close
Connect with us

Hi, what are you looking for?

သတင်း

အမရပူရမှာ ငလျင်ရှောင်ကလေးတစ်ဦး ပိုးထိ

မန္တလေးမြို့၊ အမရပူရမြို့နယ်မှာ ငလျင်ရှောင်ကလေးငယ်တစ်ဦး ပိုးထိခဲ့လို့ ဆေးကုသမှုခံယူနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပိုးထိကလေးငယ်အား ဆေးရုံပို့ဆောင်စဥ်။ ဓာတ်ပုံ-သီရ်ိဆင်ကာ

ဧပြီ၉၊၂၀၂၅။Scorpio/People’s Spring

မန္တလေးမြို့၊ အမရပူရမြို့နယ်မှာ ငလျင်ရှောင်ကလေးငယ်တစ်ဦး ပိုးထိခဲ့လို့ ဆေးကုသမှုခံယူနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့က ဧပြီ(၈)ရက် ညပိုင်းက အမရပူရမြို့၊ ဆင်ကာရပ်ကွက်၊ အောင်ချမ်းသာဘုရားဝင်းအတွင်းမှာ လာရောက်ငလျင်ဘေးရှောင်နေတဲ့ ပြည်သူတွေထဲက အသက်(၉)နှစ်အရွယ် ကလေးငယ်တစ်ဦး ပိုးထိခဲ့လို့ အမရပူရဆေးရုံကို ပို့ဆောင်လိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“လယ်ကွင်းပြင် တဲတန်းမှာ အိပ်နေတုန်း ပိုးထိတာ။ မစိုးရိမ်ရတော့ဘူး”လို့ ကူညီခဲ့သူတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

နောက်ဆက်တွဲငလျင်ငယ်တွေ လှုပ်ခတ်နေဆဲဖြစ်တာကြောင့် နှစ်ပတ်နီးပါးကြာတဲ့အထိ အမရပူရက ပြည်သူတွေဟာ ယာယီတဲတွေမှာ နေထိုင်နေရတာကြောင့် မြွေပါးကင်းပါး သတိထားနေရတယ်လို့ ဒေသခံတွေက ရှင်းပြပါတယ်။

လက်ရှိ အမရပူရမြို့မှာ မိုးလာမယ့်အရိပ်အယောင်တွေရှိနေပြီး ယာယီတဲတန်းများထိုးကာ ပြင်ဆင်နေကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ-၉၊၂၀၂၅။ရှိန်း/People’s Spring မန္တလေးမြို့၊ပုသိမ်ကြီးမြို့နယ်အတွင်းက ကျေးရွာ‌​တွေမှာ စစ်ဘေးရှောင်လာ နေကြတဲ့ပြည်သူတွေဟာ ငလျင်ဒဏ် ကြောင့် နေအိမ်တွေ ပျက်စီးခဲ့ပြီး အကူအညီတွေလိုအပ် နေတယ်လို့ ဒေသခံ တွေက​ပြောပါတယ်။ ပုသိမ်ကြီးမြို့နယ်၊တဲကုန်း၊မဲကင်းကုန်း နဲ့ ကုန်းတန်းကျေးရွာတွေမှာ စစ်ကိုင်းငလျင်​ကြောင့် အနည်းဆုံး စုစုပေါင်းလူဦး ရေ ၅၀ ကျော် သေဆုံးခဲ့ပါတယ်။...

သတင်း

နေပြည်တော် မီးရထားဌာန နှင့် မွေးမြူရေးဌာန ဝန်ထမ်းအိမ်ယာများပြိုကျမှုတွင် သေဆုံးသူရုပ်အလောင်းများကို ယနေ့ (ဧပြီလ ၉ရက်)အထိ ပြန်ဖော်နိုင်ခြင်းမရှိသေးဘဲ ဘေးပတ်ဝန်းကျင်တွင် အပုတ်နံ့များထွက်​နေသည်။

သတင်း

K-pop အေဂျင်စီ JYP Entertainment ဟာ ငလျင်ဘေးသင့် မြန်မာကလေးငယ်များကို ကူညီဖို့ ကိုရီးယားဝမ် သန်း ၃၀၀(အမေရိကန်ဒေါ်လာ ၂၀၂,၀၀၀) လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

သတင်း

ဖျက်အားပြင်းငလျင်ဒဏ်သင့် မြန်မာနိုင်ငံမှာ နိုင်ငံတကာ အရေးပေါ်ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေဟာ ပြိုကျပျက်စီးသွားတဲ့အဆောက်အဦးတွေထဲက လူပေါင်း ၆၅၃ ဦးကို ရှာဖွေကယ်ဆယ်နိုင်ခဲ့တယ်လို့ အာဏာသိမ်း စစ်ကောင်စီဒုခေါင်းဆောင်က ပြောပါတယ်။