close
Connect with us

Hi, what are you looking for?

သတင်း

ငလျင်ဘေးသင့် မြန်မာကလေးငယ်များအတွက် K-pop အေဂျင်စီ JYP Entertainment က ဝမ် သန်း ၃၀၀ လှူဒါန်း

K-pop အေဂျင်စီ JYP Entertainment ဟာ ငလျင်ဘေးသင့် မြန်မာကလေးငယ်များကို ကူညီဖို့ ကိုရီးယားဝမ် သန်း ၃၀၀(အမေရိကန်ဒေါ်လာ ၂၀၂,၀၀၀) လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

ဧပြီ ၉၊ ၂၀၂၅။ အီယိုရီ/People’s Spring

K-pop အေဂျင်စီ JYP Entertainment ဟာ ငလျင်ဘေးသင့် မြန်မာကလေးငယ်များကို ကူညီဖို့ ကိုရီးယားဝမ် သန်း ၃၀၀(အမေရိကန်ဒေါ်လာ ၂၀၂,၀၀၀) လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

ငလျင်ဒဏ်အပြင်းထန်ဆုံးခံစားခဲ့ရတဲ့ မန္တလေးတိုင်းအတွင်းရှိ ကျေးရွာပေါင်း ၁၁ ရွာမှ ကလေးငယ်များအတွက် အရေးပေါ်အကူအညီနဲ့ ဆေးဝါးကုသမှုအတွက် World Vision ကနေ လှူဒါန်းခဲ့တာလို့ ဆိုပါတယ်။ ကိုယ်ကျိုးမဖက် World Vision ဟာ ကျေးရွာ ၁၁ ရှိ ကလေးငယ်များအတွက် စားနပ်ရိက္ခာ၊ လိုအပ်တဲ့အရာများနဲ့ စောင့်ရှောက်မှုများ ပေးအပ်သွားမယ်လို့ JYP Entertainment က ထုတ်ပြန်ပါတယ်။

“ငလျင်ကြောင့် သေဆုံးခဲ့ရသူတွေ၊ မိသားစုဝင်တွေ ဆုံးရှုံးခဲ့သူ အယောက်ချင်းစီတိုင်းကို လွန်စွာ စိတ်မကောင်းဖြစ်မိကြောင်း ဖော်ပြလိုပါတယ်။ ကလေးငယ်တွေနဲ့ သူတို့ မိသားစုဝင်တွေဟာ သူတို့ရဲ့ ပုံမှန်ဘဝတွေဆီ ပြန်လည်ရောက်ရှိဖို့ မျှော်လင့်ပါတယ်”လို့ JYP Entertainment က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီဖျော်ဖြေရေးအေဂျင်စီဟာ အမှန်တကယ်လိုအပ်နေတဲ့ အထူးသဖြင့် သဘာဝဘေးအန္တရာယ် ကြုံတွေ့ခဲ့ရသူတွေအတွက် လှူဒါန်းကူညီမှုများကို တက်တက်ကြွကြွ လုပ်ဆောင်ပေးနေခဲ့တာလည်းဖြစ်ပါတယ်။

အေဂျင်စီဟာ အမျိုးသမီးအဖွဲ့တွေဖြစ်တဲ့ Twice နဲ့ NMIXX ၊ အမျိုးသားတီးဝိုင်းတွေဖြစ်တဲ့ Stray Kids ၊ KickFlip နဲ့ အခြားသော ဖျော်ဖြေရေးအဖွဲ့တွေ ဖွဲ့စည်းထားပြီး ၂၀၂၀ မှာ ကူးစက်ရောဂါတွေ ကူညီဖို့ ဝမ် သန်း ၅၀၀ ၊ ဂမ်ဝေါင်းနဲ့ မြောက်ပိုင်းဂျောင်းဆန်းဒေသ တောမီးလောင်မှုတွေအတွက် ဝမ် သန်း ၃၀၀၊ တူရကီနဲ့ ဆီးရီးယား ငလျင်အတွက် ဝမ် သန်း ၅၀၀၊ ပြီးခဲ့တဲ့လက မြောက်ပိုင်းဂျောင်းဆန်းဒေသ တောမီးလောင်ကျွမ်းမှုအတွက် ဝမ် သန်း ၅၀၀ လှူဒါန်းခဲ့ကြောင်း သိရပါတယ်။

