ကချင်ပြည်နယ်ရှိ ပညာရပ်စုံတက္ကသိုလ်(KSCU)၏ တတိယအကြိမ် ဘွဲနှင်းသဘင်အခမ်း အနားကို ယနေ့ ဖေဖော်ဝါရီ ၂၂ရက်တွင် ကချင်လွတ်လပ်ရေးအဖွဲ့(KIO)ဌာနချုပ် လိုင်ဇာမြို့၌ ကျင်းပခဲ့ကြောင်း KIO/KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။
အခမ်းအနား သတင်းမှတ်တမ်းဓာတ်ပုံများအရ ဘွဲနှင်းသဘင်အခမ်းအနားသို့ KIO၏ အုပ် ချုပ်ရေးအဖွဲ့ ကချင်လွတ်လပ်ရေးကောင်စီ(KIC) ဒုဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီးဂွန်မော်တက်ရောက်ခဲ့သည်ကို တွေ့ရသည်။
ယခုနှစ် ဘွဲနှင်းသဘင်အခမ်းအနားသို့ ကျောင်းဆင်း ကျောင်းသား၊ကျောင်းသူ ၂၀၅ ဦးကို ဘွဲလက်မှတ်များပေးအပ်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement
KSCUကို ၂၀၂၂ မှ စတင်၍ KIO/KIA ထိန်းချုပ်နယ်မြေ၌ စတင်ဖွင့်လှစ်ခဲ့ပြီး ယနေ့အထိကျောင်းသား ကျောင်းသူ ၄၁၉ဦး ဘွဲ့ရရှိခဲ့ကြောင်း KIA သတင်းပြန်ကြားရေးက ဖော်ပြသည်။
အဆိုပါ ပညာရပ်စုံတက္ကသိုလ်ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် KIOတို့ ပူးပေါင်းတည်ထောင်ထားခြင်းဖြစ်ပြီး ကချင်ပြည်နယ်နှင့် ထိစပ်နေသည့် ဒေသရှိ အဆင့်မြင့်ပညာ ရှာဖွေလိုကြသည့် ကျောင်းသား၊ ကျောင်းသူများအတွက် ရည်ရွယ်ဖွင့်လှစ်ထားခြင်းဖြစ်သည်။ ကချင်ပြည်နယ်အတွင်းရှိ CDM တက္ကသိုလ် ဆရာ၊ ဆရာမများ ပူးပေါင်းပြီး ယင်းတက္ကသိုလ်ကို တည်ထောင်ထားခြင်းဖြစ်သည်။
KSCUသည် စစ်တပ်အာဏာသိမ်းပြီးနောက် တော်လှန်ရေးအင်အားစုဘက်က မြေပြင်၌ ပထမဆုံး တည်ထောင်ဖွင့်လှစ်သင်ကြားနေသည့် တက္ကသိုလ်လည်းဖြစ်သည်။
