြို့အနီး ဂျေယန်း စစ်ရှောင်စခန်းမှ ကလေးငယ်သုံးဦးကို ဖမ်းဆီးအဓမ္မပြုကျင့် သတ်ဖြတ်ခဲ့သည့် တရားခံကို အမြင့်ဆုံးပြစ်ဒဏ် သေဒဏ်ချမှတ်ပြီး စီရင်ခဲ့ကြောင်း KIO/KIA သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

သတင်း

ဧပြီ ၂ ရက်မှ ၂၂ ရက်အထိယာယီအပစ်ရပ်မည်ဖြစ်ကြောင်း စစ်ကောင်စီသတင်းထုတ်ပြန်ပြီးနောက် နာရီအနည်းငယ်အကြာတွင် KIO/KIAကလည်း ယင်းကာလအတိုင်းခုခံကာကွယ်ခြင်းမှအပ ထိုးစစ်ဆင်တိုက်ခိုက်မှုများကို ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။

သတင်း

အာဏာသိမ်းစစ်ကောင်စီနှင့် တအာင်းတပ်မတော်(PSLF/TNLA) ကိုယ်စားလှယ်များ တွေ့ဆုံခဲ့မှုသည် တရုတ်အစိုးရ၏ အတင်းအကြပ်ဖိအားပေးမှုကြောင့်ဟု TNLA အထွေထွေအ တွင်းရေးမှူးချုပ် ဗိုလ်မှူးချုပ် တားဘုန်းကျော်က ပြောသည်။

သတင်း

ကချင်ပြည်နယ်ရှိ ပညာရပ်စုံတက္ကသိုလ်(KSCU)၏ တတိယအကြိမ် ဘွဲနှင်းသဘင်အခမ်း အနားကို ယနေ့ ဖေဖော်ဝါရီ ၂၂ရက်တွင် ကချင်လွတ်လပ်ရေးအဖွဲ့(KIO)ဌာနချုပ် လိုင်ဇာမြို့၌ ကျင်းပခဲ့ကြောင်း KIO/KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။