close
Connect with us

Hi, what are you looking for?

သတင်း

နေပြည်​တော်ဝန်ထမ်းအိမ်ရာအချို့တွင်ငလျင်​ကြောင့်သေဆုံးသူများ၏အပုပ်နံ့များထွက်နေ

နေပြည်တော် မီးရထားဌာန နှင့် မွေးမြူရေးဌာန ဝန်ထမ်းအိမ်ယာများပြိုကျမှုတွင် သေဆုံးသူရုပ်အလောင်းများကို ယနေ့ (ဧပြီလ ၉ရက်)အထိ ပြန်ဖော်နိုင်ခြင်းမရှိသေးဘဲ ဘေးပတ်ဝန်းကျင်တွင် အပုတ်နံ့များထွက်​နေသည်။

စစ်ကိုင်းငလျင်​ကြောင့် ​နေပြည်​တော်ဝန်ထမ်းအိမ်ရာများ၏အပျက်အစီးများနှင့် ရှာ​ဖွေ​ကယ်ဆယ်​ရေးလုပ်​နေသူများ။ ဓါတ်ပုံ-CJ

ဧပြီ-၉၊၂၀၂၅။ဧရာ/People’s Spring

နေပြည်တော် မီးရထားဌာန နှင့် မွေးမြူရေးဌာန ဝန်ထမ်းအိမ်ယာများပြိုကျမှုတွင် သေဆုံးသူရုပ်အလောင်းများကို ယနေ့ (ဧပြီလ ၉ရက်)အထိ ပြန်ဖော်နိုင်ခြင်းမရှိသေးဘဲ ဘေးပတ်ဝန်း ကျင်တွင် အပုပ်နံ့များထွက်​နေသည်။

“တော်တော်ကို ပုပ်စော်နံနေတာပါဗျ။ မခံမရပ်နိုင်အောင်ပဲ။ဘာမှကယ်ဆယ်ရေးလာမလုပ်တော့ အသေများတယ်ဗျ”ဟုနေပြည်တော်မြန်မာ့မီးရထားအိမ်ရာအနီး နေသူတစ်ဦးကပြောသည်။

အဆိုပါအိမ်ရာသည် ဇမ္ဗူသီရိမြို့နယ်၌ ရှိပြီး မတ်လ ၂၈ရက်က လှုပ်သော စစ်ကိုင်းငလျင်ကြီးကြောင့် ၄ ထပ်တိုက် အမှုထမ်းအိမ်ရာ ၂၅ လုံး၊ အရာထမ်းအိမ်ရာ ၁၇ လုံးမြေကျွံပြိုကျပျက်စီးခဲ့သည်ဟု ဝန်ထမ်းတစ်ဦးကပြောသည်။ စစ်ကောင်စီက အရေးပေါ်ကယ်ဆယ်ရေးမလုပ်ခဲ့သောကြောင့် ပိတ်မိသူများပါသေဆုံးသူများပြားခဲ့ပြီး ယခုအခါ အပုပ်နံ့များထွက်နေပြီဟုပြောသည်။

Public Service Announcement

Public Service Announcement

“ကျမတို့ကနေပြည်တော်ဘူတာကြီးကယ်ဆယ်ရေးစခန်းမှာလာနေရတယ်။အဆောင်ကိုပြန်ကြည့်တာ ပြိုခဲ့တဲ့နေ့ကအတိုင်းပဲ။သေတာတွေ များတယ်။ ကျမအဆောင်ရှေ့မှာတင်သေတာ ၅ယောက်မကဘူး” ဟု မီးရထားဝန်ထမ်းတဦးက‌ပြောသည်။

မီးရထားဌာနအပြင် မွေးမြူရေးဌာနဝန်ထမ်းအိမ်ယာဘက်တွင်လည်း အပုပ်နံ့များထွက်နေပြီး အိမ်ယာဝင်း ရှေ့လမ်းပေါ်မှ ကားဖြတ်မောင်းရန်ပင် အဆင်မပြေကြောင်း နေပြည်တော်မှ စားသောက်ဆိုင်လုပ်ငန်းရှင်တစ်ဦးကပြောသည်။

