close
Connect with us

Hi, what are you looking for?

သတင်း

တနင်္သာရီမြို့နယ် ညောင်ပင်ကုန်းရွာတပ်စွဲထားသည့်စစ်တပ်ကို ပကဖ ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်

စစ်ကောင်စီတပ်သည် ဒဏ်ရာရသူနှစ်ဦးကို ခမရ(၅၅၆)တပ်အတွင်း ကားဖြင့်သယ်ဆောင်သွားပြီး ကျန်စစ်ကောင်စီတပ်သားများမှာ ညောင်ပင်ကုန်းကျေးရွာ၌ ဆက်လက်တပ်စွဲထားကြောင်း စုံစမ်းသိရသည်။

(တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ − PDOTD)
(တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ − PDOTD)

ကျော်ဇော/People’s Spring

တနင်္သာရီမြို့နယ်၊ ညောင်ပင်ကုန်းကျေးရွာဝင်ရောက်တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ဇုန်-၅ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဒီဇင်ဘာ ၁၅ ရက် မွန်းလွဲ ၂ နာရီခန့်က ဇဝဲကျေးရွာအခြေစိုက် ခမရ(၅၅၆)တပ်ရင်းမှလာသော အင်အား ၆၀ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းသည် ညောင်ပင်ကုန်းရွာရှိ နေအိမ်တစ်အိမ်၌ ဝင်ရောက်တပ်စွဲစဥ် ဒရုန်းဖြင့်ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းဟု ၎င်းက ပြောသည်။

“ပိုင်ရှင်တွေမရှိတဲ့ အိမ်လွတ်တစ်လုံးမှာ စကစ တွေတပ်စွဲနေတယ်ဆိုတာ သတင်းရလို့ ဒရုန်းနဲ့ သွားရောက်တိုက်ခိုက်ခဲ့တာဗျ”ဟု တနင်္သာရီမြို့နယ်(ပကဖ)ဇုန်-၅ မှ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

ထိုသို့ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်စဥ် စစ်ကောင်စီတပ်သား(၁၀)ဦးခန့် စုဝေးနေချိန်ကြဲချခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားနှစ်ဦးအပြင်းအထန် ဒဏ်ရာရရှိကာ ထိခိုက်သေဆုံးမှုရှိ၊မရှိ မသိရသေးကြောင်း ၎င်းက ဆက်ပြောသည်။

စစ်ကောင်စီတပ်သည် ဒဏ်ရာရသူနှစ်ဦးကို ခမရ(၅၅၆)တပ်အတွင်း ကားဖြင့်သယ်ဆောင်သွားပြီး ကျန်စစ်ကောင်စီတပ်သားများမှာ ညောင်ပင်ကုန်းကျေးရွာ၌ ဆက်လက်တပ်စွဲထားကြောင်း စုံစမ်းသိရသည်။

ခမရ(၅၅၆) တပ်ရင်းမှ စစ်ကောင်စီတပ်သားများသည် ထန်းပင်းကုန်း၊ ညောင်ပင်ကုန်းနှင့်ဘန်းလမွတ်၊ ရမ်းဖိုစသည့် ကျေးရွာများအနီး တပ်ဖျောက်၍ ကင်းပုန်းများဝပ်နေသည်မှာ တစ်ပတ်ခန့်ရှိပြီဖြစ်​သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးတိုက်ခိုက်မှုများကို ထား၀ယ်ခရိုင် PDF တပ်ရင်း အမှတ်(၁)၊အမှတ် (၂)၊ အရိပ်မဲ့အထူးပြောက်ကျားတပ်ဖွဲ့နှင့်လောင်းလုံး(ပကဖ) ဇုန်-၃ ရဲဘော်များက ပူး‌ပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးပူးပေါင်းအဖွဲ့မှ အင်အား ၇၀ ခန့်သည်ဒီဇင်ဘာလ ၁၃ ရက်နေ့ကတည်းက စလင်းမြို့နယ်၊ စည်ဆွဲကျေးရွာအုပ်စုရှိ ကျေးရွာများသို့ တစ်ရွာဝင်တစ်ရွာက်ထွက် စစ်ကြောင်းထိုးဝင်ရောက်နေခြင်းဟု ဒေသခံများက ပြောသည်။

သတင်း

စစ်ရေး အခြေအနေ တင်းမာဆဲဖြစ်၍ ပြည်သူများ အနေဖြင့် စစ်ကောင်စီ တပ်သားများနှင့် နီးစပ်ရာ နေရာများ၌ မနေထိုင်ကြရန်၊ အသွားအလာ မလုပ်ရန် တော်ဝင်လျှပ်စီးစစ်ကြောင်းက သတိပေး ပန်ကြားထားသည်။

သတင်း

ရန်ကုန်မြို့၌ စစ်မှုထမ်းဆင့်ခေါ်ရာတွင် လူအစားထိုးအသုံးပြုရန်အတွက် စစ်အုပ်စုက လူငယ်များဖမ်းဆီးရောင်းချသည့်စျေးကွက် အကြီးအကျယ် ဖြစ်ပေါ်နေသည်။