close
Connect with us

Hi, what are you looking for?

သတင်း

ပြည်ပငလျင်ကယ်ဆယ်ရေးအဖွဲ့တွေ မြန်မာ့ငလျင်မှာ လူ ၆၅၃ ဦး ကို ကယ်ထုတ်နိုင်

ဖျက်အားပြင်းငလျင်ဒဏ်သင့် မြန်မာနိုင်ငံမှာ နိုင်ငံတကာ အရေးပေါ်ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေဟာ ပြိုကျပျက်စီးသွားတဲ့အဆောက်အဦးတွေထဲက လူပေါင်း ၆၅၃ ဦးကို ရှာဖွေကယ်ဆယ်နိုင်ခဲ့တယ်လို့ အာဏာသိမ်း စစ်ကောင်စီဒုခေါင်းဆောင်က ပြောပါတယ်။

မန္တလေးမှာ တရုတ်ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်အချို့ကိုတွေ့ရပုံ ဓာတ်ပုံ - ဆင်ဟွာ

ဧပြီ – ၉၊၂၀၂၅/People’s Spring

ဖျက်အားပြင်းငလျင်ဒဏ်သင့် မြန်မာနိုင်ငံမှာ နိုင်ငံတကာ အရေးပေါ်ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေဟာ ပြိုကျပျက်စီးသွားတဲ့အဆောက်အဦးတွေထဲက လူပေါင်း ၆၅၃ ဦးကို ရှာဖွေကယ်ဆယ်နိုင်ခဲ့တယ်လို့ အာဏာသိမ်း စစ်ကောင်စီဒုခေါင်းဆောင်က ပြောပါတယ်။

ကယ်ဆယ်ရေးလုပ်ငန်းတွေပြီးစီးလို့ ပြည်တော်ပြန်မယ့် တရုတ်ကယ်ဆယ်ရေးအဖွဲ့အတွက် နေပြည်တော်မှာ ပြုလုပ်ပေးတဲ့ ဂုဏ်ပြုပွဲမှာ စစ်ကောင်စီဒုခေါင်းဆောင်က ထည့်သွင်းပြောခဲ့တာပါ။

နိုင်ငံတကာ ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေအနေနဲ့ အသက်ရှင်လျှက် ၆၅၃ ဦး နဲ့ ရုပ်အလောင်း ၇၀၀ကို ရှာဖွေဖော်ထုတ်ပေးနိုင်ခဲ့တယ်လို့ စစ်ကောင်စီဒုခေါင်းဆောင်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီစာရင်းဟာ မတ်လ ၂၈ ရက်ကနေ ဧပြီလ ၈ ရက်နေ့ အထိဖြစ်တယ်လို့သိရပါတယ်။

မြန်မာနိုင်ငံမှာငလျင်လှုပ်ပြီး ၇၂ နာရီမတိုင်ခင် ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေကို အစောဆုံးစေလွှတ်ပေးတဲ့အတွက် တရုတ်နိုင်ငံကို ကျေးဇူးတင်တယ်လို့ စစ်ကောင်စီဒုခေါင်းဆောင်ကဆိုပါတယ်။

တရုတ်ဟာ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ ၄ ဖွဲ့ ၊ စုစုပေါင်းအင်အား ၃၆၅ ဦးကို အစောဆုံးစေလွှတ်ပေးခဲ့တာလို့သိရပါတယ်။

အဲဒီနောက်တရုတ်ကယ်ဆယ်ရေးအဖွဲ့တွေ ဆက်ရောက်လာပြီး နေပြည်တော် နဲ့မန္တလေးမှာ ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်ပေးတာတွေ့ရပါတယ်။

ရန်ကုန်မြို့မှာရှိတဲ့ တရုတ်သံရုံးရဲ့ထုတ်ပြန်ချက်အရ အဖွဲ့ဝင် ၆၀၀ ပါတဲ့ အစိုးရနဲ့အရပ်ဘက်ကယ်ဆယ် ရေး အဖွဲ့အစည်း ၂၈ ဖွဲ့ကို စေလွှတ်ခဲ့တယ်လို့သိရပါတယ်။

ကုလရဲ့စာရင်းအရတော့ မြန်မာ့ငလျင်ဘေးကို နိုင်ငံ ၁၃ ခု က မြို့ပြ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ ၃၀ ကျော် လာရောက် ကူညီခဲ့တယ်လို့သိရပါတယ်။

ငလျင်ကြီးကြောင့် ဧပြီလ ၇ ရက်အထိ သေဆုံးသူ ၃,၅၅၀ ဦး၊ ဒဏ်ရာရသူ ၄, ၈၁၄ ဦးနဲ့ ပျောက်ဆုံးသူ ၁၆၀ ရှိခဲ့တယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

K-pop အေဂျင်စီ JYP Entertainment ဟာ ငလျင်ဘေးသင့် မြန်မာကလေးငယ်များကို ကူညီဖို့ ကိုရီးယားဝမ် သန်း ၃၀၀(အမေရိကန်ဒေါ်လာ ၂၀၂,၀၀၀) လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

သတင်း

နေပြည်တော်တွင် စစ်ကိုင်းငလျင်ကြီးကြောင့် ပျက်စီးသွားသည့် အဆောက်အဦးများအတွင်း အုပ်စုဖွဲ့ လုယက်မှုများဖြစ်နေကြောင်း ဒေသခံ၊ဝန်ထမ်းနှင့်နီးစပ်သူများက လူထုနွေဦးသို့ ပြောသည်။

သတင်း

အာဏာသိမ်းဒုတိယခေါင်းဆောင်ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၏ ငလျင်သင့်ခဲ့​သောပဲခူးတိုင်းသို့သွားခဲ့​သောခရီးစဥ်တွင် နန်း​တော်ဦးဘုရားရင်ပြင်ပေါ် ဖိနပ်စီးတက်ခဲ့သည်ကို တပ်မ​တော်ကာကွယ်​ရေးဦးစီးချုပ်ရုံး၏ တရာဝင် ဝက်ဆိုက်က မှတ်ချက်ဖြင့်​ဖော်ပြလိုက်သည်။

သတင်း

ဧပြီ-၈၊၂၀၂၅။ခွာညို/People’s Spring လေဖိအားနည်းရပ်ဝန်း နှင့် မိုးတိမ်တောင်ကြောင့် စစ်ကိုင်းငလျင်ဘေးသင့်ဒေသများတွင် မိုးသက်လေပြင်းတိုက်ခတ်နိုင်ကြောင်း MOHADMက သတိပေးထားပြီး ၊လက်ရှိရာသီဥတုအခြေအနေသည် ယာယီဘေးရှောင်စခန်းများတွင် ခိုလှုံနေသူများအတွက် နောက်ထပ်အန္တရာယ်တစ်ခု ဖြစ်ပေါ်လျက်ရှိသည်ဟု UNOCHA က သတိပေးသည်။ ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်း ရပ်ဝန်ဖြစ်ပေါ်နေပြီး ငလျင်ဘေးသင့်ဒေသများဖြစ်သော စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ပဲခူးတိုင်း၊ နေပြည်တော်တို့လည်း...