close
Connect with us

Hi, what are you looking for?

သတင်း

ထိုင်းနယ်စပ်ရှိ တပ်စခန်းများဆုတ်ခွာပေးခြင်းမရှိဟု ဝတပ် ပြော

ဖယ်ရှားခိုင်းသည့် ကိစ္စသည် UWSAနှင့် မပြီးဘဲ နိုင်ငံအချင်းချင်း ဆွေးနွေးရမည့် ကိစ္စ ဖြစ်ကြောင်း ဦးညီရန်းက ယခင်ပြောကြားထားသည်။

(ထိုင်းစစ်တပ်မှဆုတ်ခွာခိုင်း​​သော ဝစခန်းတပ်စွဲရာ​နေရာများ)
(ထိုင်းစစ်တပ်မှဆုတ်ခွာခိုင်း​​သော ဝစခန်းတပ်စွဲရာ​နေရာများ)

ဟန်နွေ/People’s Spring

ထိုင်း-မြန်မာနယ်စပ်ရှိ ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA) တပ်စွဲထားသည့် တပ်စခန်းများကို ဆုတ်ခွာပေးခြင်းမရှိကြောင်း UWSA လားရှိုးဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းက ပြောကြားသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ ၀တပ်ဖွဲ့၏ တပ်စခန်း ၉ခုကို ဒီဇင်ဘာအတွင်း နောက်ဆုံးထား ဖယ်ရှားပေးရန် ထိုင်းဘက်က တောင်းဆိုမှုရှိထားသည့် အခြေအနေတွင် UWSAက တပ်စခန်းများ ဆုတ်ခွာပေးရန် သဘောတူညီခဲ့ကြောင်း သတင်းဖော်ပြမှုများ ရှိနေမှုအပေါ် ဦးညီရန်းက ယခုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။

(ထိုင်းစစ်တပ်မှဆုတ်ခွာခိုင်း​​သော ဝစခန်းတပ်စွဲရာ​နေရာများ)
(ထိုင်းစစ်တပ်မှဆုတ်ခွာခိုင်း​​သော ဝစခန်းတပ်စွဲရာ​နေရာများ)

ထိုင်းသတင်းဌာနအချို့၏ ဖော်ပြချက်အပေါ် မြန်မာသတင်းဌာနအချို့က ယမန်နေ့တွင် ရေးသားဖော်ပြမှု ရှိခဲ့ရာ UWSA က တပ်စခန်းများ ဆုတ်ခွာပေးရန် သဘောတူခဲ့ပြီး ဆုတ်ခွာရန် အချိန် ၃လမှ ၄လအထိ ပေးရန် တောင်းဆိုထားသည်ဟု ဆိုသည်။ ယင်းနှင့်ပတ်သက်ပြီး ထိုင်းနှင့် တွေ့ဆုံခဲ့ခြင်းမရှိကြောင်း ဦးညီရန်းက ပြောသည်။

Public Service Announcement

Public Service Announcement

“တွေ့ဆုံမှု(ထိုင်းနှင့် UWSA တွေ့ဆုံမှု)မျိုး မရှိကြသလို ဆုတ်ခွာပေးမယ်ဆိုတာတွေလည်း မရှိပါ” ဟု ဦးညီရန်းက နယ်စပ်ရှိ တပ်စခန်းများ အရေးနှင့်ပတ်သက်ပြီး People’s Spring ၏ မေးမြန်းချက်အပေါ် ဒီဇင်ဘာ ၁၅ရက်တွင် ဖြေကြားထားသည်။

ထိုင်းဘက်က ဖယ်ရှားခိုင်းသည် တပ်စခန်းများသည် ၀တောင်ပိုင်း ၁၇၁ စစ်ဒေသ ဧရိယာ၌ တည်ရှိသည်။

ထိုသို့ ဖယ်ရှားခိုင်းသည့် ကိစ္စသည် UWSAနှင့် မပြီးဘဲ နိုင်ငံအချင်းချင်း ဆွေးနွေးရမည့် ကိစ္စ ဖြစ်ကြောင်း ဦးညီရန်းက ယခင်ပြောကြားထားသည်။

UWSA ၁၇၁ စစ်ဒေသသည် ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်ခရိုင်အတွင်း တည်ရှိသည်။ နယ်စပ်ရှိ တပ်စခန်းများ ဖယ်ရှားခိုင်းသည့် ကိစ္စနှင့်ပတ်သက်၍ စစ်ရေးတင်းမာမှု၊ စစ်ရေး ပြင်ဆင်မှုများရှိကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း UWSAနှင့် ထိုင်း အစိုးရ နှစ်ဖက်လုံးက စစ်ရေးတင်းမာခြင်းမရှိ စစ်ရေး ပြင်ဆင်ခြင်းမရှိဟု ဖြေရှင်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပြဿနာရဲ့ အဓိက အကျဆုံး အကြောင်းတရားကတော့ အဲဒီဒေသမှာ နယ်ခြားသတ်မှတ်ချက်က တိတိကျကျ ရေးဆွဲထားခြင်းမရှိတာလို့လည်း ဒုတိယ ဝန်ကြီးချုပ်က ဆိုပါတယ်။

သတင်း

ပြဿနာရဲ့ အဓိက အကျဆုံး အကြောင်းတရားကတော့ အဲဒီဒေသမှာ နယ်ခြားသတ်မှတ်ချက်က တိတိကျကျ ရေးဆွဲထားခြင်း မရှိတာလို့လည်း သူက ဆိုတယ်။

သတင်း

အဆိုပါ ၁၇၁ စစ်ဒေသနယ်မြေ နယ်စပ်ဒေသ၌ နယ်မြေအငြင်းပွားမှုနှင့်ပတ်သက်ပြီး ၀တပ်ဖွဲ့ UWSAနှင့် ထိုင်းအကြား ယခင်ကတည်းက ပြဿနာအချို့ရှိခဲ့သည်။

သတင်း

အမေရိကန် ရွေးကောက်ပွဲမှာ တကျော့ပြန် အနိုင်ရခဲ့သူ သမ္မတဟောင်း ဒေါ်နယ်လ်ထရမ့်ဟာ ပြည်ပကနေ ရွှေ့ပြောင်း အခြေချလာသူတွေအပေါ် ခါးသီးတဲ့ အမြင်မျိုး ရှိသူ ဖြစ်ပါတယ်။