အေဂျင်စီရဲ့ ပေးအပ်လှူဒါန်းမှုတွေဟာ EDM လို့ခေါ်တဲ့ ‘Every Dream Matters!’ ဆိုတဲ့ ဆောင်ပုဒ်ကနေ လုပ်ဆောင်နေတာဖြစ်ပါတယ်။ JYP Entertainment ဟာ EDM ကျန်းမာရေးစောင့်ရှောက်မှုပရောဂျက်ကိုလည်း ထူထောင်ထားပြီး မွန်ဂိုလီယား၊ ဘင်္ဂလားဒေ့ရှ်၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ ထိုင်း၊ ဖိလစ်ပိုင်၊ မက္ကစီကိုနဲ့ ဘရာဇီးလ် နိုင်ငံတို့ရှိ အရွယ်မရောက်သေးတဲ့ လူနာများနဲ့ သူတို့မိသားစုဝင်များအတွက် ကျန်းမာရေးအသုံးစရိတ်များကို ပံ့ပိုးကူညီနေတယ်လို့ သိရပါတယ်။

JYP Entertainment ဟာ ၂၀၂၀ ခုနှစ်ကစလို့ ကလေးငယ် ၃,၁၆၇ ဦးအတွက် တောင်ကိုရီးယားရှိ ရုံးချုပ်မှတဆင့် ဝမ် ၅.၁၅ဘီလီယံနဲ့ ဂျပန်ရုံးခွဲမှတဆင့် ယန်း ၄၈ သန်း လှူဒါန်းခဲ့ကြောင်း အဲဒီအေဂျင်စီက ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ-၉၊၂၀၂၅။ရှိန်း/People’s Spring မန္တလေးမြို့၊ပုသိမ်ကြီးမြို့နယ်အတွင်းက ကျေးရွာ‌​တွေမှာ စစ်ဘေးရှောင်လာ နေကြတဲ့ပြည်သူတွေဟာ ငလျင်ဒဏ် ကြောင့် နေအိမ်တွေ ပျက်စီးခဲ့ပြီး အကူအညီတွေလိုအပ် နေတယ်လို့ ဒေသခံ တွေက​ပြောပါတယ်။ ပုသိမ်ကြီးမြို့နယ်၊တဲကုန်း၊မဲကင်းကုန်း နဲ့ ကုန်းတန်းကျေးရွာတွေမှာ စစ်ကိုင်းငလျင်​ကြောင့် အနည်းဆုံး စုစုပေါင်းလူဦး ရေ ၅၀ ကျော် သေဆုံးခဲ့ပါတယ်။...

သတင်း

နေပြည်တော် မီးရထားဌာန နှင့် မွေးမြူရေးဌာန ဝန်ထမ်းအိမ်ယာများပြိုကျမှုတွင် သေဆုံးသူရုပ်အလောင်းများကို ယနေ့ (ဧပြီလ ၉ရက်)အထိ ပြန်ဖော်နိုင်ခြင်းမရှိသေးဘဲ ဘေးပတ်ဝန်းကျင်တွင် အပုတ်နံ့များထွက်​နေသည်။

သတင်း

မန္တလေးမြို့၊ အမရပူရမြို့နယ်မှာ ငလျင်ရှောင်ကလေးငယ်တစ်ဦး ပိုးထိခဲ့လို့ ဆေးကုသမှုခံယူနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ဖျက်အားပြင်းငလျင်ဒဏ်သင့် မြန်မာနိုင်ငံမှာ နိုင်ငံတကာ အရေးပေါ်ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေဟာ ပြိုကျပျက်စီးသွားတဲ့အဆောက်အဦးတွေထဲက လူပေါင်း ၆၅၃ ဦးကို ရှာဖွေကယ်ဆယ်နိုင်ခဲ့တယ်လို့ အာဏာသိမ်း စစ်ကောင်စီဒုခေါင်းဆောင်က ပြောပါတယ်။