အဆိုပါ ဝန်ထမ်းအိမ်ယာနှစ်ခုမှဝန်ထမ်း ၃,၀၀၀ဦးထက်မနည်းကို နေပြည်တော်ဘူတာကြီးနှင့် ကုန်းလမ်းပို့ဆောင်ရေးဝန်ကြီးဌာန ဝင်းထဲတွင် ယာယီနေရာချထားပေးသည်။ စစ်ကိုင်းငလျင်ကြောင့် နေပြည်တော်တွင် ထိခိုက်ပျက်စီးမှုမှုအလွန်များပြားခဲ့သည်။ သေဆုံးမှုနှင့် ထိခိုက်ပျက်စီးမှုစာရင်းများကို စစ်ကောင်စီက အရှိအတိုင်းချမပြဘဲ သတင်းမထွက်ရေးထိန်းချုပ်ထားသည်ဟုဝန်ထမ်းတစ်ဦးကပြောသည်။

ထို့အပြင်ဝန်ထမ်းများသည်ယာယီနေရာများ၌ရုံးလုပ်ငန်းဆက်လက်လုပ်နေသူများရှိသလို နေရပ်သို့ပြန်သွားသူများလည်းရှိနေသည်။နေရပ်ပြန်သွားသူများဧပြီလ၂၀ရက်အရောက်ပြန်လာကြရန် စစ်ကောင်စီက ဖိအားပေးနေသည်။

“နေစရာမရှိဘဲဘယ်မှာနေရမလဲ။ ကယ်ဆယ်ရေးလုပ်မပေးခဲ့ဘဲ သေဆုံးသွားသူတွေအတွက်လည်း ဘာတာဝန်မှမယူတဲ့ အစိုးရကို ဘယ်လိုယုံကြည်ရမလဲ။အလုပ်ပြုတ်ချင်ပြုတ်ပစေ။ ပြန်မသွားချင်တော့ဘူး”ဟု ပဲခူးတိုင်းမှ ဌာနဆိုင်ရာဝန်ထမ်းတစ်ဦးကပြောသည်။

လက်ရှိတွင် အပုပ်နံ့ထွက်နေသောနေပြည်တော် မီးရထားဌာနနှင့် မွေးမြူရေးဌာန ဝန်ထမ်းအိမ်ယာအနီးမှ ဒေသခံများသည် ကူးစက်​ရောဂါများကူးစက်လာမည်ကိုစိုးရိမ်နေကြသည်။ အဆောက်အအုံအောက်တွင် ပိမိနေသော အလောင်းများအား မရှင်းလင်းပါက ကူးစက်ရောဂါများဖြစ်ပွားနိုင်ကြောင်း ကျန်းမာရေးဆိုင်ရာကျွမ်းကျင်သူများကသတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ-၉၊၂၀၂၅။ရှိန်း/People’s Spring မန္တလေးမြို့၊ပုသိမ်ကြီးမြို့နယ်အတွင်းက ကျေးရွာ‌​တွေမှာ စစ်ဘေးရှောင်လာ နေကြတဲ့ပြည်သူတွေဟာ ငလျင်ဒဏ် ကြောင့် နေအိမ်တွေ ပျက်စီးခဲ့ပြီး အကူအညီတွေလိုအပ် နေတယ်လို့ ဒေသခံ တွေက​ပြောပါတယ်။ ပုသိမ်ကြီးမြို့နယ်၊တဲကုန်း၊မဲကင်းကုန်း နဲ့ ကုန်းတန်းကျေးရွာတွေမှာ စစ်ကိုင်းငလျင်​ကြောင့် အနည်းဆုံး စုစုပေါင်းလူဦး ရေ ၅၀ ကျော် သေဆုံးခဲ့ပါတယ်။...

သတင်း

မန္တလေးမြို့၊ အမရပူရမြို့နယ်မှာ ငလျင်ရှောင်ကလေးငယ်တစ်ဦး ပိုးထိခဲ့လို့ ဆေးကုသမှုခံယူနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

K-pop အေဂျင်စီ JYP Entertainment ဟာ ငလျင်ဘေးသင့် မြန်မာကလေးငယ်များကို ကူညီဖို့ ကိုရီးယားဝမ် သန်း ၃၀၀(အမေရိကန်ဒေါ်လာ ၂၀၂,၀၀၀) လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

သတင်း

ဖျက်အားပြင်းငလျင်ဒဏ်သင့် မြန်မာနိုင်ငံမှာ နိုင်ငံတကာ အရေးပေါ်ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေဟာ ပြိုကျပျက်စီးသွားတဲ့အဆောက်အဦးတွေထဲက လူပေါင်း ၆၅၃ ဦးကို ရှာဖွေကယ်ဆယ်နိုင်ခဲ့တယ်လို့ အာဏာသိမ်း စစ်ကောင်စီဒုခေါင်းဆောင်က ပြောပါတယ်။