close
Connect with us

Hi, what are you looking for?

သတင်း

ကနီကို စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မြချမ်းသာရွာနှင့် ငါးဖျက်ကျေးရွာကို စစ်ကောင်စီတပ်က ယနေ့ ညနေ ၅နာရီခန့်၌ စက်တပ်လေထီးဖြင့် ဗုံးကြဲတိုက်ခိုက်သွားသည်။

စစ်ကောင်စီတပ်က မုံရွာမြို့နယ်အတွင်း စက်တပ်လေထီးဖြင့် မတ်လဆန်းက တိုက်ခိုက်နေစဥ်။ ဓာတ်ပုံ - အညာပစ်တိုင်းထောင်လေးများ

ဧပြီ ၉၊ ၂၀၂၅။ ခွာညို/People’s Spring

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မြချမ်းသာရွာနှင့် ငါးဖျက်ကျေးရွာကို စစ်ကောင်စီတပ်က ယနေ့ ညနေ ၅နာရီခန့်၌ စက်တပ်လေထီးဖြင့် ဗုံးကြဲတိုက်ခိုက်သွားသည်။

အရပ်သားများရှိနေသော ကျေးရွာကို စစ်ကောင်စီက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကနီမြို့ခံများကပြောပြီး ထိခိုက်မှုအခြေအနေကို လတ်တလောမသိရှိရသေးပေ။

စစ်ကောင်စီသည် ၎င်းတို့ယာယီအပစ်ရပ်ကြောင်းကြေညာခဲ့သည့် ဧပြီ ၂ရက်ကလည်း ကနီမြို့နယ် မုဌောရွာကို စက်တပ်လေထီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ကနီမြို့နယ်နှင့်နယ်ချင်းဆက်စပ်နေသော ဘုတလင်မြို့နယ်ကို ဧပြီ ၆ ရက် ညနေတွင် လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ အရပ်သားတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့သည်။

စစ်ကောင်စီက ငလျင်ဘေးကယ်ဆယ်ရေးအတွက်ဆိုကာ ဧပြီ ၂ရက်မှ ၂၂ရက်အထိ တစ်ဖက်သတ်အပစ်ရပ်ကြောင်း ကြေညာထားသော်လည်း တိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ နန်းခမ်းကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ရာ ကလေးငယ်များ အပါအဝင် ၃၀ကျော် သေဆုံးကြောင်း အဆိုပါမြို့ခံတစ်ဦးက ပြောသည်။

သတင်း

မကွေးတိုင်းရှိ စလင်း၊ပွင့်ဖြူနှင့် စေတုတ္တရာမြို့နယ်တို့ကို စစ်ကောင်စီတပ်က လေကြောင်း၊ဒရုန်းနှင့်လက်နက်ကြီး စစ်ဆင်ရေးများပြုလုပ်မည်ဟု စစ်ကောင်စီက ဝါဒဖြန့်ချန်နယ်ကတဆင့် ခြိမ်းခြောက်နေသည်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်‌‌၊ ချောင်းဦးမြို့နယ်ထဲက သုံးပန်လှကျေးရွာကို စစ်ကောင်စီတပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲခဲ့တာမို့ မိသားစုဝင်သုံးဦး သေဆုံးခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ် ဖာပွန်ခရိုင်ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၂ဦး သေဆုံး ပြီး ကလေးငယ် တစ်ဦး အပါအဝင် ၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုက ယနေ့(ဧပြီ ၇ရက်) သတင်းထုတ်ပြန်သည်။