close
Connect with us

Hi, what are you looking for?

သတင်း

လောင်းလုံးမြို့နယ်တွင် စစ်ကောင်စီတပ် နှစ်ရက်ဆက်တိုက်ခိုက်ခံရ

စစ်ရေးတိုက်ခိုက်မှုများကို ထား၀ယ်ခရိုင် PDF တပ်ရင်း အမှတ်(၁)၊အမှတ် (၂)၊ အရိပ်မဲ့အထူးပြောက်ကျားတပ်ဖွဲ့နှင့်လောင်းလုံး(ပကဖ) ဇုန်-၃ ရဲဘော်များက ပူး‌ပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(လောင်းလုံးမြို့နယ်(ပကဖ)ရဲဘော်များအပါအဝင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များကို ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်။ ဓာတ်ပုံ − ပေးပို့)
(လောင်းလုံးမြို့နယ်(ပကဖ)ရဲဘော်များအပါအဝင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များကို ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်။ ဓာတ်ပုံ − ပေးပို့)

ကျော်ဇော/People’s Spring

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်ကို နှစ်ရက်ဆက် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထားဝယ်မြို့နယ်ဘက်မှ လောင်းလုံးမြို့ဘက်သို့ အင်အား ၁၀၀ကျော်ဖြင့် ခြေကျင်စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ဒီဇင်ဘာ ၁၂ ရက် နံနက် ၁၀နာရီခန့်က မင်းရပ်ကျေးရွာအနီး အနောက်ဘက်တောင်ကြော၌ တော်လှန်ရေးပူးပေါင်းတိုက်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မိုင်းခွဲတိုက်ခိုက်မှု​အတွင်း စစ်ကောင်စီတပ်ဘက်မှ နှစ်ဦးထိခိုက်ဒဏ်ရာရရှိကာ တစ်ဦးသေဆုံးခဲ့ကြောင်း လောင်းလုံးမြို့နယ် (ပကဖ)တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့နောက် ဒီဇင်ဘာ ၁၃ရက် နံနက်၂ နာရီခွဲခန့်တွင် မင်းရွာအနောက်ဘက်တောင်ကြောအတိုင်း ဆက်ထွက်ခွာလာသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို လမ်းမှစောင့်ကြို၍ ဒုတိယအကြိမ်မြောက် ထပ်မံမိုင်းဆွဲခဲ့ရာ စစ်ကောင်စီတပ်သားသုံးဦး ထိခိုက်ဒဏ်ရာရသွားပြီး သေဆုံးခြင်းရှိ၊မရှိ မသိရသေးပေ။

“(မိုင်းဆွဲတိုက်ခိုက်မှု)၂ ကြိမ်စလုံး မင်းရပ်ရွာအနောက်ဘက် တောင်ကြောမှာပါ။ ​အင်အား ၁၂၀ ၀န်းကျင်လောက် ပါတယ်။ စစ်ကြောင်း သုံးကြောင်းခွဲပြီးလာချိန် မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ”ဟု လောင်းလုံးမြို့နယ်(ပကဖ)တာဝန် ရှိသူက လူထုနွေဦးသို့ ပြောသည်။

နှစ်ရက်ဆက် မိုင်းဆွဲတိုက်ခိုက်ခံရ၍ ထိခိုက်သေဆုံးသွားသော စစ်ကောင်စီတပ်သားများကို ထားဝယ်မြို့ဘက်သို့ ကားဖြင့် ပြန်လည်သယ်ဆောင်သွားပြီး အခြားစစ်ကောင်စီတပ် သားများမှာလည်း လောင်းလုံးမြို့ဘက်ဆက်မတက်တော့ဘဲ ထားဝယ်ဘက်သို့ တပ်ပြန်ဆုတ်သွားကြောင်း စုံစမ်းသိရသည်။

သို့သော် စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုကို လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။

ထို့အပြင် စစ်ကောင်စီတပ်များ စတင်စစ်ကြောင်းထိုးဝင်ရောက်ချိန် ဖြတ်သန်းဝင်ရောက်ခဲ့သော ကျေးရွာများမှ ဒေသခံပြည်သူ ၁၀ဦးခန့်အား ဓားစာခံအဖြစ်ဖမ်းဆီးခဲ့ရာ တပ်ဆုတ်ချိန် ပြန်လွှတ်ပေးခဲ့သည်ဟု ပြောဆိုမှုများရှိသော်လည်း ဓားစာခံများပြန်လွတ်၊မလွတ်ကိုမူ လူဦးနွေဦးက သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

အထက်ပါ စစ်ရေးတိုက်ခိုက်မှုများကို ထား၀ယ်ခရိုင် PDF တပ်ရင်း အမှတ်(၁)၊အမှတ် (၂)၊ အရိပ်မဲ့အထူးပြောက်ကျားတပ်ဖွဲ့နှင့်လောင်းလုံး(ပကဖ) ဇုန်-၃ ရဲဘော်များက ပူး‌ပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်သည် ဒဏ်ရာရသူနှစ်ဦးကို ခမရ(၅၅၆)တပ်အတွင်း ကားဖြင့်သယ်ဆောင်သွားပြီး ကျန်စစ်ကောင်စီတပ်သားများမှာ ညောင်ပင်ကုန်းကျေးရွာ၌ ဆက်လက်တပ်စွဲထားကြောင်း စုံစမ်းသိရသည်။

သတင်း

စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးပူးပေါင်းအဖွဲ့မှ အင်အား ၇၀ ခန့်သည်ဒီဇင်ဘာလ ၁၃ ရက်နေ့ကတည်းက စလင်းမြို့နယ်၊ စည်ဆွဲကျေးရွာအုပ်စုရှိ ကျေးရွာများသို့ တစ်ရွာဝင်တစ်ရွာက်ထွက် စစ်ကြောင်းထိုးဝင်ရောက်နေခြင်းဟု ဒေသခံများက ပြောသည်။

သတင်း

စစ်ရေး အခြေအနေ တင်းမာဆဲဖြစ်၍ ပြည်သူများ အနေဖြင့် စစ်ကောင်စီ တပ်သားများနှင့် နီးစပ်ရာ နေရာများ၌ မနေထိုင်ကြရန်၊ အသွားအလာ မလုပ်ရန် တော်ဝင်လျှပ်စီးစစ်ကြောင်းက သတိပေး ပန်ကြားထားသည်။

သတင်း

ရန်ကုန်မြို့၌ စစ်မှုထမ်းဆင့်ခေါ်ရာတွင် လူအစားထိုးအသုံးပြုရန်အတွက် စစ်အုပ်စုက လူငယ်များဖမ်းဆီးရောင်းချသည့်စျေးကွက် အကြီးအကျယ် ဖြစ်ပေါ်နေသည်။